HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တရားမကြောင်းဖြင့် တရားစွဲဆိုထားမှု ရင်ဆိုင်သွားမည်ဟု မဟာမုနိရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ပြောကြား

တရားမကြောင်းဖြင့် တရားစွဲဆိုထားမှု ရင်ဆိုင်သွားမည်ဟု မဟာမုနိရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ပြောကြား

မန္တလေး၊ မေ ၂၄

မဟာမုနိရုပ် ရှင်တော်မြတ် ဂေါပကအဖွဲ့အနေ ဖြင့် ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးကဆိုင်ခန်းပိုင်ဆိုင်သည်ဟု ဆိုကာ တရားမကြောင်းဖြင့် တရားစွဲဆို ထားမှုအပေါ် ရင်ဆိုင်ဖြေရှင်းသွား မည်ဖြစ်ကြောင်း သိရသည်။ မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့မှ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်သုံးဦးကို ဈေးတိုက်ခန်းနေ ပြည့်စုံလက်ဖက်ရည်ဆိုင်က မန္တလေး ခရိုင်တရားရုံး၌ တရားမမှုဖြင့် တရားစွဲဆိုထားသည့်အပေါ် ဂေါပ ကအဖွဲ့အနေဖြင့်မေ ၂၄ ရက် နံ နက်ပိုင်းက သတင်းမီဒီယာများနှင့် တွေ့ဆုံ၍သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ဂေါပက အဖွဲ့အတွင်း ရေးမှူးက ယင်းကဲ့သို့ပြောကြားခဲ့ သည်။

''တရားသူကြီး အဆုံးအဖြတ် ပေါ်မှာပဲ အမှန်တရားအတိုင်းလုပ် သင့်လုပ်ထိုက်တာကိုပဲ လုပ်သွား မယ်လို့အစည်းအဝေးမှာ ဆုံးဖြတ် ထားတယ်။ အခုချိန်မှာ ကျွန်တော် တို့ကတရားပြိုင်ဖြစ်နေတော့ တရားရုံးမှာ သူတို့မေးသမျှဖြေရုံပါပဲ။ တရားရင်ဆိုင်ဖို့အသင့်ပါပဲ။ ကျွန် တော်တို့သည်ဘုရားဘဏ္ဍာပိုင် ပစ္စည်းကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရမယ့် တာဝန်ရှိတယ်။ ဆရာတော်ကြီးတွေရဲ့ သြဝါဒအတိုင်းဆောင်ရွက်တယ်။ ကိုယ့်သ ဘောထားမပါဘူး။ အခုကိစ္စ လည်းသူတို့လေလံ မအောင်လို့ ဖယ်ခိုင်းတာပါ။ ဖယ်ရှားပေးဖို့ လည်းသုံးကြိမ်တိုင်တိုင် စာထုတ်ခဲ့တယ်''ဟု ဂေါပကအဖွဲ့အတွင်း ရေးမှူးဦးကျော်ကျော်ဦးက ပြော ကြားသည်။


ပြည့်စုံလက်ဖက်ရည်ဆိုင် နေရာသည်၂ဝ၁၉ခုနှစ်၊ မတ်လ ၃၁ ရက်တွင်စာချုပ်သက်တမ်း ပြည့်ပြီးဖြစ်သည့်အတွက် တစ်လ ကြိုတင်အကြောင်းကြားရန် မလို အပ်ကြောင်းနှင့် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင်လည်း တင်ဒါဈေးပြိုင် ပေးမည့်သူ ပေါ်လာခဲ့သော်လည်း မူလငှားရမ်းခဲ့သူကို စာနာသော အားဖြင့် တစ်နှစ်ငှားရမ်းနေထိုင်ခွင့်ပြုခဲ့ပြီး ၂ဝ၁၉-၂ဝ၂ဝပြည့်နှစ် ဘဏ္ဍာနှစ်တွင် တင်ဒါဝယ်ယူ ယှဉ်ပြိုင်ခြင်းမရှိခဲ့သည့်အတွက် ဖယ်ရှားခိုင်းခြင်းဖြစ်သည်။ ''အခြားဆိုင်ခန်းတွေ အ များကြီးရှိတဲ့အထဲက ဒီဆိုင်နေရာ တစ်ခုတည်းရွေးပြီးဒီနှစ်မှ တင်ဒါ လုပ်တယ်ဆိုတာ မရိုးသားဘူး။ ၂၅နှစ် တိုင်တိုင်စည်ကမ်းဖောက် ဖျက်မှုမရှိဘဲ မြေနေရာကိုငှားရမ်း နေထိုင်ခဲ့တယ်။ အကြောင်းမဲ့သက်သက် ဖယ်ရှားတယ်လို့ယူဆသော ကြောင့်တရားရုံးမှာဦးတိုက်လျှောက် ထားခဲ့တာပါ''ဟု တရားလိုဖြစ်သူ ပြည့်စုံ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးစိုးလွင်ဦးက ပြောကြားသည်။


မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပကဥက္ကဋ္ဌ ဦးစိုးလင်း၊ အတွင်းရေးမှူး ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်ဦးသန်းလွင်တို့ကို တရားမမှုဖြင့် မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုထားပြီးတရားရုံးမှ တရားမကြီးမှုအမှတ်-၃၅၁ဖြင့်လက်ခံ ထားကာဇွန်လ ၄ရက်တွင် သမ္မန်စာဆင့်ခေါ်ထားကြောင်း သိရ သည်။

MTK

#democracytoday

Rate this item
(0 votes)
back to top