HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရှမ်းစော်ဘွားများ၏ ရှားပါးသော ဝတ်စုံများကို အမျိုးသား ယဉ်ကျေးမှုအဖြစ် မှတ်တမ်းမှတ်ရာများဖြင့် မှတ်တမ်းတင် ဆောင်ရွက်ထားသင့်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော

ရှမ်းစော်ဘွားများ၏ ရှားပါးသော ဝတ်စုံများကို အမျိုးသား ယဉ်ကျေးမှုအဖြစ် မှတ်တမ်းမှတ်ရာများဖြင့် မှတ်တမ်းတင် ဆောင်ရွက်ထားသင့်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော

ရန်ကုန်၊ ဇွန် ၉

ရှမ်းစော်ဘွားများ၏ ရှားပါးသောဝတ်စုံများကို အ ခြားနိုင်ငံများ၏ ပိုင်ဆိုင်မှုပုံစံမဖြစ်ရအောင် မြန်မာနိုင်ငံမှ အမျိုးသားယဉ်ကျေးမှုအဖြစ် မှတ်တမ်းမှတ်ရာများဖြင့် မှတ်တမ်းတင် ဆောင်ရွက်ထားရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ဇွန် ၉ ရက်တွင် အမျိုးသား ပြတိုက်(ရန်ကုန်)၌ ပြုလုပ်သော 'ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံပြပွဲ' ဖွင့်ပွဲအခမ်းအနားကို တက် ရောက်ရင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဒီအဝတ်အစားတွေဟာ ကျွန် တော်တို့ရဲ့ မျိုးရိုး၊ ဂုဏ်သိက္ခာနဲ့ ကျွန်တော်တို့ရဲ့ ဘဝဖြတ်သန်းခဲ့မှု တွေရဲ့ သမိုင်းကြောင်းတွေ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကို မရှိတော့ရင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့သမိုင်းဟာ ပျောက်သွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုထိန်း သိမ်းစောင့်ရှောက်မှုက အလွန်အင်မတန်အရေးကြီးပါတယ်။ ရန်ကုန်မှာရှိတဲ့ အမျိုးသားပြတိုက်မှာ ပြသခွင့်ရတဲ့အတွက် အားလုံးသိရှိသွား နိုင်တယ်။ ဒီ့အပြင် ဒီအဝတ်အစား တွေကို ကျွန်တော်တို့ရဲ့ အမျိုးသားယဉ်ကျေးမှု မှတ်တမ်းမှတ်ရာတွေ အဖြစ်နဲ့ ကျွန်တော်တို့ မှတ်တမ်းတင် ဆောင်ရွက်ထားဖို့လိုပါတယ်။ ဒီအဝတ်အစားတွေဟာ တဖြည်း ဖြည်း ကျွန်တော်တို့ တိုင်းရင်းသား တွေရဲ့ ဝတ်စားဆင်ယင်မှုကနေ တစ်ခြားသော နေရာတွေကို ရွှေ့ ပြောင်းသွားပြီး တစ်ခြားနိုင်ငံတွေ ရဲ့ ပိုင်ဆိုင်မှုပုံစံအနေနဲ့ ဖြစ်သွား နိုင်ပါတယ်။ ဒါတွေကိုလည်း ကျွန် တော်တို့ ထိန်းသိမ်းစောင့်ရှောက်သွားဖို့ လိုပါတယ်။ ဒီအဝတ်အစား တွေကို မြင်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင်တွေ တစ်ချိန်တုန်းက ဘယ်လိုအဆင့်အတန်းနဲ့ နေထိုင်ခဲ့ကြတယ်ဆိုတာကို ကျွန် တော်တို့ သမိုင်းသက်သေ တစ်ခုလည်း ဖြစ်ပါတယ်''ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။


