HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် လှိုင်သာယာမြို့နယ်တွင် ပြည်သူ ၁ဝဝ ခန့် ဆန္ဒထုတ်ဖော်

လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် လှိုင်သာယာမြို့နယ်တွင် ပြည်သူ ၁ဝဝ ခန့် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မေ ၁၄

လျှပ်စစ်မီးပုံမှန် ရရှိရေးအတွက် လှိုင်သာယာမြို့နယ် နေ ပြည်သူ ၁ဝဝခန့်က ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။ မေ ၁၄ ရက် နံနက် ၇ နာရီ ခွဲမှစတင်ကာ မြို့နယ်နေ ပြည်သူ ၁ဝဝခန့်က လှိုင်သာယာမြို့နယ် ရန်ကုန်-ညောင်တုန်း ကားလမ်း စနေမမှတ်တိုင်မှ ယင်းလမ်းတစ် လျှောက်၊ ထို့နောက် ယင်းမြို့နယ်ရှိ အောင်မြေသာယာ ဘောလုံးကွင်း အထိ လမ်းလျှောက်ချီတက်ကာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ရာတွင် 'လျှပ်စစ်မီးပုံမှန်ရရှိရေး'ကို အဓိကထားပြီး ယင်းစာတန်းပါဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒ ထုတ်ဖော်၍ ဘောလုံးကွင်းအတွင်း လျှပ်စစ်မီးပုံမှန်ရရှိရေးနှင့်ပတ်သက် ပြီးဟောပြောခဲ့ကြောင်းသိရသည်။ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးဝင်းမောင်က ''လူဦးရေက ၁ဝဝ ဝန်းကျင်လောက်ရှိတယ်။ ညောင်တုန်းလမ်းတစ်လျှောက်ကနေ အောင် မြေသာယာဘောလုံးကွင်းအထိ လမ်းလျှောက်ပြီးတော့ ချီတက်ဆန္ဒ ထုတ်ဖော်တာ။ အဓိကတောင်းဆို တာက လျှပ်စစ်မီးပုံမှန်ရရှိရေးကို အဓိကဦးတည်တာပေါ့။ မီးမှန်မှန် ရရှိရေးကိုပေါ့''ဟု ဒီမိုကရေစီတူ ဒေး၏မေးမြန်းမှုကို မေ ၁၄ ရက် တွင် ပြန်လည်ဖြေကြားသည်။


လှိုင်သာယာမြို့နယ်တွင် တစ်နှစ်လျှင် လူနေအဆောင် ၂ဝဝ ဝန်းကျင် တိုးတက်လာမှုများရှိနေ ကြောင်း၊ တိုးတက်လာသည့်လူဦး ရေအရလျှပ်စစ်ဓာတ်အားသုံးစွဲနိုင်သည့် ပမာဏကိုမလိုက်နိုင် ကြောင်း၎င်းကပြောသည်။ ''လျှပ်စစ်မီးပုံမှန်မရရင်တော့ အခက်အခဲတွေ့တာက အဓိကတော့ လျှပ်စစ်နဲ့ ဆက်နွှယ်တဲ့ကဏ္ဍတွေ မှာအခက်အခဲကြုံတာပေါ့။ ထမင်း ဟင်းချက်တာကစ။ ဟင်းချက်တာ တို့ကအစပေါ့''ဟု ၎င်းက ဆက် လက်ပြောသည်။


ဆန္ဒထုတ်ဖော်ရာတွင် တောင်း ဆိုသည့် လျှပ်စစ်မီးပုံမှန်ရရှိရေးအ တွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်အပါ အဝင် လွှတ်တော်ကိုယ်စားလှယ် များနှင့် လျှပ်စစ်ဌာနတာဝန်ရှိသူများ နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်က ပြော သည်။ ''ဒါကိုလည်း အမြန်ဆုံးအ ကောင်အထည်ဖော်မှာပါ''ဟု ပြော သည်။ ဆန္ဒထုတ်ဖော်မှုသည် မြို့ နယ်ရဲတပ်ဖွဲ့သို့ ငြိမ်းစုစီဥပဒေ ပုဒ်မ ၄ နှင့်အညီ တရားဝင်အသိ ပေးအကြောင်းကြားခဲ့ကြောင်း သိ ရသည်။ 

WYHW

#democracytoday

Rate this item
(0 votes)
back to top