HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ပုသိမ်ကြီးမြို့နယ်တွင် ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန် ပိတ်ဆို့ဆန္ဒပြနေသည့် ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပွား

ပုသိမ်ကြီးမြို့နယ်တွင် ဘိလပ်မြေစက်ရုံစီမံကိန်း  ဖျက်သိမ်းပေးရန် ပိတ်ဆို့ဆန္ဒပြနေသည့် ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပွား

ရန်ကုန်၊ မေ ၁၅

ပုသိမ်ကြီးမြို့နယ်တွင် ဘိလပ်မြေစက်ရုံစီမံကိန်းဖျက်သိမ်းပေးရန် ပိတ် ဆို့ဆန္ဒပြနေသည့် ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့ အကြား ပဋိပက္ခဖြစ်ပွားရာ စီမံကိန်းဝင်းအ တွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သော ဒေသခံ နှစ်ဦးနှင့် Live လွှင့်ကာ သတင်းတင်ဆက် နေသည့် သတင်းထောက်တစ်ဦးတို့ကို ဖမ်းဆီး ကာ ပုဒ်မသုံးခုဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။ အဆိုပါအခင်းဖြစ်စဉ်တွင် ဒေသခံ ၁၇ ဦးဒဏ်ရာရရှိပြီး ရဲ တပ်ဖွဲ့ဝင်ရှစ်ဦးလည်း ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေ သကြီး ပုသိမ်ကြီးမြို့နယ် အောင် သပြေ ကျေးရွာအနီးတည်ဆောက်ထားသော ကျောက်မီးသွေးစွမ်း အင်သုံးအယ်လ်ဖာဘိလပ်မြေစက် ရုံ ဘိလပ်မြေစီမံကိန်းကိုဖျက်သိမ်း ပေးရန်နှင့်ဖမ်းဆီးထားသည့် တောင် သူများကို အမြန်ဆုံးလွှတ်ပေးရန် အောင်သပြေ ကျေးရွာသူရွာသား များက ကျေးရွာအဝင်လမ်းကို ပိတ်ဆို့ကာ မေ ၁၄ ရက် နံနက် ပိုင်းမှစတင်ကာ ယာယီတဲများ ထိုး၍ ဆန္ဒပြရာမှ ရွာသူရွာသားများ နှင့် ရဲတပ်ဖွဲ့ဝင်များအကြား တင်း မာမှုဖြစ်ခဲ့ပြီး ယင်းနေ့ညနေပိုင်း တွင် ရဲတပ်ဖွဲ့ဝင်များပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။ မေ ၁၅ ရက် နံနက် ၅ နာရီ ခန့်က ပိတ်ဆို့ဆန္ဒပြနေကြသည့် ဒေသခံများကို ရဲတပ်ဖွဲ့မှ ရော်ဘာ ကျည်များဖြင့် ပစ်ခတ်ကာ ဖြိုခွင်း ခဲ့သည်။


ယင်းနောက် နံနက် ၈နာရီ ကျော်တွင် ဒေသခံဆန္ဒပြသူအချို့ က စက်ရုံစီမံကိန်းထဲသို့ ဝင်ရောက် ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ သဖြင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ က ရော်ဘာကျည်များဖြင့် ပစ်ခတ် တားဆီးပြီး ဒေသခံနှစ်ဦးကို ဖမ်း ဆီးခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ပြီး ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကို Live လွှင့်ကာ သတင်းတင်နေသည့် Channel Mandalay TV မှ သတင်းထောက်နန္ဒ (တစ်ကိုယ် တော်)ကို ဖမ်းဆီးခဲ့ကြောင်း Channel Mandalay TV မှ သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။  ရိုက်ကူးတင်ဆက်နေခြင်း နှင့်ပတ်သက်ပြီး သတင်းထောက် ကသတင်းထောက်ကတ်ကိုထုတ် ပြခဲ့သော်လည်း ဖမ်းဆီးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။


ဖမ်းဆီးထားသည့် ဒေသခံ နှစ်ဦးနှင့်သတင်းထောက်နန္ဒတို့ သုံးဦးကို ပုသိမ်ကြီးမြို့မ ရဲစခန်းတွင် (ပ) ၂၄၉/၂ဝ၁၉၊ ပြည်သူ့ ဝန်ထမ်းအား တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် အပြင်းအထန်နာကျင်စေမှုပုဒ်မ ၃၃၃၊ မီးရှို့အကျိုးဖျက်ဆီးမှုပုဒ်မ ၄၃၅၊ ပါဝင်ကူညီအားပေးမှုပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူ ထားပြီး မြို့နယ်တရားရုံးတွင် ချုပ် ရမန်ယူကာ ရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားကြောင်း ပုသိမ်ကြီး မြို့မရဲစခန်းမှ ရဲအုပ်ဇော်မင်းဦးက အတည်ပြုပြောသည်။


