HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အစိုးရ လူမှုဖူလုံရေး အာမခံထားသူ လုပ်သား ၁ ဒသမ ၃ သန်းကျော်အထိ တိုးလာသော်လည်း အကျိုးခံစားခွင့်စနစ် နှစ်မျိုးသာ အာမခံပေးနိုင်သေး

အစိုးရ လူမှုဖူလုံရေး အာမခံထားသူ လုပ်သား ၁ ဒသမ ၃ သန်းကျော်အထိ တိုးလာသော်လည်း  အကျိုးခံစားခွင့်စနစ် နှစ်မျိုးသာ အာမခံပေးနိုင်သေး

ရန်ကုန်၊မေ ၁၅

အစိုးရလူမှုဖူ လုံရေးအာမခံတွင် လုပ်သား ၁ ဒသမ ၃ သန်းကျော်အထိ အာမခံ ထားရှိသူတိုးလာသော်လည်း အ ကျိုးခံစားခွင့်စနစ်နှစ်မျိုးသာ အာ မခံပေးနိုင်သေးကြောင်း သိရသည်။  ၂ဝ၁၂ ခုနှစ်လူမှုဖူလုံရေး ဥပဒေအရ အာမခံထားရှိသည့် လုပ်သားများအတွက် အကျိုးခံ စားခွင့်အာမခံစနစ်ခြောက်မျိုးပါရှိပြီး ယင်း ခြောက်မျိုးအနက် ဥပ ဒေအရ သုံးမျိုးကိုအကောင်အ ထည်ဖော်ဆောင်ရွက်ရမည်ဖြစ် သော်လည်း ကျန်းမာရေးနှင့် လူမှု ရေးစောင့်ရှောက်မှုအာမခံစနစ် (မကျန်းမာမှု၊ မီးဖွားမှု၊ မီးဖွားစ ရိတ်၊ သေဆုံးမှု၊ ဆေးကုသမှု ဆက် လက်ခံယူခွင့်)၊ အလုပ်တွင် ထိခိုက် မှုအကျိုးခံစားခွင့်အာမခံစနစ် နှစ် မျိုးသာအကောင်အထည်ဖော် ဆောင်ရွက်နိုင်သေးကြောင်း လူမှု ဖူလုံရေးအဖွဲ့မှ မေ ၁၅ ရက်က သိရသည်။

''ဖူလုံရေးနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနက အကောင်အထည် ဖော်နေတဲ့ စနစ်သုံးမျိုးထဲကမှ နှစ်မျိုးကိုတော့ အကောင်အထည် ဖော်ပြီး အကျိုးခံစားခွင့်တွေထုတ် ပေးနေတယ်။ အဲ့ဒီမှာကျန်တစ်မျိုး ဖြစ်တဲ့ မိသားစုထောက်ပံ့မှုအာမ ခံစနစ်ကတော့ အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကြံဥာဏ် ပေးချက်၊ အခြားသောနိုင်ငံတွေ မှာကျင့်သုံးနေတဲ့လူမှုဖူလုံရေး စည်းမျဉ်းစည်းကမ်း ဥပဒေများ အရ အဲ့ဒီလိုပေးမယ်ဆိုရင် နောက် ဆက်တွဲဆိုးကျိုးတွေဖြစ် ပေါ်လာ နိုင်တာပေါ့။ အဲ့ဒါကြောင့်မို့ ထည့် ဝင်ထားတဲ့ လူမှုဖူလုံရေးရန်ပုံငွေ တွေကို အလေအလွင့်မရှိအောင်နဲ့ အားလုံးမျှမျှတတဖြစ်ပေါ်ဖို့ ခဏရပ်ဆိုင်းထားတယ်။ပညာရှင် တွေနဲ့တိုင်ပင်ပြီးတော့ ပိုမိုကောင်း မွန်တဲ့အကျိုးခံစားခွင့်တွေ ပေး သွားဖို့စီစဉ်နေပါတယ်''ဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှု ဖူလုံရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။


လုပ်သားများအတွက် အာမ ခံပေးရန် ဆိုင်းငံ့ထားသည့် မိသားစု ထောက်ပံ့မှုအာမခံစနစ်တွင် လူမှု ဖူလုံရေးအာမခံထားသည့် လုပ် သားများ၏ ကလေးငယ်များအ တွက် ပညာသင်ထောက်ပံ့ကြေး ပေးသည့် အစီအစဉ်များ၊ အာမခံ လုပ်သားမိသားစုများ သဘာဝ ဘေးအန္တရာယ်တွေ့ကြုံခံစားရပါ က ငွေကြေးအထောက်အပံ့ပေး မည့်အစီအစဉ်များပါဝင်သော်လည်း ယင်းအထောက်အပံ့သည် ဖူလုံ ရေး ငွေကြေးများအလေအလွင့် ဖြစ်နိုင်သဖြင့် ရပ်ဆိုင်းထားရခြင်း ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့က ဆိုထားသည်။  လူမှုဖူလုံရေးအာမခံသည် လုပ်သားလုပ်ခလစာအပေါ် အ လုပ်သမားမှ နှစ်ရာခိုင်နှုန်း၊ အ လုပ်ရှင်မှ သုံးရာခိုင်နှုန်း စုစုပေါင်း ငါးရာခိုင်နှုန်းဖြင့် လစဉ်ထည့်ဝင် ငွေ ပေးသွင်းနေကြရခြင်းဖြစ်သည်။ 

ZC

#democracytoday

 

Rate this item
(0 votes)
back to top