HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ဆရာ ဆရာမများ၏ စာမေးပွဲခန်းကြီးကြပ်ခများကို ရက်အလိုက် သတ်မှတ်ချီးမြှင့်မည်  

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ဆရာ ဆရာမများ၏  စာမေးပွဲခန်းကြီးကြပ်ခများကို ရက်အလိုက် သတ်မှတ်ချီးမြှင့်မည်   

ရန်ကုန်၊ မေ ၁၉

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ၏ စာမေးပွဲခန်းကြီး ကြပ်ခချီးမြှင့်ငွေနှုန်းထားများကို ရက်အလိုက် သတ်မှတ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန၏ စီမံ ခန့်ခွဲရေးကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ဒီ ဂရီကောလိပ်၊ကောလိပ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ဆရာမများ၏စာမေးပွဲခန်း ကြီးကြပ်ခချီးမြှင့်ငွေများကို စာမေး ပွဲအချိန်နှင့်ချီးမြှင့်ခြင်းအစား တစ် ရက်တာဝန်ထမ်းဆောင်မှုဖြင့် ချီး မြှင့်ပေးသွားရမည်ဖြစ်ကြောင်း၊ စာ မေးပွဲကြီးကြပ်ခများအဖြစ် တစ်ရက် လျှင်ကျပ်(၃ဝဝဝ၊၁၅ဝဝ၊ ၁ဝဝဝ)နှုန်းဖြင့် ခံစားခွင့်ပြုရမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရ သည်။

''ချီးမြှင့်တဲ့ငွေကတော့ အ ရင်ကတည်းက ဒီနှုန်းထားအတိုင်း ပဲချီးမြှင့်ပေးထားတာ။ ဒါပေမဲ့ တချို့ကျောင်းတွေက စာမေးပွဲ တစ်ချိန်စောင့်ရရင် ကျပ်သုံး ထောင်၊ နှစ်ချိန်ဆိုရင် ကျပ်သုံး ထောင်နှုန်းနဲ့တွက်ပြီး ပေးကြတယ်။ တချို့ကျောင်းတွေကကျတော့ တစ်ရက်တာဝန်ထမ်းဆောင်တဲ့ အခြေအနေနဲ့တွက်ပြီးပေးတယ်။တစ်ရက်တည်းမှာ ဘယ်ချိန်စောင့်ရ စောင့်ရ ကျပ်သုံးထောင်၊ ကျပ် ထောင့်ငါးရာ၊ ကျပ်တစ်ထောင် ပေါ့။ အရင်ကထွက်ထားတဲ့စာ ကသိပ်မရှင်းလင်းတော့ အဲ့ဒီလို တွေဖြစ်ကုန်တာ။ အဲ့ဒါကြောင့် စာမေးပွဲကြီးကြပ်တဲ့နှုန်းထားတွေ ကိုတစ်ရက်တာဝန်ထမ်းဆောင် တဲ့နှုန်းနဲ့ပေးရမယ်လို့ စာထပ် ထွက်ပေးလိုက်တာ''ဟုအဆင့် မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ်ဒေါက်တာအောင် အောင်မင်းက ဒီမိုကရေစီတူဒေး သို့မေ ၁၉ ရက်ကပြောသည်။


တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့်ကောလိပ်များရှိ ဆရာ၊ဆရာမ များအနေဖြင့် နေ့သင်တန်းစာမေး ပွဲများကျင်းပပြုလုပ်ပြီးပါက အ ဝေးသင်သင်တန်းများ၏စာမေး ပွဲများကိုဆက်လက်တာဝန်ယူကြီး ကြပ်ရကြောင်း၊ အဝေးသင်စာမေး ပွဲများမှာ နံနက်ပိုင်းတစ်ချိန်နှင့်နေ့ လယ်ပိုင်းတစ်ချိန်တစ်ရက်လျှင် နှစ်ချိန်ခန့်စောင့်ကြပ်ရလေ့ရှိ ကြောင်း၊ စာမေးပွဲခန်းကိုတာဝန် ယူရသောကြီးကြပ်ရေးမှူးများ သည် ကျပ် ၃ဝဝဝ ရရှိပြီး လက် ထောက်ကြီးကြပ်ရေးမှူးများသည် ကျပ် ၁၅ဝဝ ရရှိကြောင်း သိရသည်။  စာမေးပွဲခန်းကို နံနက်ပိုင်း၌ ကြီးကြပ်ရေးမှူးတာဝန်ယူသူများ သည် နေ့လယ်ပိုင်း၌ လက်ထောက် ကြီးကြပ်ရေးမှူးအဖြစ် အလှည့်ကျ တာဝန်ထမ်းဆောင်ရကြောင်း သိ ရသည်။

ATK 

#democracytoday

Rate this item
(0 votes)
back to top