HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးသူ၏ ရုပ်အလောင်းကို ပြင်ပယာဉ် ငှားရမ်းပြီး သယ်ဆောင်ခြင်း မပြုကြရန် လူနာရှင်များကို အသိပေး

ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးသူ၏ ရုပ်အလောင်းကို ပြင်ပယာဉ် ငှားရမ်းပြီး သယ်ဆောင်ခြင်း မပြုကြရန် လူနာရှင်များကို အသိပေး

ရန်ကုန်၊ ဇူလိုင် ၁ဝ

ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးခဲ့သူများ၏ Dead- Body ကိုလူနာရှင်များအနေဖြင့် ပြင်ပယာဉ်များငှားရမ်းပြီး ပြန်လည်သယ်ဆောင်ခြင်းမပြုကြရန် ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောကြားလိုက်သည်။ ယခုအခါရန်ကုန်ဆေးရုံကြီးတွင်သေဆုံးခဲ့သည့် လူနာများ၏ Dead- Body ကို ရန်ကုန်ဆေးရုံကြီးနှင့် ပရဟိတအဖွဲ့အချို့မှ လူနာတင်ယာဉ်များကအခမဲ့ပို့ဆောင် ပေးလျက်ရှိသော်လည်း ယင်းကဲ့သို့အခမဲ့ပို့ဆောင်ပေးနေခြင်းကို မသိရှိသည့် ပြည်သူများအပေါ် အခွင့်အရေးယူကာ အကျင့်ပျက် အောက်ခြေဝန်ထမ်းအချို့နှင့် ပွဲစားတချို့၏သွေးဆောင်မှုအရ ပြင်ပယာဉ်များကိုငှားရမ်းပို့ဆောင် ပေးနေမှုများရှိနေကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံမှ ဒုဆေးရုံအုပ်ဒေါက်တာနေဝင်းသိန်းက ဇူလိုင် ၁ဝ ရက်ကပြောသည်။

''ကျွန်တော်တို့က အာဏာပိုင်အဖွဲ့အစည်းမဟုတ်လို့ ဒီလိုလုပ်ကိုင် နေတဲ့သူတွေကို ဖမ်းဆီးလို့မရပါဘူး။ လူနာရှင်တွေတိုင်မှ အရေးယူလို့ရတာပါ။ တိုင်တဲ့သူမရှိဘဲ သွားအရေးယူလို့မရပါဘူး။ ဝန်ထမ်းတွေ လုပ်ရင်တော့တစ်ခါတည်း အရေးယူပါတယ်''ဟု ၎င်းကပြောသည်။  ရန်ကုန်မြို့တွင်း သေဆုံးလူနာများကို ရန်ကုန်ဆေးရုံကြီးပိုင်ကား ၁ဝ စီးဖြင့် အခမဲ့ပို့ဆောင် ပေးလျက်ရှိပြီး ဆေးရုံနှင့်ချိတ်ဆက်ထားသော နာရေးကူညီမှုအသင်း ကဲ့သို့သော တရားဝင်လိုင်စင်ရပရဟိတအဖွဲ့ပိုင်ယာဉ်များက ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း နယ်ဝေးသေဆုံးသူများအတွက်မူ ပရဟိတအဖွဲ့ပိုင်ကားများက လိုက်ပို့ပေးကြောင်း သိရသည်။


ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးခဲ့ရသည့်လူနာများအပေါ် အဆင်ပြေစေရန် တာဝန်ရှိသူများနှင့်ပရဟိတအသင်းများက ယင်းကဲ့သို့ဆောင်ရွက်ပေးနေသော်လည်း နယ်ဝေးမှ ဆေးရုံလာတက်ပြီး နောက်ကွယ်လွန်သွားသူတို့၏လူ နာရှင်အချို့မှာ ယင်းကဲ့သို့ အခမဲ့ ပို့ဆောင်ပေးနေခြင်းကိုမသိရှိခြင်း နှင့်တစ်ခါတစ်ရံ လူနာတင်ယာဉ် ချက်ချင်းမရခြင်းကြောင့် ပြင်ပယာဉ်များငှားရမ်းကြကြောင်း ၎င်းကပြောသည်။ ''ဆေးရုံကြီးပိုင်ကားမဟုတ်တဲ့ နံပါတ်အနက် လူနာတင်ယာဉ် တွေက ဆေးရုံနားမှာ ကျက်စား နေတယ်။ အကျင့်ပျက်အောက်ခြေ ဝန်ထမ်းအချို့ရယ် ပွဲစားတွေနဲ့ပေါင်း ပြီး နယ်ပြန်မယ့် သေဆုံးလူနာရှင် တွေဆီက ဘယ်လိုငွေတောင်းရမ လဲချောင်းနေတာ၊ ဈေးနှုန်းတွေကလည်း ပုံမှန်မဟုတ်ဘူး''ဟု ၎င်းက ပြောသည်။


ယခုအခါ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ သေဆုံးလူနာလာရောက် ထုတ်ယူပါက ဆေးရုံကြီးပိုင် လူနာတင်ယာဉ်နှင့်ခွင့်ပြုချက်ရှိပြီးသား ပရဟိတယာဉ်များဖြင့်သာ ထုတ်ယူခွင့်ပြုနေပြီး လက်ရှိတွင်အရေး ပေါ်လူနာတင်ယာဉ်များ စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပရဟိတအဖွဲ့များပူးပေါင်းကာ စီမံကိန်း ရေးဆွဲလျက်ရှိကြောင်းသိရသည်။ ''ကျွန်မတို့က ရန်ကုန်ကဆို တော့ သေတဲ့သူကို ရန်ကုန်ဆေးရုံ ကြီးသွားပို့တာရော၊ ရင်ခွဲရုံကနေ သုသာန်သယ်တာရော ငွေတစ်ပြား မှ မပေးရပါဘူး။ ဒီရပ်ကွက်က ပရဟိတအဖွဲ့တွေက လိုအပ်တဲ့ စာရွက်စာတမ်းတောင်းပြီး ကူညီသယ်ပေးတာ၊ နယ်ကလူတွေကတော့ ပေးနေရတယ်ကြားတယ်''ဟု အသည်း ရောဂါဖြင့်သေဆုံးခဲ့သူတစ်ဦး၏ ဇနီးဖြစ်သူ မရမ်းကုန်း (၄)ရပ်ကွက် နေ ဒေါ်ဝါဝါစိုးက ပြောသည်။ ရန်ကုန်ဆေးရုံကြီးတွင် တစ်နှစ်လျှင် သေဆုံးပြီးဆေးရုံရောက် လူနာနှင့်ဆေးရုံတွင် သေဆုံးလူမှာ ၁၄ဝဝ ခန့်ရှိကြောင်း စာရင်းများအရ သိရသည်။ NT

#democracytoday

Rate this item
(0 votes)
back to top