HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရတနာပုံရွှေနန်းတော်မှ ရှေးဟောင်းရုပ်ပွားတော်များ ရွှေကျီးမြင်ဘုရားသို့ ပင့်ဆောင်ခြင်း နှစ် ၁၃ဝ ပြည့်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူမည်  

ရတနာပုံရွှေနန်းတော်မှ ရှေးဟောင်းရုပ်ပွားတော်များ ရွှေကျီးမြင်ဘုရားသို့ ပင့်ဆောင်ခြင်း နှစ် ၁၃ဝ ပြည့်အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူမည်   

မန္တလေး၊ ဇွန် ၁ဝ 

ရတနာပုံ ရွှေ နန်းတော်အတွင်း ပူဇော်ထားခဲ့သည့် မင်းအဆက်ဆက်ကိုးကွယ် တော်မူခဲ့သော ရှေးဟောင်းဗုဒ္ဓရုပ် ပွားဆင်းတုတော်များကို ရွှေကျီး မြင်ဘုရားလိုဏ်ဂူသို့ ပင့်ဆောင် ခြင်း နှစ် ၁၃ဝ ပြည့်အထိမ်းအမှတ်အဖြစ် လာမည့်ဇူလိုင် (ဝါဆိုလ) တွင် ရွှေကျီးမြင်ဘုရားရင်ပြင်တော် တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

ရှေးဟောင်းဘုရားဆင်းတု တော်များမှာ အထက်မြန်မာပြည် နန်းစိုက်ရာ မြို့တော်အသီးသီးမှ နန်းစဉ်မင်းဆက်ကိုးကွယ်တော်မူ ခဲ့ကြသော ရှေးဟောင်းဗုဒ္ဓရုပ်ပွား ဆင်းတုတော်များဖြစ်ပြီး သီပေါမင်း ပါတော်မူပြီးနောက် ပျက်စီးဆုံးရှုံး မှုမရှိစေရန် ရတနာပုံရွှေနန်းတော် အတွင်း၌ တစုတဝေးတည်း ပူဇော် ထားရှိခဲ့ရာမှ ရွှေကျီးမြင်ဘုရား လိုဏ်ဂူတော်အတွင်း၌ ပြောင်းရွှေ့ သီတင်းသုံးအပူဇော်ခံထားရှိ၍ အများပြည်သူ ကြည်ညိုသဒ္ဓါ ပွားများနိုင်ရန်နှင့် လာရောက်ဖူး မြော်နိုင်ရန်ရည်ရွယ်၍ ဆွမ်းဆန် စိမ်းလောင်းလှူပွဲအား ကျင်းပခြင်း ဖြစ်သည်။


''သီပေါမင်းပါတော်မူပြီးနောက် ပိုင်းမှာ ဒီဘုရားဆင်းတုတော်တွေ တိုင်းတစ်ပါးလက်ထဲမရောက်အောင် မန္တလေးတောင်တော်ဆရာတော် ကြီးတွေနဲ့ မင်းညီမင်းသားတွေက လိုက်လံပင့်ဆောင်ပြီး ရတနာပုံ ရွှေနန်းတော်မှာ ပူဇော်ထားခဲ့ ပါတယ်။ သုံးနှစ်လောက်အကြာမှာ တော့ အများပြည်သူဖူးမြော်နိုင် အောင် ရွှေကျီးမြင်ဘုရားမှာအပူ ဇော်ခံထားသင့်တယ်လို့ဆုံးဖြတ်ပြီး အခမ်းအနားနဲ့ ပင့်ဆောင်ခဲ့ပါတယ်။ ဒီလိုပြောင်းရွှေ့ပင့်ဆောင်တဲ့ အခမ်းအနားကိုလည်း ပန်းချီရေးဆွဲပြီး မှတ်တမ်းတင်ထားတဲ့ ပန်းချီကား တွေ ဒီဘုရားရဲ့အရှေ့မြောက်ထောင့် က ဓမ္ဓာရုံမှာချိတ်ဆွဲပြသထားပါ တယ်''ဟု ရွှေကျီးမြင်ဘုရားဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောသည်။


အဆိုပါရှေးဟောင်းရုပ်ပွား တော်များမှာ စိန်ဘုရား၊ မြဘုရား၊ အညာသီဟတောဘုရား၊ ရွှေလင်း ပင်ဘုရားများဖြစ်ကြရာ ရွှေကျီးမြင် ဘုရားသို့ပင့်ဆောင်ခဲ့ခြင်း အထိမ်း အမှတ်အဖြစ် နှစ် ၁၂ဝ ပြည့်စဉ်က ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ ခဲ့ပြီး ယခုနှစ် ၁၃ဝ မြောက်တွင် ဘုရား အမှူးရှိသော သံဃာတော် ၁၃၁ ပါးတို့အားပင့်ဖိတ်၍ အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဘုရား အနေကဇာတင်ခြင်း၊ ရေစက်ချတရား နာယူခြင်းများ ဆောင်ရွက်ကာ ဆွမ်းဆန်စိမ်းလောင်းလှူကြမည် ဖြစ်ကြောင်း သိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top