''အောင်သပြေကျေးရွာအ ဝင်လမ်းပေါ်မှာ ကျေးရွာသူကျေး ရွာသားတွေက ပိတ်ဆို့ပြီးတော့ မှ တပ်ဖွဲ့ဝင်တွေကို တားဆီးပိတ်ဆို့ တယ်ပေါ့။ တာဝန်ဝတ္တရားဆောင် ရွက်လို့မရအောင် နှောင့်ယှက် တယ်ပေါ့။ တပ်ဖွဲ့ဝင်တွေမှာလည်း ဒဏ်ရာအနာတရရတယ်။ ဒေသ ခံသုံးဦးကို အမှုဖွင့်ထားတယ်။အဲ့ ဒီသုံးဦးထဲမှာ သတင်းထောက် တစ် ဦးလည်းပါတယ်။ အားလုံး အမျိုး သားတွေပဲ။ ပုဒ်မကတော့ ၃၃၃၊ ၄၃၅ နဲ့ ၁၁၄ ပုဒ်မသုံးခုနဲ့ အမှု ဖွင့်ထားတယ်။ အခင်းဖြစ်နေရာ မှာတွေ့ရှိတဲ့အတိုင်း ဖမ်းဆီးပြီး တော့ အမှုဖွင့်တာ။ လက်ရှိမှာ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ ရမန်လည်းယူလိုက်ပြီ'' ဟု ၎င်းက ဒီမိုကရေစီတူဒေး၏ မေးမြန်းမှုကို မေ ၁၅ ရက်တွင် ဖြေကြားသည်။


အခင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ ဝင်ရှစ်ဦးမှာ လက်၊ တံတောင်များ တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာဒဏ်ရာရခဲ့ပြီး ပုသိမ်ကြီးဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့ရ ကြောင်း ¤င်းကပြောသည်။ ''လေးခွတွေ၊ ကုန်းသီးတွေ နဲ့ပစ်တာ။ ခဲတွေနဲ့ပစ်ပေါက်တယ်။ ကျောက်ခဲတွေ။ တုတ်တွေ။ လမ်း ဘေးသစ်ပင်တွေ ခုတ်လှဲပြီး မီးတွေ ရှို့တယ်။ ရုန်းရင်းဆန်ခတ်တွေဖြစ် တယ်။ အင်အားသုံးပြီး ဖြိုခွင်းရ တယ်ဆိုတာကလည်း ဒီလိုမလုပ် ရင်မရတော့လို့။ လက်နက်တွေဘာ တွေပါလာတော့ သက်ဆိုင်ရာအ ထက်အဆင့်ဆင့်ခွင့်ပြုချက်၊ ညွှန် ကြားချက်တွေနဲ့ တပ်ဖွဲ့ဝင်တွေက ဆောင်ရွက်ရတာပါ။ ရဲစခန်းတစ် ခုအင်အားနဲ့မရဘူး။ ခရိုင်တွင်း မှာ တပ်ဖွဲ့ဝင်အင်အားတွေက လာရောက်ထိန်းသိမ်းပေးရတာ ပေါ့''ဟု ပုသိမ်ကြီးမြို့မရဲစခန်းမှ ရဲအုပ်ဇော်မင်းဦးက ဒီမိုကရေစီတူ ဒေးသို့ ဆက်လက်ပြောသည်။


ဆန္ဒပြသူအချို့က စီမံကိန်း ဝင်းအတွင်း မီးရှို့ပြီးနောက် မီး သတ်ရန်လာရောက်သည့် မီးသတ် ကားများကိုလည်း တားဆီးခဲ့သေး ကြောင်း၊ မီးလောင်မှုတွင်မော်တော် ယာဉ်နှစ်စီး၊ ဆိုင်ကယ်နှစ်စီးနှင့် တိုက်ခန်း လေးခန်း မီးလောင်ခဲ့ရာ ကျပ်သိန်း ၆ဝဝ ခန့် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူတစ်ဦးဖြစ်သူ ဒေ သခံ ဒေါ်ခင်နွဲ့ကြည်က ''ရဲတပ် ဖွဲ့က နံနက် ၄ နာရီလောက်မှာရဲ အင်အား အလုံးအရင်းနဲ့ ဖြိုခွင်းခဲ့ တာ။ ကျွန်မတို့က အင်အား ၂ဝ လောက်ပဲရှိတာ။ ရော်ဘာကျည် တွေနဲ့လည်းပစ်တယ်။ မျက်ရည်ယို ဗုံးတွေ ၊ မီးသတ်ပိုက်တွေနဲ့လည်း ဖြိုခွင်းတယ်။ ဒေသခံတွေကိုလည်း ဖမ်းသွားတယ်။ သတင်းထောက် ကိုနန္ဒကိုလည်း ဖမ်းသွားတယ်။ အခုဒေသခံ ၁၇ ယောက်လောက် ရော်ဘာကျည်ကြောင့် ဒဏ်ရာရ ခဲ့ကြတယ်။ ဒါကြောင့် ရွာဘက်ကို ထွက်ပြေးခဲ့ရတယ်''ဟု ဒီမိုကရေ စီတူဒေးသို့ ပြောသည်။ ဒေသခံများနှင့် ပဋိပက္ခဖြစ် ပြီးနောက် မေ ၁၅ ရက် နေ့လယ် ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူ၊ ဆန္ဒပြသူနှစ်ဦးနှင့် အ မှတ်(၃)လုံခြုံရေးနှင့် ရဲကွပ်ကဲမှု အဖွဲ့ ကွပ်ကဲရေးမှူးရဲမှူးချုပ်ဝင်း ဗိုလ်အဖွဲ့တို့ညှိနှိုင်းခဲ့ရာ ပြေလည် မှုရရှိခဲ့ကြောင်း သိရသည်။


