HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မိုးတွင်းကာလတွင် ရခိုင်စစ်ရှောင်များကို ယာယီစခန်း တည်ဆောက်ပြီး ထောက်ပံ့ပေးမည်

မိုးတွင်းကာလတွင် ရခိုင်စစ်ရှောင်များကို ယာယီစခန်း တည်ဆောက်ပြီး ထောက်ပံ့ပေးမည်

ရန်ကုန်၊ မေ ၁၃

မိုးကာလတွင် ရခိုင်ပြည်နယ်ရှိ စစ်ရှောင်ပြည်သူ များအတွက် ယာယ်ီစခန်းများ တည် ဆောက်ကာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လူကယ်ပြန် ပြည်ထောင်စုဝန်ကြီးကပြောသည်။ မေ ၁၃ ရက် နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် နိုင်ငံတော်အစိုးရ တတိယတစ်နှစ်တာကာလအတွင်း ဝန်ကြီးဌာနသုံးခုတို့၏ သတင်းစာ ရှင်းလင်းပွဲ၌ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''သူတို့ကို ယာယီစခန်းများ တည်ဆောက်ပြီး မိုးအမီဆောင် ရွက်ပေးဖို့ စီမံနေပါပြီ။ မဖြစ်မနေ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ရေရှည်အတွက်တော့ မဟုတ်ဘူး။ မိုးကာလလေးလကျော်လွန်သွား မယ်။ သူတို့က အိမ်တွေရှိပြီးသား၊ ဘာမှဖြစ်တာမဟုတ်ဘူး။ နေလို့ ခက်ခဲနေသေးတာ၊ မလုံခြုံသေးတာ၊ အဲဒီအတွက် သူ့နေရာသူ ပြန်သွား နိုင်ဖို့ဦးတည်ပြီး သူ့နေရာသူပြန်သွားဖို့ အစီအစဉ်ပါဆွဲတယ်။ ဆွဲပြီး တော့မှ ယာယီအဆောက်အအုံ တည်ဆောက်ပြီးတော့မှ ပေးနေ မယ်။ အဲဒီအစီအမံဆွဲနေတယ်။ ဒါရခိုင်ရဲ့ ကစိအေန ပေါ့''ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။


လက်ရှိအချိန်တွင် ရခိုင်ပြည် နယ်၌ စစ်ဘေးရှောင် မိသားစု (၇ဝဝဝ) ကျော်ရှိနေပြီး စားဝတ်နေ ရေးထောက်ပံ့ရန်၊ ကျောင်းနေရွယ် ကလေးများစာသင်နိုင်ရန်နှင့်ကျန်းမာရေးထောက်ပံ့နိုင်ရန် ဆောင် ရွက်နေကြောင်း စာသင်ကျောင်း နှင့် လက်လှမ်းမမီပါက ယာယီ စာသင်ဆောင်များ ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း ¤င်းက ဒီမိုကရေစီတူဒေးသို့ပြောသည်။ ယင်းအပြင် စစ်ဘေးရှောင် ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အရေးများရရှိရေးနှင့်သွား လာရေးတို့အတွက် ပြည်နယ် အစိုးရနှင့် ဆွေးနွေးထားကြောင်း၊ အသေးစိတ်ကို ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

MP

#democracytoday

Rate this item
(0 votes)
back to top