HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တောင်ကျရေ ပြင်းထန်မှုကြောင့် အမ်း-ကျောက်ဖြူ-တောင်ကုတ် လမ်း၌ ပေ ၁ဝဝ ခန့် ပြတ်တောက်သွား ယာဉ်များ ရပ်တန့်ထားရ

တောင်ကျရေ ပြင်းထန်မှုကြောင့် အမ်း-ကျောက်ဖြူ-တောင်ကုတ် လမ်း၌ ပေ ၁ဝဝ ခန့် ပြတ်တောက်သွား ယာဉ်များ ရပ်တန့်ထားရ

စစ်တွေ၊ ဇွန် ၁၁

ရခိုင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ ပြင်းထန်မှုကြောင့် အမ်း-ကျောက် ဖြူ-တောင်ကုတ်လမ်းမှာ ပေ ၁ဝဝ ခန့် ပြတ်တောက်သွားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။  ''အမ်းကနေပြီးတော့ ကျောက် ဖြူ-တောင်ကုတ်သွားတဲ့ လမ်း၊ အမ်းနဲ့မအီကြားပေါ့နော်။ အဲဒီမှာ တောင်ကျရေကျပြီးတော့ ရေများ ပြီးတော့ ပွင့်ထွက်သွားတယ်။ လက်ရှိပေ ၁ဝဝ လောက်ပြတ်နေတယ်။ လမ်းလုံးဝပျက်သွားတဲ့အတွက် ကားကြီးရော၊ ကားသေးရော၊ လူ ရောလုံးဝကူးလို့ မရတော့ဘူး''ဟု အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ကအတည်ပြုပြောကြားသည်။

မိုင်တိုင်အမှတ် (၂၂ /၅) နှင့် (၂၂/၆) ဖာလုံအကြားတွင် ဇွန်လ ၁ဝ ရက်ညပိုင်းက ပြတ်တောက်သွားခြင်းဖြစ်ပြီး ယင်းသို့ပြတ် တောက်နေမှုကြောင့် အမ်းဘက်မှ ထွက်ခွာလာသည့်ယာဉ်များလမ်း ပေါ်၌ သောင်တင်နေသည်။  ''မိုးကလည်းတအားရွာနေ တော့ အခြေအနေကိုစောင့်ကြည့် နေရတယ်။ သွားလို့လည်းမရတော့ မိုးရွာထဲတော်တော်ဒုက္ခရောက်နေ ရပါတယ်''ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။  ပြတ်တောက်သွားသည့် လမ်းတွင် ယာယီတံတားတစ်စင်းအရေး ပေါ်ထိုးပေးရန် စီစဉ်နေရပြီး လက်ရှိတွင်လမ်းပြတ်နေမှုကြောင့် ခရီးသည်များအား စက်လှေငယ်များဖြင့် ပို့ဆောင်ပေးနေရသည်။


ယာယီတံတားထိုးဖို့အတွက် သံပေါင်တွေ၊ ပစ္စည်းတွေတော့ ရောက်နေပါပြီ။ အခုကသွားလို့မ ရတော့ဘူး။ အခုယာယီတံတားထိုးဖို့လုပ်နေကြတယ်''ဟု ဦးကိုကို မြတ်ကသည်။  အလားတူစစ်တွေ-အမ်းကား လမ်းရှိ အချို့နေရာများတွင် တောင်ကျရေကျော်မှုများ ရှိနေ သော်လည်း ယာဉ်သွားလာ၍ရနေ ပြီး ရခိုင်ပြည်နယ်တွင် ဇွန် ၉ ရက် မှစတင်ကာ ဇွန် ၁၁ ရက်အထိ မိုးသည်းထန်စွာရွာနေခြင်းဖြစ်ကြောင်း သိရသည်။ 

 GC

#democracytoday

Rate this item
(0 votes)
back to top