HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တာချီလိတ်တွင် တရားမဝင်နေထိုင် လောင်းကစား လုပ်ကိုင်သည်ဟုဆိုကာ ဖမ်းဆီးထားသူများအနက် တရုတ် လေးဦးနှင့် မြန်မာသုံးဦးကို အမှုသုံးမှုဖွင့်ထား

တာချီလိတ်တွင် တရားမဝင်နေထိုင် လောင်းကစား လုပ်ကိုင်သည်ဟုဆိုကာ ဖမ်းဆီးထားသူများအနက် တရုတ် လေးဦးနှင့် မြန်မာသုံးဦးကို အမှုသုံးမှုဖွင့်ထား

ရန်ကုန်၊ မေ ၁၄

တာချီလိတ်တွင် တရားမဝင်နေထိုင်ပြီး လောင်းကစားလုပ်ကိုင်သည်ဟု ဆိုကာ ဖမ်းဆီးထားသူများအနက် တရုတ်နိုင်ငံသားလေးဦးနှင့် မြန် မာသုံးဦးကို မူးယစ်မှု၊ လက်နက်မှုနှင့် တရားမဝင်လောင်းကစားမှု တို့ဖြင့်အမှုဖွင့်အရေးယူလိုက်သည်။ ကျန်ရှိ တရုတ်နိုင်ငံသားများ နှင့် မြန်မာနိုင်ငံသားများကို လဝက မှ စစ်ဆေးပြီးဖြစ်ကာ မည်သို့အရေး ယူရန် အထက်သို့တင်ပြထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ဒီမိုကရေစီ တူဒေးသို့ မေ ၁၄ တွင် ပြောသည်။ '' မူးယစ်မှုနဲ့က တစ်ဦးပါ။ တရုတ်နိုင်ငံသားပဲ။ လက်နက်မှုနဲ့ က မြန်မာတိုင်းရင်းသားသုံးဦး။ လောင်းကစားမှုနဲ့ ပတ်သက်တာက တရုတ်နိုင်ငံသားသုံးဦး။ သက်ဆိုင်ရာ သက်ဆိုင်ရာပေါ့။ မသက် ဆိုင်တဲ့သူတွေကို ဒီတိုင်းပဲထား တယ်။ လဝကကစစ်ဆေးလို့ ပြီး သွားပြီ။ နိုင်ငံခြားသားဆိုတော့ ဘယ်လိုဆောင်ရွက်မလဲဆိုတာ သူတို့က အထက်ကိုတင်ထား တယ်''ဟု ၎င်းကပြောသည်။

တရုတ်နိုင်ငံသား ရန်ဟိဟွာ ပါသုံးဦးကို တာချီလိတ်မြို့မရဲစ ခန်းတွင် (ပ)၂၆၂/၂ဝ၁၉၊၂ဝ၁၉ ခုနှစ် လောင်းကစားဥပဒေပုဒ်မ ၁၅ (က)/၁၆(က)တို့ဖြင့်လည်း ကောင်း၊ တရုတ်နိုင်ငံသား Mr. Wang Dawei ကို မယ(ပ)၆၅/ ၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံသား ဘီယာမင်ပါ သုံးဦးအား (ပ)၁၆၁/ ၂ဝ၁၉၊ ရှမ်းပြည်နယ်လက်နက် အမိန့်အပိုဒ် ၁၂(က)/၁၂(ဂ)ဖြင့် အမှုဖွင့်အရေးယူထားသည်။


လက်ရှိတွင် ဖမ်းမိသူများကို ရဲစခန်းအသီးသီးတွင် ဖြန့်ခွဲကာ ထိန်းသိမ်းထားကြောင်း ၎င်းကပြောသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ် ကွက်နှင့် ဝိန်းကျောက်ရပ်ကွက်ရှိ နေရာသုံးခုသို့ တရုတ်နိုင်ငံသားများ တရားမဝင်နေထိုင်ပြီး လောင်း ကစားလုပ်ကိုင်လျက်ရှိသည့် သ တင်းအရ သက်ဆိုင်ရာပူးပေါင်း အဖွဲ့ သုံးဖွဲ့မှဝင်ရောက် ရှာဖွေစစ် ဆေးရာ တရုတ်နိုင်ငံသား ၁၈၈ ဦး၊ မြန်မာနိုင်ငံသား ဆယ်ဦးတို့ ကို လက်နက်များ၊ မူးယစ်ဆေးဝါး များနှင့် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရာတွင် လက်ကိုင်ဖုန်းများ၊ စကားပြောစက်များ၊ ကွန်ပျူ တာများ၊ မော်တော်ယာဉ်များ၊ ဆိုင်ကယ်နှင့်ပြောက်ကျားအင်္ကျီ၊ ဘောင်းဘီများကို ရှာဖွေသိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။

WYHW/TT

#democracytoday

Rate this item
(0 votes)
back to top