HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မူဆယ်တွင် တိုက်ခိုက်ခံရမှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိသူများအတွက် ဝမ်းနည်းကြောင်း အဆို ကန့်ကွက်သူ မရှိ လွှတ်တော် မှတ်တမ်းတင်

မူဆယ်တွင် တိုက်ခိုက်ခံရမှုကြောင့် သေဆုံး၊  ဒဏ်ရာ ရရှိသူများအတွက် ဝမ်းနည်းကြောင်း အဆို ကန့်ကွက်သူ မရှိ လွှတ်တော် မှတ်တမ်းတင်

ရန်ကုန်၊ မေ ၁၅

မူဆယ်တွင် KIA/TNLA လက်နက်ကိုင်အဖွဲ့များ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများအတွက် ဝမ်းနည်းကြောင်းအဆိုကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်က ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

မေ ၁၅ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက မေ ၁၂ ရက် နံနက်ပိုင်းက မူဆယ်မြို့နယ်အတွင်းရှိ လုံခြုံရေးဂိတ်စခန်းနှင့် မြို့တွင်းရှိ နေအိမ်များသို့ KIA/TNLA လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး၊ ဌာနပြည်သူ့စစ်တပ်ဖွဲ့ဝင်လေးဦး ကျဆုံးကာ ဒဏ်ရာရသူ ၂၇ ဦး အတွက် စာနာထောက်ထားကြောင်းနှင့် သေဆုံးသူမိသားစုနှင့်အတူ ဝမ်းနည်းပါကြောင်းအဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

 

''ပြည်သူက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့် အပြစ်မဲ့တိုင်းရင်းသားပြည်သူများနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် တာဝန်ထမ်း ဆောင်နေကြသူများ၏ အသက်ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဂရုပြုစာနာထောက်ထားသောအားဖြင့် အထက်ပါဝမ်းနည်း ကြောင်းအဆိုကို တင်သွင်းအပ်ပါတယ်''ဟု ဦးသန်းစိုးက ပြောသည်။


မေ ၁၂ ရက် နံနက် ၅ နာရီ ခန့်မှစတင်ကာ မူဆယ်မြို့နယ် ပန်ခမ်းတံတားအနီး KIA/TNLA ပူးပေါင်းအဖွဲ့ဝင် ၅ဝ ခန့်ကလည်းကောင်း၊ မူဆယ်မြို့နယ်နေ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တစ်ဦး၏ နေအိမ်တစ်ဝိုက်အား အင်အား ၃ဝ ဦးကလည်းကောင်း၊ မန်ဝင်ဂိတ်အား အင်အား ၁ဝ ဦးခန့်ကလည်းကောင်း၊ မူဆယ်မြို့ နယ် ပန်ခမ်းတံတားအနီး ညောင်ရမ်းကျေးရွာရှိ အပြစ်မဲ့ပြည်သူများအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးသန်းစိုးက ပြောသည်။ အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက ထောက်ခံခဲ့ပြီး လွှတ်တော်၏သဘောထားရယူရာ ကန့်ကွက်သူမရှိသဖြင့် အဆိုကို လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။ 

YM

#democracytoday

Rate this item
(0 votes)
back to top