HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

သတင်းမီဒီယာကောင်စီ ရွေးကောက်ပွဲ သြဂုတ် လလယ်ပိုင်းတွင် ပြုလုပ်မည်

သတင်းမီဒီယာကောင်စီ ရွေးကောက်ပွဲ သြဂုတ် လလယ်ပိုင်းတွင် ပြုလုပ်မည်

ရန်ကုန်၊ ဇူလိုင် ၈

သတင်းမီဒီယာကောင်စီရွေးကောက်ပွဲကို သြဂုတ်လလယ်ပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၈ ရက် Summit Parkview Hotel တွင် ပြုလုပ်သည့် သတင်းမီဒီယာကောင်စီဝင် ရွေး ကောက်တင်မြှောက်ခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာရှင်းလင်းပွဲတွင် သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟစောက အထက်ပါအတိုင်း ပြောသည်။

''ကိုယ်စားလှယ်လောင်း အဆို ပြုလွှာတွေကို ဒီလ ၂ဝ ရက်နေ့ နောက်ဆုံးထားတင်သွင်းရပါမယ်။ ရွေးကောက်ပွဲကိုတော့ သြဂုတ်လလယ်ပိုင်း ၁၅၊ ၁၆ ရက်လောက်မှာ ကျင်းပဖို့တော့ စီစဉ်ထားပါတယ်'' ဟု ၎င်းကပြောသည်။ ကိုယ်စားလှယ်လောင်းအမည် စာရင်းများကို သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ်တင်မြှောက် ရေးအဖွဲ့မှ သတ်မှတ်စည်းကမ်းများနှင့်ညီ၊ မညီစိစစ်၍ ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မီဒီယာကောင်စီဝင် အ ယောက် ၃ဝ ကို ရွေးချယ်မည်ဖြစ်ပြီး သတင်းအဖွဲ့အစည်းများဖြစ်သည့် MJA, MJI, MJU, BNI, MWGS, MBA  နှင့် MPC တို့မှ တင်သွင်းသည့် ကိုယ်စားလှယ်ခုနစ်ဦး၊ နိုင်ငံတော်သမ္မတက အဆိုပြုသည့် ကိုယ်စားလှယ်တစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပြုသည့် ကိုယ်စားလှယ်တစ်ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပြုသည့် ကိုယ်စားလှယ်တစ် ဦးတို့မှာ မဲခွဲရွေးချယ်စရာမလိုဘဲ ကောင်စီဝင်ဖြစ်မည်ဖြစ်ကြောင်း၊ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများကသာ ကောင်စီဝင်များကို မဲပေးရွေးချယ်သည့်စနစ်အားကျင့်သုံးမည်ဖြစ် ကြောင်း သိရသည်။


''သမ္မတတို့၊ လွှတ်တော်ဥက္ကဋ္ဌတို့က အဆိုပြုတဲ့ သူတွေကိုတော့ ကိုယ်စားလှယ်လောင်းတွေက မကြိုက်ရင် ကန့်ကွက်လို့ရတယ်'' ဟု သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးကိုမျိုးကပြောသည်။ နိုင်ငံ့ဝန်ထမ်းများ မကျန်းမာသဖြင့် ကောင်စီ၏လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်စွမ်းမရှိသူများ၊ အကျင့်စာရိတ္တပျက်ပြားမှုနှင့်စပ်လျဉ်း၍ ပြစ်မှုထင်ရှားစီရင် ခြင်းခံရဖူးသူများနှင့် နိုင်ငံရေးပါ တီတစ်ခုခုတွင် အမှုဆောင်ရာ ထူးတာဝန်ထမ်းဆောင်နေသူများမှာ ကောင်စီဝင်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခွင့်မပြု ကြောင်းသိရသည်။


NT

#democracytoday

Rate this item
(0 votes)
back to top