HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မြို့တော် စည်ပင်အကြောင်း တစေ့တစောင်း

မြို့တော် စည်ပင်အကြောင်း တစေ့တစောင်း

အမ္ဗနဒီကျော်စွာ

 

ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အတွင်းမှာ မှီတင်းနေထိုင်ပြီး မွေးဖွားရှင်သန်ကြီးပြင်းနေထိုင်ကြရသူမှန်သမျှတို့သည် မြေ၊ ရေ၊ လေ၊ မီး၊ သဘာဝပတ်ဝန်းကျင်၊ အုပ်ချုပ်ရေးအာဏာပိုင်အစိုးရအဖွဲ့အစည်းများ၊ ဥပဒေပြုရေးအာဏာပိုင်အဖွဲ့အစည်းများ၊ တရားစီရင်ရေးအာဏာပိုင်အဖွဲ့အစည်းများနှင့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြု၍ ဖြစ်စေ မပတ်သက်ဘဲ မသက်ဆိုင်စေဘဲ နေထိုင်မှုပြုလုပ်ရန် ရှောင်ရှားနေထိုင်ကာ အသက် မွေးခြင်းတို့ကို မပြုလုပ်နိုင်စကောင်းပေ။

ထိုကဲ့သို့ပင် ကျွန်ုပ်တို့၏ မိနစ် စက္ကန့် မလပ်သော နေ့စဉ် လူနေမှုဘဝများတွင်လည်း မရှိမဖြစ် မပါမဖြစ် ထဲထဲဝင်ဝင် ထိတွေ့သက် ဆိုင်နေသော အခြားဌာနများလည်း ရှိနေပါ သေးသည်။ ယင်းကဲ့သို့သောအဖွဲ့အစည်းများ ထဲတွင် မြို့တော်စည်ပင်သာယာရေးကော်မတီ အဖွဲ့သည်လည်း ကျွန်ုပ်တို့နှင့် အလွန်နီးကပ် လှစွာသောအနေအထားတွင် ပါဝင်ပတ်သက် ကာရှိနေလေသည်။ ထို့ကဲ့သို့ ကျွန်ုပ်တို့၏ နေ့စဉ် ဘဝများတွင် မဖြစ်မနေ မရှိမနေ ပါဝင်ပတ် သက်နေမှုများကို မြို့တော်စည်ပင်သာယာရေး ကော်မတီများ၏ လုပ်ငန်းဆောင်တာများကို လေ့လာကြည့်ခြင်းအားဖြင့် လယ်ပြင်မှာ ဆင် သွားသလို ထင်ရှားပေါ်လွင်စွာ သိသာမြင်သာ ၍နေလေသည်။


မြို့တော်စည်ပင်၏ လုပ်ငန်းတာဝန်များ မှာ မြို့ပြစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိလ္လာလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လမ်းမီး များပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ၊ ပုဂ္ဂလိက ပိုင်ဈေးများ တည်ထောင်ခွင့်ပြုခြင်း၊ တည် ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ကြီးကြပ် ခြင်း၊ ကျွဲ နွားပွဲဈေးများ တည်ထောင်ခြင်း၊ ကြီးကြပ်ခြင်း၊ လမ်းဘေးဈေးသည်များ၊ မုန့်ဖို များ၊ စားသောက်ဆိုင်များ၊ အန္တရယ်ရှိစေနိုင် သောလုပ်ငန်းများ၊ သားသတ်ရုံများ၊ စားသုံး ရန် ခြေလေးချောင်းတိရစ္ဆာန်များ သတ်ဖြတ် ခွင့်ပြုခြင်း၊ အသားရောင်းချခြင်းလုပ်ငန်းများ၊ ကူးတို့လုပ်ငန်းများ၊ အပေါင်ဆိုင်လုပ်ငန်းများ၊ အနှေးယာဉ်လုပ်ငန်းများ စသည်တို့ကို တည် ထောင်ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်း စသည့်လုပ် ငန်းများကို လုပ်ကိုင်ခွင့်ရှိသည်။