ယခုပြပွဲကို ကြည့်ခြင်းအားဖြင့် တစ်ခေတ်တစ်ခါက ရှမ်းလူမျိုးတို့၏ ကြီးကျယ်ခမ်းနားမှုများကို ခန့်မှန်းတွက်ဆနိုင်မည်ဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနိုင် သက်လွင်က ပြပွဲဖွင့်ပွဲ၌ အမှာစကားပြောရာတွင် ထည့်သွင်းပြော ကြားခဲ့ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ''လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေး မှုအဆင့်အတန်းကို လေ့လာရာမှာ ဒီလူမျိုး၏ ဝတ်စားဆင်ယင်မှု၊ ဆင်ယင်ထုံးဖွဲ့မှု၊ စကား၊ စာပေ၊ ယဉ် ကျေးမှု၊ ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာ၊ အနုပညာအသုံးအဆောင်များတို့ကို လေ့လာခြင်းအားဖြင့် အကဲဖြတ်နိုင်ကြမှာ ဖြစ်ပါတယ်။ ယခုပြပွဲတွင် ခင်းကျင်းပြသထား သည့် ရှမ်းစော်ဘွားများ၏ ရိုးရာ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုကို မြင် တွေ့ရခြင်းအားဖြင့် တစ်ခေတ်တစ် ခါက ရှမ်းလူမျိုးတို့၏ ကြီးကျယ်ခမ်းနားမှုနဲ့ အဆင့်အတန်း မြင့်မားမှုကို ခန့်မှန်းတွက်ဆနိုင်ကြမှာဖြစ်ပါတယ်'' ဟုပြောသည်။


ပြပွဲတွင် နှစ် ၁ဝဝ ကျော်သက်တမ်းရှိသော ရှမ်းစော်ဘွား ဝတ်စုံအပါအဝင် ဝတ်စုံ စုစုပေါင်း ၃ဝ ပြသထားပြီး ဇွန် ၉ ရက်မှ ဇွန် ၁၈ ရက်အထိ အမျိုးသားပြတိုက် (ရန်ကုန်)တွင် ပြသထားမည်ဖြစ်သည်။
အမျိုးသားပြတိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောင် ငေးကလည်း ''ဒီဝတ်စုံတွေနဲ့ ပတ်သက်ပြီးတော့ သန့်ရှင်းသွားအောင်၊ သန့်စင်သွားအောင်ထိန်းသိမ်းမှု ဆောင်ရွက်ဖို့အတွက်ကို ပြင်သစ် နိုင်ငံကိုပို့ပြီး ဆောင်ရွက်ဖို့သင့်၊ မသင့်ဆိုတာကို ရှမ်းပြည်နယ်အစိုး ရက ကျွန်မတို့ကို သဘောထားမှတ်ချက် မေးမြန်းလာပါတယ်။ မေးမြန်း လာတဲ့အပေါ် Survey ကွင်းဆင်း လေ့လာမှု အရင်လုပ်ခဲ့ပါတယ်။ Survey အစီရင်ခံစာကို ရှမ်းပြည် နယ်အစိုးရသို့ ပေးပို့လိုက်ပါတယ်။ ဒီအစီရင်ခံစာမှာ ဘာပါလဲဆိုရင် စော်ဘွားဝတ်စုံ ၁၃၈ စုံ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေကို အမျိုးသား ပြတိုက်(ရန်ကုန်)ကနေ တာဝန်ယူ ဆောင်ရွက်နိုင်ပါတယ်လို့ ပြန်ကြား လိုက်ပါတယ်။ ရှမ်းပြည်နယ်အစိုး ရအဖွဲ့ရဲ့ ဘတ်ဂျက်ရယ်၊ ကျွန်မတို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနက ဘတ်ဂျက်ရယ် နှစ်ခု ပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်''ဟု ပြောသည်။


ပြပွဲတွင် ရှမ်းစော်ဘွားများ၊ မဟာဒေဝီ၊ အိမ်ရှေ့မင်းသား၊ အမတ်ချုပ်၊ မြို့စားမင်း၊ စစ်သူကြီး၊ ဒေသအကြီးအကဲနှင့် ကိုယ်ရံတော်များ ဝတ်ဆင်ထားသော အခမ်းအနားဝတ်စုံများ၊ ဖောင်ြး<ွကရက်လုပ်ထားသော ကတ္တီပါအင်္ကျီများ၊ ခေါင်း ပေါင်း၊ ခါးစည်းကြိုး၊ ရွှေရောင်ပြား တပ်ဆင်ထားသောအထည်များ၊ ပန်းထိုးထားသော ရှမ်းဘောင်းဘီနှင့် ရှေးမြန်မာဘုရင်မှ အရိုက်အရာအရ ပေးထားသော အဝတ်အထည်များကို ပြသထားပြီး ပြပွဲကို ရှမ်းစော်ဘွားများ၏ အနွယ်တော် များ၊ မျိုးဆက်သစ် ရှမ်းစော်ဘွားမျိုး ဆက်များလည်း လာရောက်ကြည့် ရှုခဲ့ကြောင်း သိရသည်။

TTHL

#democracytoday

Rate this item
(0 votes)
back to top