HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အောင်လံမြို့နယ်တွင် ဘုရားစေတီအတွင်းမှ ကျောက်ဆင်းတုဘုရားနှစ်ဆူ ဦးခေါင်းဖြတ်ခိုးယူခံရ

အောင်လံမြို့နယ်တွင် ဘုရားစေတီအတွင်းမှ ကျောက်ဆင်းတုဘုရားနှစ်ဆူ ဦးခေါင်းဖြတ်ခိုးယူခံရ

အောင်လံ၊ ဇူလိုင် ၉- မကွေး တိုင်းဒေသကြီး သရက်ခရိုင် အောင် လံမြို့နယ် အင်တောသာကျေးရွာ အနီး ဘုရားစေတီအတွင်းမှ ကျောက်ဆင်းတုဘုရားနှစ်ဆူအား ဇူလိုင် ၈ ရက်က ဦးခေါင်းဖြတ်ခိုး ယူခံရကြောင်း ဒေသခံများထံမှ သိရသည်။

''ကျွန်တော်တို့ကျေးရွာနဲ့က တစ်ဖာလုံလောက်ဝေးတဲ့သုံးရွာ ကြားက ဘုရားစေတီအတွင်းက ကျောက်ဆင်းတုနှစ်ဆူကို ဦးခေါင်း ဖြတ်ခိုးယူခံရတာဖြစ်ပါတယ်''ဟု အင်တောသာကျေးရွာမှ ဦးအောင် ကျော်မြင့်က ပြောသည်။

အဆိုပါဘုရားစေတီမှာ အောင် လံမြို့နယ် အင်တောသာကျေးရွာ ကြက်မွှေးကျေးရွာနှင့် ဆင်တုတ် ကျေးရွာအကြားတောထဲတွင် တည်ရှိပြီး ဘုရားဆင်းတုတော်များမှာ ရှေးဟောင်းကျာက်ဆင်းတုတော် များဖြစ်ကြောင်း၊ တစ်ဆူ၏အောက် ခြေပလ္လင်တွင် သက္ကရာဇ် ၁၂၃၃ ခုနှစ် ရတနာမာရ်အောင် ဘုရားဟု ရေးထိုးထားပြီး Óဏ်တော်အမြင့် ငါးပေရှိကြောင်း ဒေသခံများထံမှ သိရသည်။

''ဘုရားဆင်းတုတော်တွေခိုး ယူခံရတာနဲ့ပတ်သက်ပြီး ကျေးရွာ တာဝန်ရှိသူတွေက စုံစမ်းနေပါတယ်။ ကျွန်တော်က ဆေးရုံရောက်နေတဲ့ အတွက် အမှုဖွင့်တိုင်ကြားထားခြင်း မရှိသေးပါဘူး''ဟု အင်တောသာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင် ဝင်းက ဇူလိုင် ၉ ရက်က ပြောသည်။

အဆိုပါအင်တောသာကျေး ရွာအနီးရှိ ကျောက်ဆင်းတုဘုရား နှစ်ဆူအား ဦးခေါင်းဖြတ်ခိုးယူခံ ရမှုနှင့်ပတ်သက်၍ နယ်မြေရဲတပ် ဖွဲ့စခန်းတွင် အမှုဖွင့်တိုင်ကြားထား ခြင်းမရှိကြောင်း အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က မီဒီယာများကို အတည်ပြုပြော ကြားသည်။

HT(AL)

Rate this item
(0 votes)
MSK

back to top