ထို့အပြင် မီးဘေး၊ ရေဘေး၊ လေဘေး၊ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ အထောက်အကူပြုလုပ် ငန်းများကိုလည်း ဆောင်ရွက်ရသည်။ လမ်း များဖောက်လုပ်ခြင်း၊ တံတားများ ဆောက်လုပ် ခြင်း၊ လမ်းစည်းကမ်းနှင့် လမ်းအသုံးချမှုစည်း မျဉ်းစည်းကမ်းများကို သတ်မှတ်ပေးခြင်း၊ အ ဆောက်အအုံအမှတ်များကို သတ်မှတ်ပေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်အဆောက် အအုံများ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ် အတွင်းရှိ ပုဂ္ဂလိကပိုင်အဆောက်အအုံများကို ဆောက်လုပ်ခွင့်ပြုခြင်း ကြီးကြပ်ပေးခြင်း၊ ဝန် ကြီးဌာန၏ ခွင့်ပြုချက်များဖြင့် မြို့နယ်စည်ပင် သာယာရေးနယ်နိမိတ်ပြင်ပရှိ ပုဂ္ဂလိကပိုင် အဆောက်အအုံများကို ဆောက်လုပ်ခွင့်ပြုခြင်း ကြီးကြပ်ပေးခြင်း၊ ကျူးကျော်အဆောက်အအုံ များကို ဖျက်သိမ်းခြင်း၊ တည်းခိုခန်းများ ဖွင့်လှစ် ခွင့်ပြုပေးခြင်း၊ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ တိရစ္ဆာန်များ မွေးမြူခြင်း ထားရှိခြင်း၊ တိရစ္ဆာန်အသေများကို သုတ်သင် ရှင်းလင်းပေးခြင်း၊ လေလွင့်သွားလာနေသော စိတ်ပေါ့သွပ်သူများ၊ ရူးသွပ်နေသူများ၊ ပိုင်ရှင်မဲ့တိရစ္ဆာန်များ၊ အနာကြီးရောဂါ စွဲကပ် ခံစားနေကြရသူများ၊ တောင်းရမ်းစားသောက် နေကြသူများကို ဖမ်းဆီးခြင်း၊ ကူညီခြင်း၊ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံပေးခြင်း၊ ပန်းဥယျာဉ်များ၊ ပန်းခြံများ၊ ကစားကွင်းများ၊ ရေကူးကန်များ၊ ရေချိုးဆိပ်များ၊ အပန်းဖြေရာ နေရာများ၊ သုသာန်များ၊ သင်္ဂြိုဟ်စက်များကို တည်ထောင်ပေးခြင်း၊ ပြင်ဆင်ထိန်းသိမ်းပေး ခြင်း၊ သတ်မှတ်ပေးခြင်း၊ ကြီးကြပ်ပေးခြင်း၊ ဖျက်သိမ်းပေးခြင်း၊ အခြားနည်းလမ်းများဖြင့် အသုံးပြုစေခြင်း၊ အများပြည်သူတို့အတွက် အကျိုးပြုစေသောလုပ်ငန်းဆောင်တာများစွာတို့ကို လိုအပ်သလို ဆောင်ရွက်ပေးခြင်း၊ ဝန်ကြီးဌာနမှ အခါအားလျော်စွာ သတ်မှတ် ပေးအပ်သည့် လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ပေးခြင်းများကို လုပ်ကိုင်ရသည်။


တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် အညီ စည်ပင်သာယာရေးလုပ်ငန်းများနှင့်သက်ဆိုင်သော အခွန်အမျိုးအစားနှင့် အခွန် နှုန်းထားများကို သတ်မှတ်ပေးခြင်း၊ ပြင်ဆင် ပေးခြင်း၊ စည်းကြပ်ခြင်းနှင့် အခွန်ကောက်ခံ ခြင်းတို့ကိုလည်း လုပ်ကိုင်ရသည်။ အဆောက် အအုံများနှင့် မြေခွန်များ၊ ရေခွန်၊ လမ်းမီးခွန်၊ အမှိုက်ခွန်၊ အညစ်အကြေးခွန်၊ အများသုံး အိမ်သာခွန်၊ ယာဉ်များ၊ လူစီးခြင်းနှင့် ဝန်တင် တိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များအပေါ် ကောက်ခံသည့်အခွန်များနှင့် အခြားသောအခွန် အခများကို ကောက်ခံခွင့်ရှိသည်။ မြို့တော် စည်ပင်သာယာရေးကော်မတီသည် မြေယာ များ၊ အဆောက်အအုံများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဥပဒေများ၊ စည်းကမ်းချက်များ နှင့်အညီ အဆောက်အအုံပိုင်ရှင်များ မြေပိုင်ရှင် များ လက်ရှိနေထိုင်သူများကို ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ၊ ခွင့်ပြုချက်ပါ သတ်မှတ်ချက်များ စည်း ကမ်းချက်များနှင့် ညီညွတ်မှုမရှိဘဲဖြစ်စေ သိရှိ ပါက အဆောက်အအုံများ ဆောက်လုပ်နေ သည်ကို ရပ်ဆိုင်းထားစေခြင်း၊ ပြန်လည်ပြုပြင် စေခြင်း၊ ဖြိုဖျက်စေခြင်းတို့ကိုလည်း ညွှန်ကြား ချက်ထုတ်နိုင်သည်။ အများပြည်သူနှင့် သက် ဆိုင်သော လမ်းများ၊ ရေမြောင်းများ၊ ရေပိုင် လိုင်းများ၊ မိလ္လာပိုက်/ကန်များ၊ တံတားများ၊ ပလက်ဖောင်းများတွင် ကျူးကျော်နေထိုင်သော လူများ၊ အဆောက်အအုံများ၊ အစိတ်အပိုင်း များကို ဖယ်ရှားစေနိုင်ခွင့်ရှိသည်။ အန္တရာယ် ရှိအဆောက်အအုံများ၊ လူနေထိုင်ရန် မသင့် လျော်သည့်အဆောက်အအုံများ၊ အများပြည်သူ နှင့် သက်ဆိုင်သော လမ်းဖောက်ခြင်း၊ တံတား ဆောက်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများတွင်လည်း မလွတ်ကင်းသော အဆောက်အအုံများ၏ အစိတ်အပိုင်းများကို ပြုပြင်စေခြင်း၊ ဖြိုဖျက်စေ ခြင်း၊ နေထိုင်သူများကို ဖယ်ရှားစေခြင်း စသည့် လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်နိုင် သည်။


အဆောက်အအုံများ၊ ဝင်းခြံများ၊ အုတ်တံတိုင်းများကို ဆေးသုတ်ရန်၊ ထုံးသုတ်ရန် ညွှန်ကြားချက်များ၊ သန့်ရှင်းသပ်ရပ်မှုမရှိသည့် သစ်ပင်များ၊ ချုံနွယ်ပိတ်ပေါင်းများကို ခုတ် ထွင်ရှင်းလင်းခြင်း၊ ချိုင့်ဝှမ်းများကို မြေဖို့ခြင်း၊ ရေတွင်း၊ ရေကန်၊ ရေလှောင်ကန်၊ ရေစည်၊ ရေအိုင် စသည်တို့ကို ဆေးကြောသုတ်သင်ခြင်း၊ ပြုပြင်ခြင်း၊ ရေဖြည့်ခြင်း၊ ဖုံးအုပ်ခြင်း၊ စက်ရုံ အလုပ်ရုံများမှ ထွက်ရှိလာသည့် ရေဆိုးရေ ညစ်များကြောင့် အများပြည်သူတို့နှင့် သက် ဆိုင်သောအရာများကို မပျက်စီးစေရန် ရေ တံလျောက်များ၊ ရေဆင်းပိုက်များ၊ ရေမြောင်း များ စသည်တို့ကို ပြုပြင်စေခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် မြေနေရာအနေအထားများ ကို ပြုပြင်စေခြင်း၊ ရေဆွဲအိမ်သာ၊ ရေလောင်း အိမ်သာ၊ မိလ္လာပိုက်/ကန်များကို ပိတ်ထား စေခြင်း၊ ဖျက်သိမ်းစေခြင်း၊ ပြောင်းလဲပြင်ဆင် စေခြင်း၊ အိမ်ထွက်အမှိုက်များ၊ အနံ့အသက် မကောင်းသောအရာများ၊ အမှိုက်အမာများ၊ အမှိုက်အပျော့များ၊ ပြန်လည်အသုံးပြု၍ရ သောအမှိုက်များ၊ မီးဖိုချောင်ထွက်အမှိုက်များ၊ သဘာဝသစ်ပင်သစ်ရွက်များမှထွက်သော အမှိုက်များကို အမျိုးအစားအလိုက် ခွဲခြားသိမ်း ဆည်းနိုင်စေရန် သင့်လျော်သောအမှိုက်ပုံများ ကို လိုအပ်သည့်နေရာတိုင်းတွင် စီမံထားရှိ ပေးရခြင်း စသည်ဖြင့် လုပ်ငန်းတာဝန်များစွာ တို့ကိုလည်း လုပ်ကိုင်ရသည်။


