HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

လူတန်းစား အလွှာစုံ၏ အခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီခေါင်းဆောင် သူရဦးရွှေမန်းပြောကြား

လူတန်းစား အလွှာစုံ၏ အခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးမည်ဟု  ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီခေါင်းဆောင် သူရဦးရွှေမန်းပြောကြား

ရန်ကုန်၊ မေ ၁၅

လူတန်းစား အလွှာစုံ၏ အခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးမည်ဟု သူရဦးရွှေ မန်းကပြောကြား လိုက်သည်။ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ၏ ပါတီဝင်အဆိုပြု လွှာပေးအပ်ပွဲကို မေ ၁၅ရက် နံနက် ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ မြို့တွင်ကျင်းပခဲ့ပြီး ယင်းအခမ်းအ နားတွင် ပါတီခေါင်းဆောင် သူရဦး ရွှေမန်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းပါတီ က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရှင်သန်ခိုင်မာရေး၊ ဖက်ဒရယ်ဒီ မိုကရေစီနိုင်ငံ တည်ဆောက်ရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေး များရရှိအောင် ဆောင်ရွက်ပေးနိုင် ရေး၊ နိုင်ငံသားဆိုရာတွင် တောင်သူ လယ်သမား၊ အလုပ်သမား၊ နိုင်ငံဝန် ထမ်း၊ တတ်သိပညာရှင် စသည်ဖြင့် လူတန်းစား အလွှာစုံအကျုံးဝင် သူအားလုံး၏ အခွင့်အရေးရရှိရေး၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ပိုမိုတိုးတက်ကောင်းမွန်လာရေး၊ နိုင်ငံနှင့် ပြည်သူများ၏ ဂုဏ်သိက္ခာ မြင့်မားပြီး ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေးတို့ကို အလေး ထားအကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်ကြောင်း ပါတီ၏သ တင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။


အဆိုပါအခမ်းအနားတွင် တ ရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ဒေသတိုးတက်ရေး၊ တောင်သူလယ် သမားများ၏ အကျိုးစီးပွားမြှင့် တင်ရေးနှင့် အခွင့်အရေးကာကွယ် ရေး၊ လူမှုစီးပွားအခြေအနေများ၊ ပါတီစည်းရုံးရေးဆိုင်ရာ ကိစ္စရပ် များကို တက်ရောက်လာသူပြည် သူများနှင့် အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်းလည်း ထုတ်ပြန်ချက် အရသိရသည်။


အခမ်းအနားတွင် ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ်၊ ကျိုက်လတ် မြို့နယ်၊ ဘိုကလေးမြို့နယ်၊ မော်လ မြိုင်ကျွန်းမြို့နယ်၊ ဒေးဒရဲမြို့နယ်တို့မှ ဒေသခံများကို ပါတီဝင်အဆိုပြုလွှာ များပေးအပ်ခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီသို့ ဝင်ရောက်သူလူဦး ရေမှာ ထောင်သောင်းချီနေပြီဖြစ် ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားထားသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top