HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရိုက်တာအမှု တရားခံပြ သက်သေအဖြစ် သတင်းထောက်များ ပါဝင်မည်

ရိုက်တာအမှု တရားခံပြ သက်သေအဖြစ် သတင်းထောက်များ ပါဝင်မည်

ရန်ကုန်၊ ဇွန် ၁၂

ရိုက်တာသတင်း ထောက်နှစ်ဦးအမှုတွင် တရားခံပြသက်သေများအဖြစ် သတင်း ထောက်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ရိုက်တာသတင်းထောက်နှစ် ဦး၏ရှေ့နေ တရားလွှတ်တော်ရှေ့ နေ ဦးခင်မောင်ဇော်က ''ခံပြတွေ စုထားပြီးပြီ။ လိုအပ်တဲ့လူတွေကိုတင်မှာပေါ့။ အတိအကျတော့ ပြောလို့မရသေးဘူး။ အကြောင်း အရာအနေနဲ့ပြောရမယ်ဆိုရင်တော့ ဝလုံးတို့ ရဲတပ်ရင်း (၈) ကို ခေါ် လို့သွားတဲ့အခါမှာ သူတို့ကိုလိုက် ပို့တဲ့လူ။ ကားသမားတွေ။ အဲဒီလို လူတွေပါမယ်။ ဝလုံးတို့ရဲ့ အ ကျင့်စာရိတ္တ၊ သူတို့ဟာ သတင်း ထောက်ကျင့်ဝတ်ကို အမြဲစောင့် ထိန်းတယ်ဆိုတာကို အဲဒါတွေကလည်း သတင်းထောက်တွေထဲက နေ လေးစားလောက်တဲ့ ပုဂ္ဂိုလ် တွေပါမှာပေါ့''ဟု ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။

 

တရားလိုပြသက်သေအဖြစ် မှုခင်းရဲတပ်ဖွဲ့ (စီအိုင်ဒီ) မှ ဒုရဲမှူး တင်ဝင်းမောင်ကို ဇွန် ၁၂ ရက်နေ့ (၂၆) ကြိမ်မြောက် ရုံးချိန်းတွင် စစ်ဆေးရန် ချိန်းဆိုထားသော်လည်း ပြည်မြို့တွင် အရေးကြီးသည့် အမှုနှစ်ခုကို ဆောင်ရွက်ရန်ရှိနေသည့်အတွက် ခွင့်တောင်းခဲ့ခြင်း ကြောင့် လာရောက်ထွက်ဆိုနိုင် ခြင်းမရှိဟုသိရသည်။ အဆိုပါအမှုနှင့်ပတ်သက်ပြီး ရုံးချိန်းကို ဇွန် ၁၈ ရက်သို့ ချိန်းဆိုထားပြီး ဒုရဲမှူးတင်ဝင်းမောင်နှင့် ရဲတပ်ကြပ်ကြီးဟောင်း ခင်မောင်လင်းကို စစ်ဆေးသွားရန်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင် မောင်ဇော်က ပြောသည်။


''တနင်္လာနေ့ တရားလိုဘက်က ပြီးမယ့်သဘောရှိတယ်။ ဒုရဲမှူးတင်ဝင်းမောင်စစ်ပြီးရင် ခင်မောင်လင်းမလာရင် သူ့ကိုပယ်ရန် နောက်တစ်ချိန်းမှာတော့ လျှောက်လဲချက် ဖြစ်သွားမယ်''ဟု ၎င်းက ပြောသည်။ အမှုမှ တရားလိုပြသက်သေ ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံထားရသည့် တပ်ကြပ်ကြီးဟောင်း ခင်မောင်လင်းကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် တွေ့ထားပြီဖြစ်ကြောင်း ဇွန် ၁၁ ရက် ရုံးချိန်းက ဥပဒေအ ရာရှိက ရုံးတော်သို့ တင်ပြထားသည်။


ရိုက်တာသတင်းထောက်နှစ်ဦးသည် ရခိုင်အရေးသတင်းယူမှု ကြောင့် အဖမ်းခံရခြင်းမဟုတ်ဘဲ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ခဲ့သဖြင့် ဖမ်းဆီးခဲ့ရ ခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ဂျပန်နိုင်ငံ NHK သတင်းဌာန၏ သီးသန့်တွေ့ဆုံ မေးမြန်းရာတွင် ဖြေကြားထားသည်။


ရိုက်တာသတင်းဌာနမှ သတင်းထောက် သက်ဦးမောင် (ခ) ဝလုံးနှင့် ကျော်စိုးဦး (ခ) မိုး အောင်တို့နှစ်ဦးသည် ရခိုင်ပြည်နယ်၊ ဘူသီးတောင်- မောင်တော ဒေသ၌ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ချဉ်းကပ်စည်းရုံးပြီး ရခိုင်ဒေသနှင့်ပတ်သက်သည့် သတင်းအချက်အလက်များတပ်ဖွဲ့ နှင့်ဆိုင်သည့် အရေးကြီးလုံခြုံရေး စာရွက်စာတမ်းအထောက်အထားများ ယူဆောင်ခဲ့သည်ဟုဆိုကာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက ဖမ်းဆီးအမှုဖွင့်ခဲ့သည်။


WYHW

#democracytoday

Rate this item
(0 votes)
back to top