HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မြင်းခြံဆေးရုံမှ သုံးရက်သား ကလေးကို ခိုးယူသူအား အမြန်လမ်းတွင် ဖမ်းမိ

မြင်းခြံဆေးရုံမှ သုံးရက်သား ကလေးကို ခိုးယူသူအား အမြန်လမ်းတွင် ဖမ်းမိ

ရန်ကုန်၊ ဇွန် ၁၁

မြင်းခြံဆေးရုံမှ သုံးရက်သားကလေးခိုးယူသူကို အမြန်လမ်းတွင်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ မြင်းခြံခရိုင်ပြည်သူ့ ဆေးရုံကြီး အသည်းရောင်အသားဝါ ဓာတ်ကင်ဌာနတွင် ဇွန် ၁ဝ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦးက ကလေးမိခင်မှ ခေါ်ယူခိုင်းသည်ဟုဆိုကာ မွေးကင်းစ သုံးရက်သား ယောက်ျားလေးတစ်ဦးအားခေါ် ယူခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်ဝင်းစန္ဒာက ကလေးရောက်မလာသ ဖြင့် သက်ဆိုင်ရာသို့အကြောင်းကြားခဲ့ကြောင်း မြင်းခြံမြို့နယ်ရဲတပ် ဖွဲ့ထံမှ စုံစမ်းသိရသည်။

ခိုးယူခံရသည့် ကလေးကို မြင်း ခြံမြို့နယ်၊သိမ်ရွာကျေးရွာနေ ဒေါ်ဝင်းစန္ဒာသည် ဇွန် ၈ ရက်က မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီး၌ မွေးဖွားထားခြင်းဖြစ်သည်။ ယင်းကလေးခိုးမှုနှင့်ပတ်သက်ပြီး မြင်းခြံမြို့မရဲစခန်းမှ (ပ) ၃၅၃ / ၂ဝ၁၈ ၊ ရာဇသတ်ကြီးပုဒ်မ-၃၆၃ (အရွယ်မရောက်သေးသည့် ကလေးအားခိုးယူမှု)ဖြင့် ခိုးယူသူကို အမှုဖွင့်ခဲ့သည်။ ကလေးခိုးယူသူအား လိုက်လံစုံစမ်းခဲ့ရာ ဇွန် ၁၁ ရက် ညဥ့် ၁၂ နာရီ ၄၅ မိနစ်တွင် မသင်္ကာအမျိုးသမီးတစ်ဦးအား ကလေး ငယ်တစ်ဦးနှင့်အတူ မြင်းခြံကားကြီးကွင်းတွင် တွေ့ရှိကြောင်း သတင်းအရ မြင်းခြံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကသွားရောက်စုံစမ်းခဲ့ရာ ယင်းအမျိုးသမီးသည် မြင်းခြံမှ ရန်ကုန်သို့ ရွှေမန်းသူခရီးသည် တင်နထစမနျ ယာဉ်ဖြင့် လိုက်ပါသွားသည်ဟုသိရကြောင်း ဇွန် ၁၁ ရက် နံနက် ၄ နာရီခန့်တွင် မြင်းခြံရဲတပ်ဖွဲ့၏ အကူအညီတောင်း ခံချက်အရ ရန်ကုန်-မန္တလေးအမြန်လမ်း အမှတ်(၃)အမြန်လမ်း မကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မိုင်တိုင်အမှတ်(၁၁)တွင် အဆိုပါ ကားအားတားဆီးပြီး စစ်ဆေးခဲ့ရာ မွေးကင်းစကလေးနှင့်အတူ မြင်းခြံမြို့၊ မီးရထားဝင်းအမှတ်(၁၇)နေ ဒေါ်မြင့်မြင့်မော် (၄၂)နှစ်ကို ဖမ်းမိခဲ့ကြောင်း မြင်းခြံမြို့နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။


မြင်းခြံမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ''ကလေးက အဲဒီ ဆေးရုံကြီးမှာမွေးတာ။ အသားဝါလို့ဆိုပြီး ဓာတ်ကင်တာ။ ဓာတ်ကင်တဲ့နေရာက အခိုးခံလိုက်ရတာ။ ကလေးခိုးတဲ့သူက နဂိုကတည်းက အဲဒီမှာ နေနေတာ။ အသိတစ်ယောက် ကလေးမွေးဖွားတယ်ဆိုလို့ ဆွေမျိုးသားချင်းလိုနဲ့ နေနေတာ။ ဓာတ်ကင်တဲ့နေ့ကလည်း ကလေးအမေကသွေးနုသားနုနဲ့ဆိုတော့ သူသွားနိုင်တယ်ဆိုပြီး သွားလိုက်တာ။ ပြန်မလာတော့ဘဲ ခိုးသွားတာ။ ခိုးယူတဲ့လူက အခြေအနေမဲ့တော့မဟုတ်ဘူး။ လက်လုပ်လက်စားပဲ။ သူပြောတာက တော့ ကလေးမရှိလို့ လိုချင်လို့ပြောတယ်။ အဲဒါကြောင့် လုပ်ခဲ့တယ်ပြောတယ်။ ရဲစခန်းမှာ ချုပ်ထားပါတယ်''ဟု ဒီမိုကရေစီတူဒေးသို့ ဇူလိုင် ၁၁ ရက်က ပြောသည်။ 

WYHW, BBMZ

#democracytoday

Rate this item
(0 votes)
back to top