HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဆောက်လုပ်ရေး လုပ်ငန်းများကို လွတ်လပ်သော တတိယ အဖွဲ့အစည်းဖြင့် စိစစ်နေသော်လည်း စနစ်ကျမှု အားနည်းပြီး ရည်ရွယ်ချက်နှင့် လွဲချော်နေ ဟုဆို

ဆောက်လုပ်ရေး လုပ်ငန်းများကို လွတ်လပ်သော တတိယ အဖွဲ့အစည်းဖြင့် စိစစ်နေသော်လည်း စနစ်ကျမှု အားနည်းပြီး ရည်ရွယ်ချက်နှင့် လွဲချော်နေ ဟုဆို

ရန်ကုန်၊ မေ ၁၅

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆောက်လုပ် ရေးလုပ်ငန်းများကို လွတ်လပ် သော တတိယအဖွဲ့အစည်း (Third Party)စနစ်ဖြင့် အရည်အသွေး စိစစ်နေသော်လည်း စနစ်ကျမှု အားနည်းနေပြီး ရည်ရွယ်ချက်နှင့် လွဲချော်နေကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောသည်။

မေ ၁၅ ရက် ပြည်သူ့လွှတ် တော် အစည်းအဝေးတွင် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က လမ်း၊ တံတား၊ အဆောက်အအုံ တည် ဆောက်ရေးလုပ်ငန်းများတွင် အရေးပါသည့် Third Party စနစ် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်သော Myanmar National Building Code(MNBC) အား ဘာသာပြန် ပြီး ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းရှင်များသို့ အမြန်ဆုံး ဖြန့် ဝေပေးရန် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲ သတ်မှတ်မှုနှင့် ဆောင်ရွက်ကျင့် သုံးမှု ရှိ၊ မရှိ မေးမြန်းခဲ့ပြီး ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂ဝ၁၇ခုနှစ် နိုဝင်ဘာက ဆောက်လုပ်ရေးလုပ်ငန်းများတွင် Third Party စနစ် ကျင့်သုံးရန် အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုထားကြောင်း သိရသည်။


Third Party စနစ်ကို အတည် ပြုပြီးချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆိုပါ ရည်ရွယ်ချက်အတိုင်း Third Party  များ ဖွဲ့စည်း ဆောင်ရွက်နေသည်ဟု သိရှိရသော်လည်း စနစ်ကျမှုအား နည်း၍ ရည်ရွယ်တာနဲ့လွဲနေတာ အချို့ရှိပါတယ်။ အချို့သော လုပ်ငန်းများတွင် တစ်ခါမျှပင် လာ ရောက် စစ်ဆေးမှုမရှိဘဲ စစ်ဆေးခ ရာခိုင်နှုန်းတစ်ခု သတ်မှတ်၍ ငွေ ကြိုတင် ပေးသွင်းထားရကြောင်း၊ သီးခြားလွတ်လပ်သော အဖွဲ့ အစည်းမဟုတ်ဘဲ အကျိုးစီးပွားနှင့် ဆက်နွှယ်သော အဖွဲ့အစည်း တွေဖြစ်နေကြောင်း၊ တိကျခိုင်မာ သော တာဝန်ယူမှု၊ တာဝန်ခံမှု၊ စာချုပ်စာတမ်းများနှင့် ငှားရမ်း ခိုင်းစေမှုတို့ မပါရှိကြောင်း ကြား သိနေရပါတယ်''ဟု ဒေါ်ယဉ်မင်းလှိုင်က ဆိုသည်။


Third Party စနစ် ထိရောက်ရန် တိကျသော အဆောက်အအုံပိုင်းဆိုင်ရာ အရည်အသွေး သတ်မှတ်ချက်များ ပါဝင်သော မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ (MNBC) ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားပြီး အတည်ပြုနိုင်ရန် မြန်မာဘာသာသို့ ပြန်ဆိုနေကြောင်း ဘာသာပြန်ဆိုထားမှုကို အမြန်ဆုံးအတည် ပြုပြီး ဖြန့်ဝေရန်လည်း ၎င်းကတိုက်တွန်းသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ''မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စည်းမျဉ်းများ 2016 (MNBC) ကို ၂ဝ၁၆ မတ်လမှာ ပြီးစီးခဲ့ပါ တယ်။ အတည်ပြုထုတ်ဝေနိုင်ရန်အတွက် မြန်မာဘာသာသို့ပြန်ဆိုရာမှာ စာမျက်နှာ (၁၁၄၈)မျက် နှာရှိတဲ့အနက် စာမျက်နှာ (၈ဝဝ) ရာနှုန်းအားဖြင့် (၇ဝ) ရာခိုင်နှုန်း ခန့်ကို မြန်မာဘာသာသို့ ပြန်ဆိုထားပြီးဖြစ်ပါတယ်''ဟု ပြောသည်။


ဘာသာပြန်ဆိုခြင်း၊ ပြန်လည်ဆန်းစစ်ခြင်းလုပ်ငန်းများ ပြီးစီးပါက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့အတည်ပြုချက်ရယူကာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ထပ်မံ အတည်ပြုချက်ဖြင့် MNBC ကို ပုဂ္ဂလိကလုပ်ငန်းရှင်များထံသို့ ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း Third Party စနစ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ရေး ဆွဲနေကြောင်း ဒုဝန်ကြီးကထပ် လောင်းပြောသည်။


YM

#democracytoday

Rate this item
(1 Vote)
back to top