HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အမျိုးသားပြတိုက် (နေပြည်တော်) သုံးနှစ်ပြည့် အထိမ်းအမှတ် ခေတ်အဆက်ဆက် မြန်မာ့ရိုးရာ စဥ့်ထည် အနုပညာအထူးပြပွဲ အခမဲ့ပြသမည်

အမျိုးသားပြတိုက် (နေပြည်တော်) သုံးနှစ်ပြည့် အထိမ်းအမှတ် ခေတ်အဆက်ဆက် မြန်မာ့ရိုးရာ စဥ့်ထည် အနုပညာအထူးပြပွဲ အခမဲ့ပြသမည်

ရန်ကုန်၊ ဇူလိုင် ၁ဝ

အမျိုးသားပြတိုက် (နေပြည်တော်) ဖွင့်လှစ်ခြင်း သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ''မြန်မာ့ရိုးရာ စဥ့်ထည်အနုပညာအထူးပြပွဲ''ကို အများပြည်သူအား အခမဲ့ပြသသွားမည်ဖြစ်ပြီး ပုဂံ ခေတ်မှ ယနေ့မျက်မှောက်ခေတ်ကာလအထိ ခေတ်အဆက်ဆက် စဥ့်ထည်လက်ရာများကို စုစည်းပြသထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို ဇူလိုင် ၁၅ ရက်မှ သြဂုတ် ၁၄ ရက်အထိ အမျိုးသားပြတိုက် (နေပြည်တော်)တွင် ပြသထားမည်ဖြစ်ပြီး ပြပွဲ ဖွင့်ပွဲရက် ဇူလိုင် ၁၅ ရက်တွင် အထူးပြပွဲအပြင် အမျိုးသားပြတိုက် (နေ ပြည်တော်)ကိုလည်း အခမဲ့ပြသသွားမည်ဖြစ်သည်ဟုဆိုသည်။ ''ပြပွဲပြုလုပ်ရတာကတော့ အမျိုးသားပြတိုက် (နေပြည်တော်) ဖွင့်တာ အခုဆိုရင် သုံးနှစ်ပြည့်ပြီ။ သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် အထူးပြပွဲလေး ပြသဖြစ်တာဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ် ဇူလိုင် ၁၅ ရက်က အမျိုးသားပြတိုက် (နေ ပြည်တော်) ပထမအဆင့်ဖွင့်လှစ်ခဲ့ တာဖြစ်လို့ အခု ၂ဝ၁၈ ခုနှစ် ဇူလိုင် ၁၅ ရက်ဆိုရင် သုံးနှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ဇူလိုင် ၁၅ ရက်မှာ တော့ အထူးပြပွဲရော၊ ပြတိုက်ရော အခမဲ့ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ ကျန်တဲ့နေ့တွေကတော့ အထူးပြပွဲက အခမဲ့ပြတိုက်ကတော့ သူ့ဝင် ကြေးရှိနေမှာပါ''ဟု အမျိုးသားပြတိုက် (နေပြည်တော်) ဒုတိယညွှန်မှူး (စီမံ) ဦးဝင်းသူရရွှေက ဇူလိုင် ၁ဝ ရက်တွင်ပြောသည်။

 

အေဒီ ၈ ရာစုမှစတင်ပြီး မြန်မာနိုင်ငံတွင် စဥ့်ထည်လက်ရာများ တွေ့ရှိခဲ့ရပြီး ယခုပြပွဲတွင် ပုဂံ ခေတ် (အေဒီ၉ရာစုမှ၁၃ရာစုအထိ) လက်ရာများ၊ ဟံသာဝတီခေတ်လက်ရာများ၊ အင်းဝခေတ်၊ ပင်းယခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ မျက်မှောက်ခေတ် အစရှိသည့် ခေတ် အဆက်ဆက် စဥ့်ထည်လက်ရာများ ကို ပြသသွားမည်ဖြစ်သည်။ ''ဒီအထူးပြပွဲမှာတော့ ပုဂံ ခေတ်ကလက်ရာတွေကစလို့ ခေတ် အဆက်ဆက်လက်ရာတွေကို ပြသသွားမှာပါ။ ပစ္စည်းတွေကတော့ အမျိုးသားပြတိုက် (နေပြည်တော်) မှာ စုဆောင်းထားတဲ့ပစ္စည်းတွေပါ''ဟု ၎င်းက ဆက်လက်ပြောသည်။ မြန်မာနိုင်ငံတွင် စဥ့်ထည်သမိုင်းသည် အလွန်အရေးပါသော သမိုင်းကြောင်းများဖြစ်ပြီး စဥ့်ထည်များကို မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး (လှည်းကူး၊ တွံတေး)၊ ပုဂံ၊ နေပြည်တော် (ပျဉ်းမနား)၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး (မြောင်း မြ)၊ စစ်ကိုင်းတိုင်းဒေသကြီး ကျောက် မြောင်းဒေသတို့တွင် ပြုလုပ်အသုံး ပြုလေ့ရှိပြီး ယနေ့တိုင်ပြုလုပ်နေဆဲဖြစ်သည်။


TTHL

#democracytoday

Rate this item
(0 votes)
back to top