HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အစားအသောက် ထုတ်ကုန်များပေါ်တွင် 'FDA ထောက်ခံချက် ရပြီး' ဆိုသည့် စာသားရေးသား ထုတ်လုပ်ရန် ဆောင်ရွက်မည် ဟုဆို

အစားအသောက် ထုတ်ကုန်များပေါ်တွင် 'FDA ထောက်ခံချက် ရပြီး' ဆိုသည့် စာသားရေးသား ထုတ်လုပ်ရန် ဆောင်ရွက်မည် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၁

လုံခြုံ ဘေးကင်း၍  FDA ထောက်ခံချက် ရရှိထားသည့် အစားအသောက် ထုတ်ကုန်များပေါ်တွင် ' FDA ထောက်ခံချက်ရပြီး'ဆိုသည့် စာသားများရေးသားထုတ်လုပ်ရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။ အဆိုပါဆောင်ရွက်ချက်ကို ၂ဝ၁၈ ခုနှစ်အတွင်း အကောင် အထည်ဖော်မည်သွားမည်ဟု'(၄၆) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာ ရေးဆိုင်ရာညီလာခံ' တက်ရောက်ရင်း FDA မှ တာဝန်ရှိသူတစ်ဦးကပြောသည်။


''ကျွန်တော်တို့ပြည်ထောင်စုဝန်ကြီး လိုလားတာရှိတယ်။ Approve ဆိုပြီးတော့ အပေါ်မှာ ရေးပေးဖို့။ FDA  ရဲ့ထောက်ခံချက်ရပြီးဆိုတဲ့ဟာကို ကျွန်တော်တို့လုပ်ဖို့ရှိတယ်။ နိုင်ငံတကာမှာ တော့ အဲဒီလိုတော့မရေးဘူး။ နိုင်ငံတကာနဲ့ယှဉ်လို့မရဘူး။ ကျွန် တော်တို့ဆီက တောရောမြို့ပါ အသိပညာနည်းတဲ့သူတွေကများတယ်။ များတော့ FDA ရဲ့ ထောက်ခံချက်ရပြီးဆိုတဲ့ စာသားများပါရင် သူ့အတွက် လွယ်လွယ်ကူကူစိတ်ချလက်ချစားလို့ရတယ်။ ပြည်ထောင်စုဝန်ကြီးက ဒါကို လမ်းညွှန်ထားတယ်''ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။ ယင်းအစီအစဉ်ကို စီးပွားရေး လုပ်ငန်းရှင်တချို့က သဘောတူနေ ပြီဖြစ်သော်လည်း အချို့ကဆောင်ရွက်ရန်ခက်ခဲနေသည့်အတွက် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။


''ဝိသမလောဘသားတွေရှိသလို တကယ့်ကိုတာဝန်သိတဲ့စီး ပွားရေးလုပ်ငန်းရှင်များလည်း ရှိပါတယ်။ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ကပြောတယ်။ ယမ်ယမ်ခေါက်ဆွဲလုပ်ငန်းရှင်ကပြောတယ်။ FDA က ထောက်ခံချက် ပေးထားတာကို ထောက်ခံချက်ရပြီးဖြစ်တဲ့အကြောင်း ရေးသားထုတ်လုပ်ဖို့သဘောတူတယ်။ ဆရာတို့အနေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေနဲ့ညှိနှိုင်းပြီး ဒီနှစ်အတွင်းမှာ အကောင်အထည်ဖော်သွားဖို့ရှိပါတယ်''ဟု ၎င်းကဆက်လက်ပြောသည်။ အစားအသောက်ထုတ်ကုန်များတွင် FDA  ထောက်ခံချက်ရ ပြီး'ဆိုသည့် စာသားရေးသားထုတ် လုပ်ရန် ၂ဝ၁၇ ခုနှစ် မတ်လမှစတင်နှိုးဆော်ခဲ့သော်လည်း ၂ဝ၁၈ ခုနှစ်နှစ်စအထိ အကောင်အထည် မဖော်နိုင်သေးသောကြောင့်ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။


TTHL

#democracytoday

Rate this item
(0 votes)
back to top