HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တာချီလိတ်မြို့သို့ တရားဝင် အထောက်အထား မရှိ ဝင်ရောက်လာသူနှင့် ခေါ်ဆောင်လာသူတို့အား တည်ဆဲ ဥပဒေများဖြင့် ဖမ်းဆီး အရေးယူ  

တာချီလိတ်မြို့သို့ တရားဝင် အထောက်အထား မရှိ ဝင်ရောက်လာသူနှင့် ခေါ်ဆောင်လာသူတို့အား တည်ဆဲ ဥပဒေများဖြင့် ဖမ်းဆီး အရေးယူ   

တာချီလိတ်၊ ဇွန် ၁ဝ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ နယ် မယ်ယန်းပူးပေါင်းစစ်ဆေး ရေးဂိတ်၌ တရားဝင်ခွင့်ပြုချက် အထောက်အထားမရှိဘဲ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ဗီယက်နမ်နိုင်ငံသားတစ်ဦးနှင့် ခေါ် ဆောင်လာသူတို့အား မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း မြို့နယ်အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လက်ထောက်လဝကမှူး ဦးဖြိုးမင်းလတ်နှင့် အဖွဲ့ဝင်များသည် ဇွန် ၉ ရက် ညနေ ၃ နာရီတွင် မိုင်း ဖြတ်မြို့မှ တာချီလိတ်မြို့သို့ ဝင် ရောက်လာသော HAOJUE-110 အမျိုးအစား၊ အနက်ရောင်မော်တော်ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားနှစ်ဦးအား မသင်္ကာ၍ စစ်ဆေးရာ ဆိုင်ကယ်မောင်းသူမှာ မြန်မာနိုင်ငံသား ယန်ဖိန်း(၄၂)နှစ် ပိန်းခမ်း ကျေးရွာ မိုင်းယွန်းအုပ်စု မိုင်းဆတ် မြို့နေသူဖြစ်ပြီးဆိုင်ကယ်နောက်တွင် လိုက်ပါလာသူမှာ ဗီယက်နမ် နိုင်ငံသား Mr.Giang A Do (၄၈) နှစ်၊ ဗီယက်နမ်နိုင်ငံနေသူဖြစ် ကြောင်း၊ ၎င်းတို့အား ဆက်လက်စစ်ဆေးရာ တရားဝင်အထောက် အထားလက်မှတ်မပါဘဲ ဗီယက်နမ် နိုင်ငံ၊ တင်းဖင်ဖို့မြို့မှ ဆိုင်ကယ် ဖြင့် လာအိုနိုင်ငံသို့ ဝင်ရောက်ခဲ့ပြီး လာအိုနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ မိုင်းယောင်းမြို့နယ် အထူး ဒေသ(၄) ကျင်းယန်းဒေသတွင် ငှက်ပျောခြံလုပ်ငန်း လုပ်ကိုင်နေစဉ် ယန်းဖိန်းနှင့် ခင်မင်ရင်းနှီးကာ ၎င်းနေထိုင်ရာ မိုင်းဆတ်မြို့သို့ အလည်လိုက်ရန် ခေါ်ဆောင်ပြီး ဆိုင်ကယ်ဖြင့် နှစ်ဦးအတူထွက် ခွာလာစဉ် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသည်။

''နိုင်ငံခြားသားကလည်း မြန်မာနိုင်ငံအတွင်းကို နယ်စပ်ဖြတ် သန်းခွင့်လက်မှတ်မပါရှိဘဲ လာအိုနိုင်ငံမှ တရားမဝင် ဝင်ရောက်လာပြီး မိုင်းဆတ်မြို့ကို ခေါ်ဆောင်လာသူကလည်း တာဝန်ရှိသူများထံ သတင်းပို့ရန် ပျက်ကွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ် ရေး (လတ်တလောပြဋ္ဌာန်းချက်များ) ကျူးလွန်သဖြင့် ယင်းအက်ဥပဒေပုဒ်မနဲ့ အရေးယူဆောင်ရွက်ထားပါတယ်''ဟု မြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ဗီယက်နမ်နိုင်ငံသား Mr.Giang A Do  (၄၈)နှစ်အား မြန်မာနိုင်ငံအတွင်းသို့ တရားဝင် ဝင်ရောက်ခွင့် အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ဝင်ရောက်ခဲ့သဖြင့် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက် ဥပဒေပုဒ်မ-၁၃(၁)ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်းသို့ ခေါ်ဆောင်လာသူ ယန်ဖိန်း(၄၂)နှစ်အား တာဝန်ရှိသူများထံ သတင်းပို့ရန် ပျက်ကွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ)အက်ဥပဒေပုဒ်မ- ၁၃(၅)အရလည်းကောင်း အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


TT

#democracytoday

Rate this item
(0 votes)
back to top