HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

နိုင်ငံတော် အတိုင်ပင်ခံရုံးက မေလအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူအဖြစ် ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်ရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ရွေးချယ်

နိုင်ငံတော် အတိုင်ပင်ခံရုံးက မေလအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူအဖြစ်  ထိန်ပင်အမှိုက်ပုံ မီးငြှိမ်းသတ်ရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသူများကို ရွေးချယ်

ရန်ကုန်၊ မေ ၁၄ 

နိုင်ငံတော်အတိုင်ပင်ခံရုံးက မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ထိန်ပင်အမှိုက်ပုံမီးငြှိမ်းသတ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ရွေးချယ်ကြောင်း ကျေးဇူးတင်လွှာထုတ်ပြန်ခဲ့သည်။ မေ ၁၃ ရက် ရက်စွဲဖြင့် နိုင်ငံ တော်၏အတိုင်ပင်ခံရုံးက ပြည်သူသို့ကျေးဇူးတင်လွှာထုတ်ပြန်ခဲ့ ခြင်းဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

မေလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ထိန်ပင်အမှိုက်ပုံမီး ငြှိမ်းသတ်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့်အလှူရှင်အဖွဲ့အစည်းများ၊ ပြည်သူပြည်သားများအားရွေးချယ်၍ ဤကျေးဇူးတင်လွှာကိုထုတ်ပြန်ကြောင်းပါရှိသည်။  စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ်ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုလျှင် မည်သို့သောစိန်ခေါ်မှု၊ မည်သို့သောအခက်ခဲမျိုးကိုမဆို ကျော်လွှားအောင်မြင်နိုင်ကြောင်းကို ထိန်ပင်အမှိုက်ပုံမီးလောင်မှုဖြစ်စဉ်က အထင်အရှားသက်သေပြဆို နေပြီဖြစ်ရာ နိုင်ငံတော်ရှေ့ဆက် လျှောက်လှမ်းမည့်ခရီးလမ်းတစ် လျှောက်စုပေါင်းအင်အားဖြင့် ဝိုင်း ဝန်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံလျက်မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်းလည်းပါရှိသည်။


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိထိန်ပင်သုသာန် ရှိစည်ပင်သာယာအမှိုက်ပုံသည် အပူချိန်လွန်ကဲမှုကြောင့် ၂၁.၄. ၂ဝ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၄ဝ မိနစ်မှ စတင်မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး စက်ယန္တရားအရေအတွက်များစွာနှင့်လူအင်အားမြောက်များစွာရက်ရှည်ကြိုးပမ်းငြှိမ်းသက်ခဲ့ကြရပြီး ၂.၅.၂ဝ၁၈ ရက်မှအပြီးသတ်မီးငြှိမ်းသတ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။ မှတ်တမ်းများအရ မီးသတ်တပ်ဖွဲ့ဝင်များအပါအဝင်၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီဝန်ထမ်းများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှအရာရှိ/စစ်သည်များ(ဆေးတပ် အပါအဝင်)စုစုပေါင်း ၃၂၈၇ ဦးအထိ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

 YM

#democracytoday

Rate this item
(0 votes)
back to top