HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

လာမည့် ဇူလိုင်တွင် ကျောင်းသားပွဲတော် ကျင်းပမည်

လာမည့် ဇူလိုင်တွင် ကျောင်းသားပွဲတော် ကျင်းပမည်

ရန်ကုန်၊ ဇွန် ၁၂

တက္ကသိုလ် ကျောင်းသားသမဂ္ဂ ခုနစ်ခုပူးပေါင်း၍ လာမည့်ဇူလိုင်တွင် ကျောင်းသားပွဲတော်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါကျောင်းသားပွဲတော်ကို တက္ကသိုလ်နှင့်ကောလိပ်အသီးသီးရှိ ကျောင်းသား၊ ကျောင်းသူများ ရင်းနှီးချစ်ခင်မှုရရှိစေရန်၊ ပညာသင်ယူနေသော နယ်ပယ်အသီးသီးမှ ကျောင်းသားများ၏ ပညာရပ်ဆိုင်ရာ နည်းပညာများကို လွတ်လပ်စွာနှီးနှောဖလှယ်နိုင်စေရန်၊ ကျောင်းသားတစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်အရည်အချင်းကို ထုတ်ဖော်ပြသခွင့် ရရှိစေရန် ရည်ရွယ်၍ကျင်းပခြင်း ဖြစ်ကြောင်း ရေကြောင်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုနိုင်အောင်လူက ပြောသည်။

ပွဲနှင့်ပတ်သက်ပြီး ဇွန် ၁၂ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါကျောင်းသားပွဲတော်ကို ဇူလိုင် ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC တွင် ကျင်းပသွားမည်ဖြစ်ပြီး Project Show, Art Show နှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများပါဝင်မည်ဖြစ် ကြောင်းသိရသည်။ အဆိုပါကဏ္ဍများအတွက် တစ်နိုင်ငံလုံးမှ ကျောင်းသား၊ ကျောင်းသူ မည်သူမဆိုပါဝင်နိုင်ပြီး ဇွန် ၃ဝ ရက်မှ ဇူလိုင် ၇ ရက်အတွင်း စာရင်းပေးသွင်းနိုင် ကြောင်း၊ ဖိတ်ကြားရေးအစီအစဉ်များကို ကျောင်းသားသမဂ္ဂများနှင့် ချိတ်ဆက်လုပ်ဆောင်မည်ဖြစ် ကြောင်း၊ အခြေခံပညာကျောင်းများကို အခြေခံပညာဦးစီးဌာနမှ တစ်ဆင့် ဖိတ်ကြားသွားမည်ဖြစ် ကြောင်း အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး မအေး စန္ဒာအောင်ကပြောသည်။


''ဒီပွဲကနေပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေရဲ့စွမ်းရည်ကို အဓိကပြသနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက်ကြောင့် ကျောင်းသား၊ ကျောင်းသူအားလုံး ပါဝင်လာမယ်လို့ယုံကြည်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ ယခုကျင်းပသည့် ကျောင်းသားပွဲတော်သည် ဒုတိယအကြိမ် ဖြစ်ပြီး ပထမအကြိမ်ပွဲတော်ကို ၂ဝ၁၅ ခုနှစ်ကကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပြီး တက္ကသိုလ် ပေါင်း ၂၅ ခုခန့်နှင့် အထက်တန်း ကျောင်း ၅ဝ ခန့်တို့မှ ကျောင်းသား၊ ကျောင်းသူနှစ်ထောင်ကျော်တက် ရောက်ခဲ့ကြောင်းသိရသည်။

HWA

#democracytoday

Rate this item
(0 votes)
back to top