HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဖမ်းဝရမ်း ထုတ်ထားသည့် ဦးဝီရသူကို ထောက်ခံသူများ ထပ်မံချီတက်ကာ ကမ္ဘာအေးစေတီတော်၌ ဆုတောင်း  

ဖမ်းဝရမ်း ထုတ်ထားသည့် ဦးဝီရသူကို ထောက်ခံသူများ ထပ်မံချီတက်ကာ ကမ္ဘာအေးစေတီတော်၌ ဆုတောင်း   

ရန်ကုန်၊ ဇွန် ၁၁ 

ဖမ်းဝရမ်း ထုတ်ထားသည့် ဆရာတော်ဦးဝီရသူကို ထောက်ခံသူများထပ်မံချီတက်ကာ ကမ္ဘာအေးစေတီတော်၌ ဆု တောင်းခဲ့သည်။ ဇွန် ၁၁ ရက် မွန်းလွဲ ၁ နာရီ မှ စတင်ကာ ထောက်ခံသူ ရဟန်းသံဃာ အင်အားထောင်ချီက စွယ် တော်မြတ်စေတီတော်တွင် စုရပ် လုပ်ပြီး မရမ်းကုန်းမြို့နယ်၊ ကမ္ဘာ အေးစေတီတော်သို့ ချီတက်ကြခြင်း ဖြစ်သည်။ အမျိုးသားရေး တပ်ပေါင်းစု (ရန်ကုန်)၊ နာယက ကိုမင်းမင်းက ''အခုဆိုရင် ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ကာကွယ်နေတဲ့ရဟန်း ပုဂ္ဂိုလ်တွေကိုလည်း တရားစွဲတယ်။ အဲ့ဒီအတွက် ဆုတောင်းပွဲလုပ်တာ''ဟု ဒီမိုကရေစီတူဒေး၏ မေး မြန်းမှုကို ဖြေကြားသည်။ စီတန်းလှည့်လည်မှုကို သက် ဆိုင်ရာရဲတပ်ဖွဲ့ထံ ခွင့်ပြုချက်မ တောင်းကြောင်း ၎င်းင်းကပြောသည်။

စီတန်းလှည့်လည် ချီတက်ရာတွင် ''မြန်မာပြည်ကြီး ငြိမ်း ချမ်းပါစေ၊ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်ပါစေ၊ ဗုဒ္ဓသာသနာ အန္တရာယ်များ ကင်းဝေးပါစေ၊ ဆရာ တော်ဦးဝီရသူ ဘေးရန်ကင်းပါစေ၊ ဆရာတော် ဦးဝီရသူ စိတ်ဆင်းရဲ ကင်းပါစေ၊ ကိုယ်ဆင်းရဲ ကင်းပါ စေ၊ ဗုဒ္ဓသာသနာနှင့် သံဃာတော်များ ဖိနှိပ်ချုပ်ခြယ်ခံရခြင်းမှ ကင်း ဝေးကြပါစေ၊ လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပဒ် ရန်ဘေးကင်းစဉ်ဝေး ငြိမ်းအေးကြ ပါစေ''ဟု အချက်ရှစ်ချက်ကိုြေ<ွကး ကြော်ခဲ့ကြသည်။ ခွင့်ပြုချက်မတောင်းသဖြင့် အရေးယူရန် စိစစ်လျက်ရှိကြောင်း မရမ်းကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးနိုင်ကပြောသည်။


''အထက်ကို တင်ပြထားတယ်။ အရေးယူဖို့ စိစစ်တုန်းပဲ''ဟု ၎င်းင်း က ဒီမိုကရေစီတူဒေးသို့ ပြောသည်။  ဇွန် ၁ဝ ရက် မွန်းလွဲပိုင်းက လည်း ဦးဝီရသူ ဘေးကင်းရေးအ တွက် ထောက်ခံသူ အင်အားထောင်ချီက ဗဟန်းမြို့နယ်၊ ရွှေတိဂုံစေတီ တော် အရှေ့ဘက်မုခ် ကြေးသွန်း ဘုရားကြီးရှေ့မှစတင်ကာ ရန်ကုန် မြို့တော်ခန်းမရှေ့သို့ လမ်းလျှောက် ချီတက် မေတ္တာပို့ခဲ့ကြသည်။


ယင်းစီတန်းလှည့်လည် ဆု တောင်းပွဲကို ခွင့်ပြုချက်မတင်ဘဲ ပြုလုပ်ခဲ့သဖြင့် ဦးဆောင်ပါဝင်သူ ဆရာတော် ဦးတေဇဝန္တပါ သံဃာ လေးပါးနှင့် တင်ထွဋ်ဇော်ပါငါးဦး ကို ဗဟန်းမြို့မရဲစခန်းတွင် ငြိမ်းစု စီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားသည်။ ဖမ်းဝရမ်းထုတ်ထားသည့် ဦးဝီရသူကို ယနေ့ထိ ဖမ်းမိသေး ပေ။

WYHW

#democracytoday

Rate this item
(0 votes)
back to top