HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ပြည်ထောင်စု လမ်းပေါ် နွားတင်ယာဉ် သေနတ်ဖြင့် အပစ်ခံရ၊ ယာဉ်မောင်းသေဆုံး

ပြည်ထောင်စု လမ်းပေါ် နွားတင်ယာဉ် သေနတ်ဖြင့် အပစ်ခံရ၊ ယာဉ်မောင်းသေဆုံး

ရန်ကုန်၊ ဇူလိုင် ၉

ပြည်ထောင်စုလမ်းပေါ် မောင်းနှင်လာသည့် နွားတင် ၁၂ ဘီးကားကို သေနတ်သမားနှစ်ဦးက ပစ်ခတ်ခဲ့ရာ ယာဉ်မောင်း သေဆုံးခဲ့သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပင်တိန်ကျေး ရွာရင်ခွဲတောင်အနီး မန္တလေး- လားရှိုး-မူဆယ်ကားလမ်း (ပြည် ထောင်စုလမ်းမကြီး) မိုင်တိုင် (၉၆/၃)နှင့် (၉၆/၄) ကြားတွင် ဇူလိုင် ၉ ရက်၊ နံနက် ၇ နာရီခွဲ ခန့်က ကန့်ဘလူမှ မူဆယ်သို့ ခင်ဦးမြို့နယ်၊ ထည်ဘိုပင်ကျေးရွာ နေယာဉ်မောင်း ကိုမောင်စံ (ခ)စံထွန်းအောင် (၃၆)နှစ် မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်သည် အခင်းဖြစ်နေရာအရောက် သေနတ်ကိုင်ထားသည့် အမျိုးသားနှစ်ဦးက ညာဘက်လမ်းဘေးရှိ သစ်ပင်နှစ်ပင်ကြား ချုံပုတ်ထဲမှ ထွက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားကြောင်း ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့ထံမှသိရသည်။

 

ပစ်ခတ်ခံရသူ ယာဉ်မောင်း ကိုမောင်စံ(ခ) စံထွန်းအောင်တွင် ဝမ်းဗိုက်ကျည်ဖောက်ဝင် ဒဏ် ရာနှစ်ချက်ဖြင့် အခင်းဖြစ်နေရာ၌သေဆုံးခဲ့ပြီး အလောင်းကို ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ ထားကြောင်း ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့ထံမှသိရသည်။ ယာဉ်ပေါ်တွင် နွားအကောင် ၂ဝ တရားဝင် တင်ဆောင်လာပြီး ယာဉ်နောက်လိုက်အမျိုးသားတစ်ဦးလည်း လိုက်ပါလာကြောင်း ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့ထံမှသိရသည်။ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ''လမ်းက နေစောင့်ပြီးတော့ ထုံးစံအတိုင်းပစ်တာပေါ့။ သေနတ်ကိုင်ထားတဲ့ အမျိုးသားနှစ်ဦး။ ဟိုကောင် တွေက ချုံပုတ်ထဲကနေ ထွက်လာတာ။ ပစ်ပြီးတော့ ထွက်ပြေးသွားတာ။ အဲ့က ချုံတွေများတယ်။ အဲ့ကနေပဲ ပြေးသွားတာ။ ကျည်ခွံ ရှစ်တောင့်ရတယ်။ ကားပေါ်မှာ ယာဉ်နောက်လိုက်က ဘာမှမဖြစ်ဘူး။ ညာဘက်ကပစ်တော့ ညာ ဘက်ကလူပဲ ထိမှန်တာပေါ့'' ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။


ယင်းအမှုနှင့်ပတ်သက်ပြီး ကျောက်မဲမြို့နယ် နောင်ပိန်နယ် မြေရဲစခန်းမှ (ပ)၁၇/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃ဝ၂/၁၁၄ ဖြင့် ကျူးလွန်သူနှစ်ဦးကို အမှုဖွင့်ထားသည်။ ကျွဲ၊ နွားနှင့် ဆိတ်များကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ ခွင့်ပြုလိုက်ပြီးနောက်ပိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းပိုင်းတွင် ကျွဲ၊ နွားများ တင် ဆောင်ကာ နေ့စဉ်သွားလာမှုများရှိကြောင်းသိရသည်။ ယခုနှစ် မတ် ၁ဝ ရက်မှ ဇူ လိုင် ၉ ရက်အထိ ပြည်ထောင်စု လမ်းမပေါ် သေနတ်ဖြင့် ပစ်ခတ်မှု ခုနစ်ကြိမ်ဖြစ်ပွားခဲ့ရာ ရှစ်ဦးသေဆုံးခဲ့ကာ ငါးဦး ဒဏ်ရာရရှိခဲ့သည်။ 

WYHW/PS

#democraytoday

Rate this item
(0 votes)
back to top