HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို မေ ၁၅ ရက်မှ စတင်ကာ ပညာပေးမှုနှင့်အတူ အရေးယူတော့မည်

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို  မေ ၁၅ ရက်မှ စတင်ကာ ပညာပေးမှုနှင့်အတူ အရေးယူတော့မည်

ရန်ကုန်၊ မေ ၁၄

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် စည်း ကမ်းမဲ့လမ်းဖြတ်ကူးသူများကို တိုးမြှင့် အရေးယူနေပြီဖြစ် ကြောင်းသိရသည်။ ''လူဖြတ်သန်းသွားလာမှု အများဆုံးဖြစ်တဲ့ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ကို ဦးစား ပေးလုပ်ဆောင်သွားမယ်''ဟု အမှတ်(၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ မှရဲမှူး မျိုးအောင်မြင့်ကပြော သည်။ စည်းကမ်းမဲ့လမ်းကူးသူများ ကို အရေးယူမှုထက် ပညာပေးမှု ကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့ သော်လည်း စည်းကမ်းချိုးဖောက် မှု ပိုများလာခြင်းကြောင့် မေ ၁၅ ရက်မှစတင်ကာ ပညာပေးမှုနှင့် အတူ အရေးယူမှုပါပူးတွဲတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

''မေ ၁၅ ရက်ကစပြီး လူ ကူးမျဉ်းကျားနဲ့ ခုံးကျော်တံတားက မကူးဘဲ စည်းကမ်းမဲ့လမ်းဖြတ်ကူး တဲ့သူတွေကို အသိပညာပေးမှုနဲ့ အတူ အရေးယူမှုကိုလည်း တိုး မြှင့်လုပ်ဆောင်သွားမယ်။ အရေး ယူခံရရင် သက်ဆိုင်ရာမော်တော် ယာဉ်တရားရုံးက တရားသူကြီး ရဲ့ဆင်ခြင်တုံတရားနဲ့ ဒဏ်ငွေကို ကျပ်သုံးသောင်း သို့မဟုတ် ကျပ် သုံးသောင်းအောက်နဲ့ အရေးယူခံ ရမှာဖြစ်ပါတယ်''ဟု ၎င်းက ဒီမို ကရေစီတူဒေးသို့ မေ ၁၄ ရက် တွင်ပြောသည်။ စည်းကမ်းမဲ့လမ်းကူးသူများ ကို ၂ဝ၁၅ မော်တော်ယာဉ်ဥပ ဒေအရ ဒဏ်ငွေ ကျပ် သုံးသောင်း တပ်ရိုက်အရေးယူနိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း ယာဉ် ကြောပိတ်ဆို့မှုနှင့် ယာဉ်မတော် တဆမှုကျဆင်းရေးတို့ကို ဦးစား ပေးဆောင်ရွက်နေရသည့်အတွက် စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများ အား အရေးယူမှုအားနည်းနေခြင်း ဖြစ်ကြောင်း သိရသည်။


ယခုအခါ စည်းကမ်းမဲ့လမ်း ကူးသူများကြောင့် ယာဉ်မတော် တဆမှု မြင့်တက်လာနေကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး တောင် ဥက္ကလာပမြို့နယ်မှ ဒေါ်လွင်လွင် က ''တကယ်တော့ စည်းကမ်း လေးနဲ့ဖြတ်ကူးကြရင် အန္တရာယ် ကင်းပါတယ်။ ခုံးကျော်တံတားတွေ မှာလည်း စက်လှေကားတွေတပ် ပေးထားရင် ပိုအဆင်ပြေတာပေါ့''ဟု အကြံပြုပြောကြားသည်။ စည်းကမ်းမဲ့ လမ်းဖြတ်ကူး သူများကို မြို့နယ်အလိုက်ဖွဲ့စည်း ထားသည့် ယာဉ်စည်းကမ်းထိန်း သိမ်းရေးအဖွဲ့များနှင့် သက်ဆိုင် ရာမီးပွိုင့်များတွင် တာဝန်ချထား သော ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူး ပေါင်းအရေးယူမည်ဖြစ်ကြောင်း သိရသည်။ 

TTMT

#democracytoday

Rate this item
(0 votes)
back to top