HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

နေပြည်တော်တွင် တရားရေးကောလိပ် တည်ဆောက်မည်

နေပြည်တော်တွင် တရားရေးကောလိပ် တည်ဆောက်မည်

နေပြည်တော်၊ မေ ၂၄

တရား သူကြီးများ၏ ပညာရပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်ရေးအတွက် စနစ်တကျလေ့ကျင်သင်ကြားပေးနိုင်သောတရားရေးကောလိပ်( Judicial Collage ) အဆာက်အအုံကို ၂ဝ၁၉-၂ဝ၂ဝခု ဘဏ္ဍာနှစ်မှ စတင်၍ ဆောက်လုပ်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးဦးမျိုးတင့်က ပြောသည်။ မေ ၂၄ ရက် အမျိုးသားလွှတ် တော်အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေ ချစ်က ပြည်ထောင်စုတရားလွှတ် တော်ချုပ်အနေဖြင့် အခြားနိုင်ငံအ များစုကဲ့သို့ တရားစီရင်ရေးဆိုင်ရာ သင်တန်းများ စနစ်တကျပို့ချနိုင်ရန် တရားရေးကောလိပ်(Judicial Collage)သို့မဟုတ် တရားရေးအကယ် ဒမီ (Judicial Academy)  တည် ထောင်ပေးရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းအပေါ် ၎င်းင်းကအထက်ပါ အတိုင်းပြောခြင်းဖြစ်သည်။

''ပြည်ထောင်စုတရားလွှတ် တော်ချုပ်အနေဖြင့် တရားရေးကော လိပ် (Judicial Collage) အား ရေရှည်အခြေအနေအပေါ် ချင့်ချိန်ပြီး နေပြည်တော်ရှိ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါတယ်''ဟု ၎င်းင်းကပြောသည်။ တရားရေးကောလိပ်တွင် တရား စီရင်ရေးဆိုင်ရာသင်တန်းများ စနစ် တကျသင်ကြားပို့ချနိုင်ရန် လိုအပ် သည့်ဝန်ထမ်းအင်အား ဖွဲ့စည်းပုံကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည် ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းင်းကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ်တွင် တရားရေးသင် တန်းကျောင်းကို ၂ဝဝ၂ခုနှစ် သြဂုတ် ၇ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ ဒုတိယမြို့နယ်တရား သူကြီးများ လုပ်ငန်းဝင်သင်တန်း အပါအဝင် တရားသူကြီးအဆင့်ဆင့် အတွက် မွမ်းမံသင်တန်းများကို ယနေ့ထိတိုင် ဖွင့်လှစ်ပို့ချပေးနေ ကြောင်း ၎င်းင်းကပြောသည်။


''တရားသူကြီးတစ်ဦးချင်းအ နေဖြင့် ဂုဏ်သိက္ခာရှိမှု သမာသမတ် ရှိမှုသာမက ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိရန်လည်း လိုအပ်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆို ရလျှင် တရားသူကြီးများ၏အရည် အသွေးပြည့်ဝမှုသည် ပြည်သူအများစု ယုံကြည်အားထားရသောတရား စီရင်ရေးစနစ် ဖြစ်ပေါ်လာရေးအ တွက် အဓိကဖြစ်ပါတယ်''ဟု အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်ကပြောသည်။ တရားသူကြီးများ၏ ပညာရပ် ပိုင်းဆိုင်ရာစွမ်းဆောင်ရည် တိုး တက်ရေးအတွက် စဉ်ဆက်မပြတ် စနစ်တကျ လေ့ကျင်သင်ကြားပေး ရန်လိုအပ်ြေ ကာင်း၊ ထိုသို့သင်ကြား ပေးရန် တရားရေးကောလိပ်၊ တရား ရေးအကယ်ဒမီ စသည်ဖြင့် စနစ် တကျ တည်ထောင်လေ့ကျင့်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ၎င်းင်းကဆက် လက်ပြောသည်။

MO

#democracytoday

Rate this item
(0 votes)
back to top