HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဒေသခံများအပေါ် ဖြစ်ပေါ်လာသော ဆိုးကျိုး သက်ရောက်မှုများ အစီရင်ခံစာ ထုတ်ပြန်

မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဒေသခံများအပေါ်  ဖြစ်ပေါ်လာသော ဆိုးကျိုး သက်ရောက်မှုများ အစီရင်ခံစာ ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁ဝ

မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ရေအားလျှပ် စစ်စီမံကိန်းများကြောင့် ဒေသခံများ အပေါ်ဖြစ်ပေါ်လာသော ဆိုးကျိုးသက်ရောက်မှုများနှင့် ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်လိုက် ကြောင်းသိရသည်။ အဆိုပါ အစီရင်ခံစာထုတ် ပြန်ပွဲကို ဇူလိုင် ၁ဝ ရက်က ရန်ကုန်မြို့ရှိ Orchid Hotel တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အစီရင်ခံစာသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်း၊ သံတောင်မြို့နယ်ရှိ သောက်ရေ ခပ် (၁) ရေအားလျှပ်စစ်စီမံကိန်း၊ ရွှေကျင်မြို့နယ်ရှိ ရွှေကျင် (ကျောက်နဂါး) ရေအားလျှပ်စစ်စီမံကိန်း၊ တောင်ငူမြို့နယ်ရှိ သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်း၊ တောင်ငူမြို့နယ်ရှိ ပသိရေအားလျှပ်စစ် စီမံကိန်းများအပါအဝင် စီမံကိန်း ၁ဝ ခုနေရာရှိ ဒေသခံပြည်သူများ၏ လက်ရှိကြုံတွေ့နေရသည့် အခြေ အနေများကို သုတေသနပြုလုပ်ထားခြင်းဖြစ်သည်။


မြန်မာနိုင်ငံ မြစ်ချောင်းများ ဆိုင်ရာကွန်ရက်မှ ဦးစောသာဘိုးက ''ကျွန်တော်တို့ ဒီအစီရင်ခံစာမှာ အရှေ့တောင်ပိုင်းမှာရှိနေတဲ့ ရေကာတာတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အခုပြုလုပ်ထားတဲ့ အစီရင်ခံစာစာအုပ်ကို ဆုံးဖြတ်ချက်ချနိုင်တဲ့သူတွေဆီရောက်အောင် အဆင့်ဆင့် ပေးပို့သွားမှာ ဖြစ်ပါတယ်။ ရေကာတာစီမံကိန်းတွေကြောင့် ပသိမှာဆိုရင် မြေအသိမ်းခံရတဲ့ ဒေသခံတွေက တရားစွဲဆိုခံထား ရတာတွေရှိတယ်။ သောက်ရေခပ်ဆိုရင်လည်း ပြောင်းရွှေ့လိုက်ရတဲ့ သူတွေက နေရာအတည်တကျ မရှိဘူး။ စီးပွားရေးက လုပ်ကိုင်စားသောက်ဖို့အတွက် နေရာအတည် တကျမရှိဘူး။ သူတို့မှာ လုပ်ကိုင် စားသောက်ဖို့အတွက် အများကြီး အခက်အခဲရှိနေတယ်။ ဒါတွေကို အများပြည်သူသိရှိအောင် အခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်''ဟု ပြောသည်။


အဆိုပါ အစီရင်ခံစာတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ တိုင်းရင်းသားလူထုအသိုက်အဝန်းများကို ရေအားလျှပ်စစ်စီမံကိန်းများက လူမှုရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်အပေါ် ထိခိုက်ခဲ့သော ဖြစ်ရပ်မှန်ဖြစ်စဉ်များနှင့် ဖြစ်ပေါ်လာနိုင်မည့် ထိခိုက်နစ်နာမှုများ ကို ဖော်ပြထားကြောင်းသိရသည်။  ယင်းနှင့်ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ပသိဆည်စီမံကိန်းကြောင့် ပြောင်း ရွှေ့ခဲ့ရသည့်အထဲတွင် ပါဝင်သူ ဒေါ်နော်ဖောဝေက ''အခြားနေရာကို ပြောင်းရွှေ့ပေးခဲ့ရတယ်။ ပြောင်း ရွှေ့ပြီးတော့လည်း ရောက်သွားတဲ့ အရပ်ကျတော့လည်း လုပ်စားစရာ မြေမရှိဘူး။ ကျွန်မတို့မှာ လုပ်ကိုင်စားသောက်ဖို့ အရမ်းကို ခက်ခဲ လာပါတယ်။ ဆည်ကြီးပြီးသွား ပေမယ့်လည်း ကျွန်မတို့မှာ ဘာမှအကျိုးကျေးဇူးမခံစားရပါဘူး''ဟု ပြောသည်။ 

AA

#democracytoday

Rate this item
(0 votes)
back to top