မြို့တော်စည်ပင်သာယာရေးနယ်နိမိတ် အတွင်းမှာ ကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ ခွင့်ပြု ချက်ပါ သတ်မှတ်ချက်များ၊ စည်းကမ်းချက် များနဲ့ ညီညွတ်မှုမရှိရင် အရေးယူနိုင်တဲ့အရာ တွေဟာဆိုရင် ခရေစေ့တွင်းကျ စေ့စပ်သေချာ စွာ တားမြစ်ချက်တွေရှိနေတာဖြစ်ပြီး အမှုမဲ့ အမှတ်မဲ့ နေထိုင်ပြုမူလျက် ကျုးလွန်နေမိလျက် သားဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အမှန် တကယ်သာ တရားဥပဒေစိုးမိုးခဲ့မယ်ဆိုရင် တော့ အယောက် ၁ဝဝ မှာ အယောက် ၉ဝ ခန့်လောက်ဟာ မြို့တော်စည်ပင်သာယာရေး ဥပဒေတွေ၊ ပြစ်မှုပြစ်ဒဏ်တွေ၊ ပုဒ်မတွေနဲ့ တသီတတန်းကြီး ငြိစွန်းနေမှာဖြစ်ပြီး လူတိုင်း လိုလို မြို့တော်စည်ပင်သာယာကော်မတီနဲ့ တရားရင်ဆိုင်နေကြရမှာဖြစ်ပါတယ်။ မြို့တော် စည်ပင်သာယာက တားမြစ်ထားတဲ့ တားမြစ် ချက်ဥပဒေများထဲမှာဆိုရင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ လမ်းတွေ၊ ရေမြောင်းတွေ၊ ရေ ပိုက်တွေ၊ မိလ္လာပိုက်တွေအပေါ်မှာ ပိတ်ဆို့တာ၊ အထည်အလိပ်တွေ၊ ဖျာတွေ၊ စောင်တွေ၊ အဝတ်အထည်တွေ စသည်ဖြင့် မည်သည့်ပစ္စည်းတစ်ခုခုကိုမဆို တင်ထားတာ၊ ဖြန့်ခင်း ထားတာ၊ ချိတ်ဆွဲထားတာ၊ ကစားခုန်စားလုပ်တာ၊ စားပွဲခုံချထားတာ၊ ခုံတန်းလျားလုပ်တာ၊ သေတ္တာချထားတာ၊ ဗျပ်တွေ၊ ဗန်းတွေ၊ ကုန်ပစ္စည်းတွေ၊ အခြားအရာဝတ္ထုတစ်ခုခုကိုဖြစ်စေ ချထားတာ၊ ဈေးဆိုင်ဖွင့်လှစ်ရောင်းချတာတွေကို လုံးဝလုပ်ပိုင်ခွင့်မရှိပါဘူး။ ကိုယ်ပိုင်လမ်း တွေ၊ ကိုယ်ထူကိုယ်ထ လမ်းတွေဖောက်လုပ်တာ၊ လမ်းမရှိတဲ့မြေနေရာပေါ်မှာ အဆောက် အအုံ ဆောက်လုပ်တာ၊ စည်ပင်သာယာရေး အတွင်းမှာ ကော်မတီရဲ့ခွင့်ပြုချက်မရှိဘဲ အ ဆောက်အအုံ ဆောက်လုပ်တာ၊ ပြင်ဆင်တာ၊ တိုးချဲ့တာ၊ ရေပေးဝေရေးလုပ်ငန်းကရေကို ရယူသုံးစွဲတာ၊ ကိုယ်ပိုင်ရေပေးဝေရေးလုပ်ငန်း တွေ တည်ထောင်ဖွင့်လှစ်တာ၊ အများပြည်သူ အသုံးပြုရန်၊ စခန်းချရန်နေရာများ၊ ရေချိုး ဆိပ်များ တည်ထောင်ဖွင့်လှစ်တာ၊ လူသေ အလောင်းများကို သတ်မှတ်ရက်ထက် ကျော် လွန်ပြီး မြေမမြှုပ်ဘဲ မီးမသင်္ဂြိုဟ်ဘဲ ထားတာ၊ ကူးစက်ရောဂါတစ်မျိုးမျိုးကြောင့် သေဆုံးရသူ ကို ၁၂ နာရီထက်ကျော်လွန်ပြီးထားရှိတာ၊ သုသာန်မြေမှာမဟုတ်ဘဲ အခြားတစ်နေရာရာ မှာ မြေမြှုပ်တာ၊ မီးသင်္ဂြိုဟ်တာတွေလုပ်တာ၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်၊ အအေးဆိုင်၊ နွားနို့ဆိုင်၊ ပေါင်မုန့်ဆိုင်၊ ချိုချဉ်လုပ်ငန်း၊ ယိုမျိုးစုံလုပ်ငန်း စသည်ဖြင့် မည်သည့်လုပ်ငန်းတစ်ခုခုကိုမဆို ဖွင့်လှစ်ခြင်း၊ တည်ထောင်ခြင်း၊ ရောင်းချခြင်းတို့ကို ပြုလုပ် ခွင့်မရှိပါဘူး။


