HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

လာဘ်စားခဲ့သည်ဆိုသော အကောက်ခွန် ဝန်ထမ်းများအမှု သက်သေများထံမှ ကြိုတင် ထွက်ချက်ယူ

လာဘ်စားခဲ့သည်ဆိုသော အကောက်ခွန် ဝန်ထမ်းများအမှု သက်သေများထံမှ ကြိုတင် ထွက်ချက်ယူ

ရန်ကုန်၊ သြဂုတ် ၇

လာဘ်စားခဲ့သည့်ဆိုသော အကောက်ခွန်ဝန်ထမ်း ၁၂ ဦးအမှုနှင့်ပတ်သက်ပြီး တရားလိုပြသက်သေများထံမှ ကြို တင်ထွက်ချက်ယူထားသည်။ ''သက်သေတွေကိုခေါ်ပြီး တော့စစ်တယ်။ သက်သေတွေက စွပ်စွဲခံတွေနဲ့ပတ်သက်ပြီးတော့ထွက်ဆိုတယ်။ အဲဒီထွက်ဆိုချက်ကို ပြောင်းသွားမှာစိုးလို့ မပြောင်း အောင်လို့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက တရားသူကြီးတွေဆီမှာ ကျမ်းကျိန်ပြီး ကြိုတင်ထွက်ချက်ယူတာ'' ဟု စွပ်စွဲခံ အကောက်ခွန်ဦးစီးဌာနရုံးချုပ်မှ ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၏ရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က ပြောသည်။

အမှုတွင် တရားလိုအပါအဝင် တရားလိုပြသက်သေ ၂၂ ဦး တင်ထားကြောင်း၊ ၎င်းတို့တွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှ တရားသူကြီးသုံးဦး၊ အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့မှဝန်ထမ်း၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး၊ ယာဉ်မောင်း၊ ခြံစောင့်၊ သင်္ဘောသား၊ ကညနနှင့် အ ကောက်ခွန်တို့ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ သြဂုတ် ၇ ရက် ဒုတိယမြောက်ရုံးချိန်းတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စစ်ဆေးရေးမှူးအဖွဲ့ဝင် ဦးစိုးသန်းကို စစ်ဆေးခဲ့သည်။ ရုံးချိန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ (၂/၂ဝ၁၇) ကြေညာချက်ကို သက် သေခံအဖြစ် တင်သွင်းခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။  ရုံးချိန်းကို သြဂုတ် ၂၁ ရက် နှင့် ၂၂ ရက်သို့ ပြန်လည်ချိန်းဆိုထားသည်။


Delivery Van မော်တော်ယာဉ်များကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းရာတွင် ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့်ရရှိရန်အတွက် အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်များမှတစ်ဆင့် ငွေ ပေးရခြင်း၊ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ မူဝါဒသတ်မှတ်ချက်နှင့်မကိုက်ညီဘဲ တင်သွင်းလာသောယာဉ်များဆိပ်ကမ်းမှထုတ်ယူနိုင်ရန် ငွေပေးရခြင်း၊ သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် ဆိပ်ကမ်းမှပစ္စည်းများ ထုတ်ယူရာတွင် အကောက်ခွန်ရှင်း လင်းရေးကိုယ်စားလှယ်များမှတစ်ဆင့် ငွေကြေးပေး၍ ထုတ်ယူနေရသည့် အစဉ်အလာဖြစ်နေခြင်းတို့အား စုံစမ်းဖော်ထုတ်ပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း၊ ယင်းတိုင်တန်းချက်အပေါ် စစ်ဆေး ပေါ်ပေါက်ချက်အရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ညွန်ကြာရေးမှူး သုံးဦးအပါအဝင် အရာထမ်း၊ အမှုထမ်း ၁၂ ဦးကို ၂ဝ၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူပေးရန် ကော် မရှင်က ကျောက်တန်းမြို့နယ်သီလဝါနယ်မြေ ရဲစခန်းတွင် ဇူလိုင် ၁၆ ရက်က တိုင်တန်းအမှု ဖွင့်ခဲ့ပြီး ဇူလိုင် ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်၌ တရားစွဲတင်ခဲ့သည်။


WYHW

#democracytoday

Last modified onWednesday, 08 August 2018 13:33
Rate this item
(0 votes)
back to top