HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မန္တလေးတက္ကသိုလ်အတွင်း လုယက်မှုနှင့် ခိုးမှုများ မကြာခဏဖြစ်ပွားနေမှုအား ဖြေရှင်းပေးရေး ကျောင်းသားသုံးဦး ဆန္ဒထုတ်ဖော် တောင်းဆိုထားသောအချက်များ ကျောင်းမှလိုက်လျောပေးမည်

မန္တလေးတက္ကသိုလ်အတွင်း လုယက်မှုနှင့် ခိုးမှုများ မကြာခဏဖြစ်ပွားနေမှုအား ဖြေရှင်းပေးရေး ကျောင်းသားသုံးဦး ဆန္ဒထုတ်ဖော် တောင်းဆိုထားသောအချက်များ ကျောင်းမှလိုက်လျောပေးမည်

မန္တလေး၊ ဇူလိုင် ၉-မန္တလေး တက္ကသိုလ်ဝင်းအတွင်း လုယက်မှု နှင့် ခိုးမှုများ မကြာခဏဖြစ်ပွားနေမှုအား ဖြေရှင်းပေးရန် ကျောင်းသား သုံးဦးက ဇူလိုင် ၉ ရက် နေ့လည်ပိုင်းက ပင်မဆောင်ရှေ့၌ ဆန္ဒထုတ် ဖော်ခဲ့ရာ ကျောင်းသားများ တောင်းဆိုခဲ့သော အချက်များကို လိုက် လျောပေးသွား မည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်ကျောင်းသား များသမဂ္ဂမှ သိရသည်။

မန္တလေးတက္ကသိုလ်အတွင်း ဇွန်လကုန်ပိုင်းမှ ဇူလိုင်လ ပထမ ပတ်အတွင်း ဆိုင်ကယ်ခိုးမှုနှင့် လုယက်မှု လေးမှုရှိပြီဖြစ်ပြီး ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအနေဖြင့် လုံခြုံရေးစိုး ရိမ်နေရသည့်အတွက် ယခုလို ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

''ကျောင်းလုံခြုံရေးနဲ့ ပတ် သက်ပြီး တာဝန်ရှိသူတွေနဲ့ အကြိမ် ကြိမ် ညှိနှိုင်းခဲ့တယ်။ ဘာမှဖြေ ရှင်းမပေးတဲ့အတွက် အခုလို သပိတ် မှောက် ဆန္ဒပြတာပါ။ လုံခြုံရေး ယူထားတဲ့ ကုမ္ပဏီကလည်း ဘာ တာဝန်ယူမှုမရှိဘူး။ အခု ကျောင်းက တာဝန်ရှိသူတွေက ကျွန်တော် တို့ တောင်းဆိုတဲ့အချက် သုံးချက် ကို လုပ်ပေးမယ်ဆိုပြီး လိုက်လျော ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ မယုံကြည်ရသေးတဲ့ အ ခြေအနေပဲရှိတဲ့အတွက် အချိန် တစ်ပတ်စောင့်ကြည့်သွားမယ်''ဟု မန္တလေးတက္ကသိုလ်ကျောင်းသား များသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်ဝင်းစိန် က ပြောကြားသည်။

၂ဝ၁၇ ခုနှစ် ဇွန်လမှ စက် တင်ဘာအထိ မန္တလေးတက္ကသိုလ် အတွင်း ဆိုင်ကယ် ၂၃ စီး ခိုးယူ ခံခဲ့ရကာ ဖုန်းနှင့် အခြားလုယူမှု များလည်း ဖြစ်ပေါ်ခဲ့သည်။ မန္တလေး တက္ကသိုလ် လုံခြုံရေးအတွက် မေလမှစတင်၍ ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတစ်ခုမှ လုံခြုံရေးဝန်ထမ်း ၁ဝ ဦးကို ငှားရမ်း၍ လုံခြုံရေးယူ ထားပြီး လုံခြုံရေးကုမ္ပဏီနှင့် မန္တ လေးတက္ကသိုလ် အကြား ချုပ်ဆို ထားသည့် စာချုပ်တွင် ကုမ္ပဏီဝန် ထမ်းများ၏ ပေါ့ဆမှုကြောင့် ပစ္စည်း ပျောက်ဆုံးပါက ကုမ္ပဏီမှ တစ်လ အတွင်း ပေးလျော်ရမည်ဟူ၍ ပါ ဝင်ထားသည်။

''ကျောင်းသားတွေ တောင်း ဆိုတဲ့ သုံးချက်လုံး ညှိနှိုင်းမှု ပြေလည်ပါတယ်။ ကလေးတွေက နားလည်မှုလွဲတဲ့ သဘောသက်ရောက် နေတာပါ။ အစကတည်းက ဆိုင်ကယ် stand တွေ မလုံခြုံဘူးဆိုလို့ လုံခြုံရေးအားနည်းတယ်ဆိုလို့ လုံခြုံရေးချပေးထားတယ်။ စည်းကမ်းထိန်းသိမ်းရေးနဲ့ လုံခြုံရေးမှာလည်း သူတို့ကို ပါဝင်စေခဲ့တယ်။ အခုလို ပျောက်ဆုံးလုယက်မှုတွေ ခဏခဏ ဖြစ်ပေါ်နေတော့ သူတို့စိတ်ထဲမှာ ကျွန်တော်တို့ဘက်က အားနည်း နေတယ်လို့ထင်တာ။ အခုလည်း သူတို့နဲ့ ကျောင်းရဲ့ လုံခြုံရေးကိစ္စ တွေ ဆွေးနွေးနေတယ်''ဟု မန္တလေး တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောကြားသည်။

 

Rate this item
(0 votes)
MSK

back to top