နောက်ဆုံး ကုန်ကုန်ပြောရရင် မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုချက် မရှိဘဲ ခွင့်ပြုချက်ပါ စည်းကမ်းချက်များ၊ သတ်မှတ်ချက်များနဲ့မညီဘဲ တိရစ္ဆာန်များ မွေးမြူ ခြင်း၊ ထားရှိခြင်း မပြုရ၊ တိရစ္ဆာန်အသေကောင်များကို သတ်မှတ်ချက်များနဲ့အညီမဟုတ်ဘဲ အခြားနည်းလမ်းများဖြင့် သုတ်သင်ရှင်းလင်း ခြင်းတာ၊ လမ်းဘေးတိရစ္ဆာန်တွေကို အစာ ကျွေးတာ၊ အမှိုက်ပစ်တာ၊ အမှိုက်သိမ်းတာ၊ အမှိုက်ကောက်တာ၊ အမှိုက်တွေကို စုပုံထား ရှိတာ၊ လမ်းဘေးတွေမှာ မီးစက်တွေထားတာ၊ ဆိုင်းဘုတ်တွေ ထုတ်ထားတာ၊ ဆန်းရှိတ်တွေ ထုတ်ထားတာ၊ အဖီတွေထုတ်ပြီး ဆောက်လုပ် ထားတာ၊ ကွမ်းတံတွေးထွေးတာ၊ အဲကွန်း အောက်ဒိုးတွေကို လမ်းမတွေ ပလက်ဖောင်း တွေဘက်ကို လှည့်ထုတ်ပြီး တပ်ဆင်ထားတာ၊ အိမ်မွေးတိရစ္ဆာန်တွေရဲ့ မစင်တွေ အညစ်အ ကြေးတွေကို ပစ်ချတာ စသည်ဖြင့် များစွာ သော စည်းကမ်းချက်တွေ၊ တားမြစ်ချက်တွေ ရှိပါတယ်။


ဒါကြောင့် မြို့တော်စည်ပင်သာယာရေး ကော်မတီဟာ စည်းကမ်းပြည့်ဝတဲ့ ပြည်သူလူထု များအတွက်ဆိုရင်တော့ အလွန်အင်မတန်ကို ဝန်ဆောင်မှုကောင်းတွေပေးလာအောင် ကြိုးစားအားထုတ်ဖို့ အခွင့်အရေးတွေရှိနေတဲ့ဌာန တစ်ခုဖြစ်ပြီးတော့ စည်းကမ်းကို လိုက်နာဖို့ အားနည်းတဲ့ ပြည်သူလူထုအတွက်ဆိုရင်တော့ နေ့ချင်းညချင်း အချိန်မရွေး ဥပဒေကို ဖောက် ဖျက်ကျူးလွန်သူတစ်ဦး အပြစ်သားတစ်ဦးအနေ အထားကို တစ်မုဟုတ်ချင်းရောက်သွားနိုင် လောက်အောင် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ စက္ကန့်မလပ် တရစပ်ပတ်သက်ဆက်စပ်နေတဲ့ ဌာနတစ်ခုဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို အသိ ပေးတင်ပြပေးလိုက်ရပါတယ်ခင်ဗျား။ 

အမ္ဗနဒီကျော်စွာ

#theyangontimes

Rate this item
(0 votes)
back to top