အမှတ်(၃) လုံခြုံရေးနှင့် ရဲကွပ်ကဲမှုအဖွဲ့ကွပ်ကဲရေးမှူး ရဲ မှူးချုပ်ဝင်းဗိုလ်က ''ရွာသားတွေ အနေနဲ့လမ်းပိတ်ပြီး ဖြေရှင်းရ မယ့်ခေတ်မဟုတ်တော့ဘူး။ ကျွန် တော်တို့ပြောပြနေတဲ့ ဒီမိုကရေ စီစနစ်ဆိုတာညှိနှိုင်းရမယ်။ မ ပြေမလည်ချင်းညှိနှိုင်းရမယ်။ ပြေ ပြေလည်လည်ဖြစ်သွားရင် အေး အေးချမ်းချမ်းဖြစ်သွားစေချင် တယ်။ အဓိကတော့ အရင်လို နည်းနည်းဖြစ်လာရင် ရိုက်မယ်၊ နှက်မယ်၊ ဖမ်းဆီးမယ်ဆိုတဲ့ အဲ့ဒီ ခေတ်မဟုတ်တော့ဘူး။ ငြိမ်းချမ်း စွာနဲ့အဖြေမှန်ရအောင် ဖြေရှင်းရ မယ့်အချိန်ဖြစ်ပါတယ်။ နိုင်ငံတော် အတွက် စီမံကိန်းလာလုပ်တဲ့ ဘယ် သူပဲဖြစ်ဖြစ် ရာဇဝတ်မှုကျူးလွန် ရင်တော့ လက်မခံဘူး။ စီမံကိန်း အတွက်ဆိုရင်တော့ ကာကွယ်ရ မယ်။ အခုဖြစ်စဉ်ကလည်း ရာဇ ဝတ်မှုကျူးလွန်တဲ့သူကို အရေးယူ မှာက ရဲတပ်ဖွဲ့ရဲ့တာဝန်ပါ'' ဟု ပြောသည်။


ဖမ်းဆီးထိန်းသိမ်းထားသည့် သတင်းထောက်ကိုနန္ဒအား အ မြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာ သတင်းသမားများကာကွယ်ရေး ကော်မတီ(PCMJ) မှ သက်ဆိုင် ရာ အာဏာပိုင်များထံ တောင်းဆိုထားသည်။ Channel Mandalay TV ၊ အယ်ဒီတာချုပ်ကိုမင်းဒင်က '' ကျွန် တော်တို့ Channel ရဲ့သတင်း ထောက်တစ်ဦး မနေ့ကတည်းက အောင်သပြေကျေးရွာ အဖြစ်အ ပျက်တွေကို တောက်လျှောက် ပြည် သူ့လူထုထံ သတင်းတွေကို တင် ဆက်ပေးခဲ့တယ်။ မနက်ပိုင်းမှာ ရဲတပ်ဖွဲ့နဲ့ဒေသခံတွေ ပဋိပက္ခဖြစ် နိုင်တယ်ဆိုပြီး ညအိပ်ပြီး မနက် အစောကတည်းကသတင်းတွေ တင်ဆက်ခဲ့တယ်။ သတင်းမီဒီယာ ဥပဒေကိုလိုက်နာပြီးတော့ ဆောင် ရွက်ခဲ့တယ်။အခုသတင်းထောက် သည် ရွာသားတွေနဲ့ရောပြီး ဖမ်း ခံရတယ်။ သူသည်သတင်းထောက် ဖြစ်ကြောင်းသတင်းတိုက်ကထုတ် ပေးထားတဲ့ကတ်ပြသော်လည်း မရဘူး။ ဖမ်းရမယ်ဆိုပြီး ခေါ်သွား တယ်''ဟု ပြောသည်။ ပုဒ်မသုံးခုဖြင့် အမှုဖွင့်အရေး ယူထားသည့်သတင်းထောက်ကို နန္ဒ(တစ်ကိုယ်တော်)ကို အမှုရုပ် သိမ်းပေးပြီး ပြန်လွှတ်ပေးရန် မန္တ လေးအခြေစိုက်သတင်းသမား များက တောင်းဆိုလိုက်သည်။

WYHW, MTK

#democracytoday

Rate this item
(0 votes)
back to top