HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရွှေစက်တော် ဘုရား၌ မိုးခို ဈေးရောင်းနေသူများအား ကြော်ငြာစာပေး၍ နေခွင့်မပေးသည့်ကိစ္စ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

ရွှေစက်တော် ဘုရား၌ မိုးခို ဈေးရောင်းနေသူများအား ကြော်ငြာစာပေး၍ နေခွင့်မပေးသည့်ကိစ္စ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

မင်းဘူး၊ မေ ၁၃

ရွှေစက်တော် ဘုရားကြီးတွင် မိုးခိုကာ ဈေးရောင်းချသူများအား ကြော်ငြာစာပေး၍ နေခွင့်မပေးသဖြင့် ဈေးသည် ၆ဝ ကျော်ခန့် ဒုက္ခရောက်နေသည့်ကိစ္စ နှင့်ပတ်သက်၍ မေ ၁၂ ရက်က မင်းဘူး စကုမြို့နယ် မန်းရွှေစက် တော်ဘုရားဝင်း ခေမာသီဝံဘုန် ကြီးကျောင်းတွင် ဈေးသည်များက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ ကြောင်း သိရသည်။

ဘုရားပွဲတော်ကာလပြီးသော်လည်း ဘုရားကြီးတွင် မိုးခိုကာ နှစ်စဉ်ဈေးရောင်းချမှုများ ရှိခဲ့သော်လည်း ယခုနှစ်မိုးခိုဈေးသည်များအား ဘုရားကြီးတွင် နေခွင့်မပေး ကြောင်း မေ ၉ ရက်က မန်းရွှေ စက်တော်ဂေါပကအဖွဲ့မှ ကြော် ငြာစာထုတ်ခဲ့သည်။ အဆိုပါကြော်ငြာစာတွင် မန်းရွှေစက်တော်ရာ ဘုရားတောင် ပေါ်၊ တောင်အောက်နှင့် ဝတ္တကနယ်မြေအတွင်းရှိ မိုးခိုဈေးသည် များအားလုံး မေ ၁၂ ရက်နောက် ဆုံးထားပြီး မိမိတို့နေရပ်ဌာနကို ပြန်ကြရန်ပါရှိပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မိုးခိုဈေးသည်များက တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ဂေါပကထံ အသနားခံစာတင်ထားသော်လည်း ထူးခြားမှုမရှိသေးကြောင်း ဈေးသည်များ၏ ထုတ်ပြန်ချက်အရ သိရသည်။


မိုးခိုဈေးသည်တစ်ဦးဖြစ်သည့် ဒေါ်ပြုံးက ''ကျွန်မတို့မိုးခို ဈေးသည်တွေက ကျွန်မတို့အရပ် ဒေသတွေမှာ အလုပ်အကိုင်အဆင်မပြေလို့ စားဝတ်နေရေးအတွက် မန်းရွှေစက်တော်ဘုရားပွဲတော် ကြီးပြီးပေမယ့် ဘုရားကြီးကိုမှီခိုပြီး ဈေးရောင်းချနေတာဆယ်နှစ်ရှိပါ ပြီ။ ကလေးတွေ ပညာရေး၊ မိုးခို ဈေးသည်တွေ စားဝတ်နေရေးအ ဆင်မပြေမှုတွေ ကြုံတွေ့ရမှာပါ'' ဟု ပြောသည်။ မန်းရွှေစက်တော်ဘုရားကြီးတွင် မိုးခိုဈေးရောင်းချသည့် ဈေးသည်များသည် ဂေါပကအဖွဲ့သို့ တစ်နေ့မီးဖိုး ငွေကျပ် ၆ဝဝ ပေး ဆောင်ခဲ့ကြောင်းသိရပြီး ဘုရားကြီး သန့်ရှင်းရေး၊ ပန်းရေချမ်းကပ်လှူမှုများလည်း နေ့စဉ်မပျက်ဆောင်ရွက်လျက်ရှိကာ ဂေါပကအဖွဲ့မှ စည်းကမ်းသတ်မှတ်ပေးလျှင်လည်း လက်ခံသွားမည်ဖြစ်ကြောင်း ဈေးသည်များက ပြောကြားသည်။


မန်းရွှေစက်တော်ဂေါပကအ ဖွဲ့ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ''မိုးခိုဈေးသည်တွေကို ကျွန်တော်တို့ မထိန်းသိမ်းနိုင်လို့ မိမိနေရပ်ပြန်ကြဖို့ ပြောတာပါ။ ဘုရားဖူးလာသူတွေ အဆင်ပြေစေဖို့ တင်ဒါခေါ်မယ်။ သူတို့လည်း ပြန်လျှောက်လို့ရပါ တယ်။ ဆိုင်ခန်းလေးတွေထွက်ရှိ နိုင်ဖို့ ပြန်ဆောင်ရွက်မှာပါ'' ဟု ပြောသည်။ ထမင်းဆိုင်၊ အမှတ်တရအထည်ဆိုင်၊ အအေးဆိုင်၊ ကွမ်းယာဆိုင် စသည်ဖြင့် ဘုရားကြီးတောင် ပေါ်၊ တောင်အောက် ဝတ္တကနယ် မြေအတွင်း မိုးခိုဈေးသည်ဆိုင်ခန်း ၆ဝ ကျော်ခန့်ရှိကြောင်းသိရသည်။

ZZ
#democracytoday

Rate this item
(0 votes)
back to top