HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မလေးရှားသွားမည့် လူ ၁ဝဝ ကျော် စက်လှေ ပျက်ပြီး ရသေ့တောင်တွင် သောင်တင်နေစဉ် တွေ့ရှိ

မလေးရှားသွားမည့် လူ ၁ဝဝ ကျော် စက်လှေ ပျက်ပြီး ရသေ့တောင်တွင် သောင်တင်နေစဉ် တွေ့ရှိ

 ရန်ကုန်၊ ဇွန် ၁၁

ဘင်္ဂလားဒေ့ရှ် မှနေ၍ မလေးရှားသို့သွားမည့် လူ ၁ဝဝကျော်ကို ရသေ့တောင် မြို့နယ် သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်တွင် အလျား ပေ ၄ဝ၊ အနံ ပေ ၂ဝ၊ စောက်အနက် ၆ ပေရှိ ဝမ်းဗိုက်ထက်ခြမ်းကွဲ ပျက်စီးနေသည့် စက်လှေတစ်စင်းနှင့်အတူ သောင်တင်နေစဉ် တွေ့ရှိခဲ့ ကြောင်းသိရသည်။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် တောင်ပိုင်းဆင်ပိုက်ကျေးရွာနှင့် အောင်ဗလချောင်းဝ အငူ မော်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာ ကြားရှိ ပင်လယ်ကမ်းစပ်တွင် ဇွန် ၁၁ ရက် နံနက်၇ နာရီခွဲက အစ္စလာမ်ဘာသာဝင် ၁ဝ၄ ဦးတို့ စီးလာသည့်စက်လှေတစ်စီးနှင့် တွေ့ ရှိခဲ့ကြောင်းသိရသည်။

၎င်းတို့တွင် အများစုမှာ အမျိုးသမီးများဖြစ်ပြီး အမျိုးသားများနှင့် ကလေးများလည်းပါလာကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂလားပင် လယ်အော်ကိုဖြတ်၍ ရောက်လာ ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ သွား ရောက်မည့်သူများဖြစ်ကြောင်း ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲ အရာကြီးတစ်ဦးက ပြောသည်။ ''အောင်ဗလရွာရဲ့ အနောက်ဘက်ကမ်းခြေမှာ လူတွေသောင်တင်နေတယ်။ သတင်းပို့ချက်အရ ၁ဝ၄ ယောက်တွေ့တာပေါ့။ လူကြီး ရော၊ ကလေးရောပေါင်းပေါ့။ စစ် ဆေးတော့ ဘင်္ဂလားဒေ့ရှ်ဘက်က နေ လှေနဲ့ကူးလာတယ်။ မလေးဘက်ကိုသွားမယ်ဆိုပြီးတော့ လေ တွေတိုက်ပြီး ရာသီဥတုပြင်းထန်ပြီး တော့ ဒီဘက်ကိုရောက်လာတယ်။ ငါးခူရစခန်းကို သူတို့တွေကိုပို့ဆောင်ထားတယ်။ သူကနယ်ခြားစောင့်ရဲ တပ်ဖွဲ့အပိုင်ထဲမှာရှိတာ။ လက်ရှိ မှာ စိစစ်နေတုန်းပဲ''ဟု ၎င်းက ဇွန် ၁၁ ရက်က ပြောသည်။ လက်ရှိတွင် ၎င်းတို့ကို မောင် တောသို့ ခေါ်ဆောင်သွားကြောင်း ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းအောင်ကပြောသည်။


WYHW, GC

#democracytoday

Rate this item
(0 votes)
back to top