HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

(၁၄) နှစ်မှ (၁၈)နှစ်အရွယ် ကလေးများကို ကုန်ထုတ်လုပ်ငန်းများတွင် တစ်နေ့ အလုပ်ချိန် လေးနာရီထက် ကျော်လွန်ခိုင်းစေသည်ဟု တိုင်ကြားလာမှုများ မရှိဟုဆို  

(၁၄) နှစ်မှ (၁၈)နှစ်အရွယ် ကလေးများကို ကုန်ထုတ်လုပ်ငန်းများတွင် တစ်နေ့ အလုပ်ချိန် လေးနာရီထက် ကျော်လွန်ခိုင်းစေသည်ဟု တိုင်ကြားလာမှုများ မရှိဟုဆို   

ရန်ကုန်၊ ဇွန် ၁၁

(၁၄)နှစ်မှ (၁၈)နှစ် အရွယ် ကလေးများကို ကုန်ထုတ်လုပ်ငန်းများတွင် တစ်နေ့အလုပ်ချိန် လေးနာရီထက် ကျော်လွန်ခိုင်းစေသည်ဟု တိုင်ကြားလာမှုများ မရှိသေးကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံတွင် အသက် (၁၄)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကလေးများကို သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာန၏ ဆေးထောက် ခံချက် ပါရှိပါက တရားဝင် အလုပ်လုပ်ကိုင် ခွင့် ပြုထားပြီး ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေအရ ယင်းကလေးများကို တစ် နေ့အလုပ်ချိန် လေးနာရီသာ ခိုင်းစေရန် ပြဋ္ဌာန်းထားခြင်းဖြစ်ပြီး၊ လက်ရှိတွင် ယင်း ပြဋ္ဌာန်းချက်ကို ကျော်လွန်ခိုင်းစေသဖြင့် တိုင်ကြားလာမှု မရှိသလို၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေရေးရာ စစ်ဆေးရေးဦးစီး ဌာန၏ စက်ရုံများ ကွင်းဆင်းစစ်ဆေးမှုများ အရလည်း မတွေ့ရှိရကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ဇွန် ၁၁ ရက်က ရန်ကုန်မြို့ Pan pacific ဟို တယ်တွင် ILO မှ ပြုလုပ်သည့် ကမ္ဘာ့က လေး အလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေး နေ့ ဖွင့်ပွဲအခမ်းအနားအပြီး မီဒီယာများသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

''အသက် (၁၄)နှစ်နဲ့ (၁၈)နှစ်ကြား ကို ကုန်ထုတ်လုပ်ငန်း၊ အထူးသဖြင့် စက်ရုံတွေမှာ အလုပ်ချိန်လေးနာရီထက် ပိုခိုင်းလို့ တိုင်ကြားလာမှု လောလာဆယ် လုံးဝ မရှိပါဘူး။ စစ်ဆေးမှုအရလည်း တွေ့တာ မရှိပါဘူး။ ကျွန်တော်တို့ လေ့လာနေတဲ့ ပြီး ခဲ့တဲ့ သုံးနှစ်၊ လေးနှစ်အတွင်းလောက်မှာ မှ နှစ်မှုလောက်ပဲ ရှိခဲ့ဖူးပါတယ်။ အဲဒါက အလုပ်ခွင်မှာ သတ်မှတ်အသက်အရွယ် မရှိဘဲ ခိုင်းနေတာမျိုး ဒါကိုလည်း ဥပဒေ အရ ကျွန်တော်တို့ အရေးယူနိုင်ခဲ့ပါတယ်'' ဟု ညွှန်ကြားရေးမှူးချုပ်ဦးညွန့်ဝင်းက ပြော သည်။


လက်ရှိ အလုပ်ရုံ၊ အလုပ်သမားဥပ ဒေရေးရာ စစ်ဆေးရေးဦးစီးဌာနရုံးများရှိရာ နယ်မြေများမှ ကောက်ခံထားသည့်စာ ရင်းအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနတို့တွင် အသက် (၁၄)နှစ်မှ (၁၈)နှစ်အရွယ် ကလေး အလုပ်သမား ၁၅ဝဝဝ ဝန်းကျင်သာရှိ ကြောင်း၊ ၎င်းင်းအရေအတွက်သည် တရား ဝင်ကဏ္ဍတွင် အလုပ် လုပ်ကိုင်နေသည့် အရေအတွက်သာဖြစ်ပြီး တရားမဝင်ကဏ္ဍ တွင် အလုပ် လုပ်ကိုင်နိုင်သည့် အရေအ တွက်ကိုမူ ကောက်ခံနိုင်ခြင်း မရှိသေးကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆိုထားသည်။


''ဆင်းရဲမွဲတေမှုက ကလေးငယ်တွေ ကို အလုပ်ခွင်ထဲသို့ တွန်းပို့နေတဲ့ အကြောင်း အရာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား လျော့နည်းသွားတယ် လို့ဆိုပေမယ့် ခြောက်သိန်းကျော်တဲ့ ကလေး အလုပ်သမားတွေက ဘေးအန္တရာယ်ရှိတဲ့ (သို့မဟုတ်) ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အလုပ်တွေကို လုပ်ကိုင်နေရပြီး ကျန်းမာ ရေး၊ လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ထိခိုက်နစ်နာနေရပါတယ်''ဟု ILO  ဆက် သွယ်ညှိနှိုင်းရေးအရာရှိ Rory Mungoven က ထောက်ပြပြောဆိုထားသည်။


အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာအဖွဲ့(ILO)၏ ၂ဝ၁၅ ခုနှစ်က ကောက် ခံထားသည့် လုပ်သားအင်အား စာရင်းအရ အသက် ငါးနှစ်မှ (၁၇)နှစ်အရွယ် ကလေး ၁ ဒသမ ၁၃ သန်းသည် ကလေးအလုပ် သမားများဖြစ်နေကြောင်း၊ အဆိုပါကလေး အလုပ်သမားများထဲမှ ထက်ဝက်ခန့်သည် ဘေးအန္တရာယ်ရှိသည့် လုပ်ငန်းများတွင် အလုပ် လုပ်ကိုင်နေရကြောင်း၊ ကလေးအ လုပ်သမားများကို အများဆုံး အသုံးပြုနေ သည့် လုပ်ငန်းခွင်များသည် စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေး၊ လက်လီနှင့် လက် ကားဖြန့်ဖြူးရောင်းချရေး၊ မော်တော်ကား ထုတ်လုပ်ရေး စသည်တို့တွင်ဖြစ်ကြောင်း ဖော်ပြထားသည်။

ZC

#democracytoday

Rate this item
(0 votes)
back to top