HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

နည်းဥပဒေများ အချိန်မီ မရေးဆွဲနိုင်သဖြင့် ဥပဒေများကို လက်တွေ့ ကျင့်သုံးရာတွင် အားနည်းချက်များ ဖြစ်ပေါ်နေဟုဆို

နည်းဥပဒေများ အချိန်မီ မရေးဆွဲနိုင်သဖြင့် ဥပဒေများကို လက်တွေ့ ကျင့်သုံးရာတွင် အားနည်းချက်များ ဖြစ်ပေါ်နေဟုဆို

ရန်ကုန်၊ မေ ၁၅

နည်းဥပဒေများ အချိန်မီမရေးဆွဲနိုင်ခြင်းကြောင့် ဥပဒေများကို လက်တွေ့ကျင့်သုံးနိုင်ရာတွင် အားနည်းချက်များဖြစ် ပေါ်နေဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက ပြောသည်။ မေ ၁၅ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ်ဦးတင် ထွေးက ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးထုတ်ပြန်ပြီးသည့် မူလဥပဒေများကို နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် အကောင်အထည်ဖော် ကျင့်သုံးရမည့် ပြည်ထောင်စုအဖွဲ့အစည်းများက တစ်ဆင့်ခံဥပဒေဖြစ်သည့် နည်းဥပဒေများကို အချိန်နှင့်တစ် ပြေးညီ ရေးဆွဲထုတ်ပြန်ကျင့်သုံး ပေးပါရန် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကို တိုက်တွန်း ကြောင်းအဆို တင်သွင်းခဲ့ပြီးယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''လွှတ်တော်များက တိုက်ရိုက်ဥပဒေဖြစ်တဲ့ မူရင်းဥပဒေများကို ရေးဆွဲပြီးတော့ နိုင်ငံတော်သမ္မတကြီးမှ လက်မှတ်ရေးထိုး အတည်ပြုပြီးတဲ့နောက်မှာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများက လက်တွေ့အကောင် အထည်ဖော်ကျင့်သုံးရတာပဲဖြစ်ပါတယ်။ မူရင်းဥပဒေကို နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးကို ထိ ရောက်စွာ လက်တွေ့ကျင့်သုံးနိုင်ဖို့ဝန်ကြီးဌာနများ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများက မည်သို့ မည်ပုံ လိုက်နာကျင့်သုံးရမည်လို့ တိကျရှင်းလင်းစွာ ရေးဆွဲထားတဲ့ တစ်ဆင့်ခံဥပဒေများကို အချိန်နဲ့တစ်ပြေးညီ ရေးဆွဲပြီးတော့ ပြည် ထောင်စု အစိုးရအဖွဲ့ရဲ့ အတည် ပြုချက်နဲ့ မူလပြဋ္ဌာန်းဥပဒေများကို လက်တွေ့အကောင်အထည် ဖော်တဲ့နေရာမှာ နည်းဥပဒေများကို အချိန်မီမရေးဆွဲကြတဲ့အတွက်၊ အချို့ဆို လုံးဝရေးဆွဲခြင်းမရှိသေးတဲ့အတွက် အားနည်းချက်တွေဖြစ် ပေါ်နေတာ တွေ့ရပါတယ်''ဟု ဦးတင် ထွေးကဆိုသည်။


ပထမအကြိမ် လွှတ်တော်သက်တမ်းမှ ယခုဒုတိယအကြိမ် လွှတ်တော်သက်တမ်းအထိမူရင်း ဥပဒေ(၅၉)ခုကို တစ်ဆင့်ခံဥပဒေ ဖြစ်သော နည်းဥပဒေများရေးဆွဲရ ခြင်းမရှိသေးကြောင်း ဦးတင်ထွေးက ပြောသည်။ အဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဦးက ထောက်ခံခဲ့ပြီး ''ဥပမာအနေနဲ့ တင်ပြရမယ်ဆိုရင် လယ်ယာမြေ ဥပဒေကို ပထမအကြိမ် လွှတ် တော်သက်တမ်းကာလဖြစ်တဲ့ ၂ဝ၁၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီး ခေတ်စနစ်နဲ့ မကိုက်ညီတဲ့အချက်များကို ထပ်မံပြင်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ သော်လည်း မူလဥပဒေကို အခြေခံ ပြီးရေးဆွဲထားတဲ့ နည်းဥပဒေကို ယနေ့အထိ ပြင်ဆင်နိုင်ခြင်းမရှိသေး တာကို တွေ့ရပါတယ်''ဟုဆိုသည်။ အဆိုကို လွှတ်တော်အတွင်း လက်ခံဆွေးနွေးရန် ကန့်ကွက်သူ မရှိသဖြင့် လက်ခံဆွေးနွေးမည်ဖြစ် ကြောင်းနှင့် ဆွေးနွေးလိုသောကိုယ် စားလှယ်များအနေဖြင့် မေ ၁၆ ရက်နေ့ နောက်ဆုံးထား အမည် စာရင်းတင်သွင်းရန် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌမှ ကြေညာခဲ့သည်။


YM, MO

#democracytoday

Rate this item
(0 votes)
back to top