HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဆေးလိပ် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှုကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် လူဦးရေ ၆၄ဝဝဝ ခန့်သေဆုံးနေ  

ဆေးလိပ် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှုကြောင့်  မြန်မာနိုင်ငံတွင် နှစ်စဉ် လူဦးရေ ၆၄ဝဝဝ ခန့်သေဆုံးနေ   

မကွေး၊ ဇွန် ၁ဝ

ဆေးလိပ်ဆေး ရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှု ကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် လူဦးရေ ၆၄ဝဝဝ ခန့်သေဆုံးလျက် ရှိကြောင်း မကွေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာ သောင်းလှိုင်က ပြောကြားသည်။  ဇွန် ၁ဝ ရက်က မကွေးမြို့ရှိ မကွေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံး ခန်းမ၌ ကျင်းပသည့် ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါက်တာ သောင်းလှိုင်က ယင်း ကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်စဉ်ကမ္ဘာ့တစ်ဝန်းရှိ လူဦးရေ ခုနစ်သန်းကျော်သည် ဆေးလိပ်ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုကြောင့် အသက်ဆုံးရှုံးနေပြီး ထိုအထဲမှလူဦးရေ ၉ဝဝဝဝဝ ခန့်သည် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိက်ရသဖြင့် သေဆုံးနေရကြောင်း၊ Global Burden Of Disease  ၂ဝ၁၆ အရ ဆေးလိပ်ဆေးရွက်ကြီး ထွက်ပစ္စည်း သုံးစွဲမှုကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေ ၆၄ဝဝဝ ခန့်သေဆုံးလျက်ရှိကြောင်း တိုင်းဒေ သကြီးကုသရေးနှင့် ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှူး ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာ သောင်း လှိုင်က ပြောကြားသည်။


အခမ်းအနားတွင် မကွေးတိုင်း ဒေသကြီး ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းလှိုင်က အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် အဖြစ် မြေစိုက်ပိုစတာစိုက်ထူခြင်း တို့ ဆောင်ရွက်ကြသည်။


၂ဝ၁၄ခုနှစ် သုတေသနစစ် တမ်းများအရ မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးအမျိုးသား ၄၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် အမျိုးသ မီး ၈ ဒသမ ၄ ရာခိုင်နှုန်းသည် လက်တလော ဆေးလိပ်သောက် သုံးနေကြသူများဖြစ်ပြီး အမျိုးသား ၃၂ ဒသမ ၁ ရာခိုင်နှုန်း၊ အမျိုးသမီး ၄၆ ရာခိုင်နှုန်းသည် တစ်ဆင့် ခံဆေးလိပ်ငွေ့ကို မိမိတို့အိမ်များတွင် ရှူရှိုက်နေကြရဟုဆိုသည်။အမျိုးသား ၃၁ ဒသမ ၈ ရာခိုင်နှုန်း နှင့် အမျိုးသမီး ၂၃ ဒသမ ၆ ရာခိုင် နှုန်းသည် တစ်ဆင့်ခံဆေးလိပ်ငွေ့ကို မိမိတို့လုပ်ငန်းခွင်များတွင် ရှူရှိုက် နေကြရသည်။


ယင်းအပြင် အမျိုးသား ၆၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၄ ဒသမ ၁ ရာခိုင်နှုန်းသည် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို တွဲဖက်သုံးစွဲနေကြကြောင်းသိရှိရပြီး မြန်မာနိုင်ငံသည် အရှေ့တောင်အာ ရှဒေသတွင်းနိုင်ငံများတွင် သုံးစွဲမှုအများဆုံးဖြစ် ကြောင်း သိရသည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top