HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တရုတ်နိုင်ငံဘက်၌ ကြံခုတ်အလုပ် သွားရောက်လုပ်ကိုင်သူ များပြားသော်လည်း အဆင်မပြေမှုများနှင့် ကြုံတွေ့နေရ  

တရုတ်နိုင်ငံဘက်၌ ကြံခုတ်အလုပ် သွားရောက်လုပ်ကိုင်သူ များပြားသော်လည်း အဆင်မပြေမှုများနှင့် ကြုံတွေ့နေရ   

မူဆယ်၊ ဇွန် ၁ဝ 

မြန်မာနိုင်ငံ အရပ်ရပ်မှအလုပ်သမားများသည် တရုတ်နိုင်ငံဘက်သို့ ကြံခုတ်လုပ် ငန်းသွားရောက်လုပ်ကိုင်နေသူများ များပြားနေသော်လည်း အဆင်မ ပြေဖြစ်နေကြရကြောင်းသိရသည်။ ''နေစရာတော့ပေးတယ်၊ စောင်းတန်းလိုမျိုးမှာ အတန်းလိုက် အိပ်ရတာ၊ ကျွန်တော်တို့ဆီမှာ လူ နှစ်ရာသုံးရာလောက်ရှိတယ်၊ မြန်မာလူမျိုးတွေချည်းပဲ၊ ကျွေးတာအ ဆင်မပြေဘူး။ အသီးအရွက်တွေ ချည်း မစားနိုင်ပါဘူးဗျာ၊ နံနက် ဝေလီဝေလင်းထပြီး ခြေကျင်သွား ရတာ အဝေးကြီးပဲ။ နံပါတ်စဉ်နဲ့ ခေါ်တာ။ သူက နံနက်ခေါက်ဆွဲ ပြုတ်ကျွေးတယ်။ ထမင်းက နေ့ လယ်နဲ့ညကျွေးတာ၊ ကြံချောင်း ၁ဝ ချောင်းကို တစ်စည်း၊ တစ်စည်း မှ မြန်မာငွေကျပ် ၂ဝဝ လောက်ပဲ ရတာ၊ ပင်ပင်ပန်းပန်းလုပ်ရတာနဲ့ မကိုက်ဘူးလေ''ဟု ကြံခုတ်အလုပ် လုပ်ကိုင်ခဲ့သူ ဦးနေထွန်း(ဝမ်းတွင်း မြို့နယ်၊ စမုံကျေးရွာ)က ဒီမိုကရေစီ တူဒေးသို့ ပြောသည်။

ကြံခုတ်ရာသီတွင် တရုတ် နိုင်ငံသို့ မူဆယ်-ကျယ်ဂေါင်လမ်း ကြောင်းနှင့် လွယ်ဂျယ်-လားရင်း လမ်းကြောင်းများမှတစ်ဆင့် မြန်မာ အလုပ်သမားများ ဝင်ရောက်လုပ် ကိုင်လျက်ရှိကြပြီး ကြံခုတ်လုပ်ငန်း လုပ်ကိုင်သူအများစုမှာ မြန်မာနိုင်ငံ သားများသာ ဖြစ်ကြသည်။
''လွယ်ဂျယ်မှာလည်း ကြံခင်း ဧကရာချီရှိတယ်။ အဲ့ဒီမှာ ကြံခင်း ခုတ် လုပ်ကိုင်တာလည်းရှိတယ်။ အများစုကတော့ တရုတ်ပြည်ထဲက ကြံခင်းခုတ် အလုပ်သွားလုပ်တာ များတယ်'' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ ကြံခုတ်ရာသီသည် ဒီဇင်ဘာ လမှ မေလအထိဖြစ်ပြီး သွားရောက် လုပ်ကိုင်သူများအနေဖြင့် လုပ်အား ခနည်းပါးခြင်း၊ နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော်ခွင့်စာအုပ် ပြုလုပ်ရာတွင် အကုန်အကျ များခြင်းတို့ကြောင့် အဆင်မပြေဖြစ်နေကြရကြောင်း သိရသည်။

MTH

#democracytoday

Rate this item
(0 votes)
back to top