HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မင်းကွန်းရွှေကျွန်းပင်နတ်ပွဲမတိုင်မီ တစ်ပတ်အလိုမှစတင်၍ပွဲတော်ဈေးတန်းတွင် အရောင်းအဝယ်စည်ကားနေ

မင်းကွန်းရွှေကျွန်းပင်နတ်ပွဲမတိုင်မီ တစ်ပတ်အလိုမှစတင်၍ပွဲတော်ဈေးတန်းတွင် အရောင်းအဝယ်စည်ကားနေ

စစ်ကိုင်း၊ ဩဂုတ် ၈- ဝါဝင်ပြီး နောက်စတင်သည့် အညာဒေသ ပထမဆုံးနတ်ပွဲဖြစ်သော ရွှေကျွန်း ပင်မောင်နှမနတ်ပွဲကို စစ်ကိုင်းမြို့ နယ် မင်းကွန်းတောင်ရွာအဝင် မိုး မိတ်ကုန်းမြေအနီး နတ်နန်းတွင် ဝါခေါင်လဆန်း(၂)(ဩဂုတ် ၁၃) ရက်နေ့မှစတင်ကျင်းပမည်ဖြစ်ရာ ပွဲတော်ကျင်းပရန် တစ်ပတ်အလို ကပင် ဈေးဆိုင်များလာရောက် ခင်းကျင်းရောင်းချနေပြီဖြစ်၍ ပွဲ တော်ဈေးတန်းမှာ ရောင်းသူဝယ် သူများဖြင့် စတင်စည်ကားနေပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ထင်ရှားစည် ကားသည့် တောင်ပြုန်းမင်းညီ နောင်နတ်ပွဲမှာ မင်းကွန်းရွှေကျွန်း ပင်နတ်ပွဲအပြီး နောက်တစ်ပတ် အကြာမှသာ ကျင်းပနိုင်ရာ ဝါဝင် အပြီးကျင်းပသည့်နတ်ပွဲများထဲ တွင် အစောဆုံးကျင်းပသည့် ဒေ သဆိုင်ရာနတ်ပွဲဖြစ် သဖြင့်""နတ်ပွဲ အစ ရွှေကျွန်းပင်မောင်နှမ""ဟု နတ်ပွဲနှင့်ပတ်သက်သူများက အ သိအမှတ်ပြုထားကြသည်။

ယခုနှစ်နတ်ပွဲတော်တွင် ရှိမ်း မကားရွာသစ်မှ မြေအိုးမြေခွက် မြေထည်ပစ္စည်းများ၊ ရွှေဘိုနယ် နွယ်ငြိမ်းဒေသထွက် စဥ့်ထည်ပစ္စည်း များ၊ စစ်ကိုင်း၊ မြင်းမူ၊ ကန့်ဘလူ၊ မုံရွာတို့မှ တောင်သူသုံးအိမ်သုံး နှီးချောဖျာအနု၊ အကြမ်းပစ္စည်းများ၊ နှီးတောင်း၊ ထန်းခေါက်တောင်း၊ ခမောက်၊ ဆန်ကောဆန်ခါ၊ တံ မြက်စည်းစသော ပစ္စည်းများ၊ မန္တ လေး-ပခုက္ကူမြို့များမှ လာရောက် ရောင်းချသည့် အိမ်သုံးစတီးပစ္စည်း နှင့်ဒန်ပစ္စည်း၊ အသင့်ဝတ်အဝတ် အထည်များ၊ ပဲမျိုးစုံ၊ ချဉ်ပေါင်စေ့ စသော သစ်သီးသစ်နှံမျိုးစေ့များ မတ္တရာမြို့နယ်နှင့်စစ်ကိုင်း မြို့ နယ် ကျွန်းပိုင်းရွာမှ လာရောက် ရောင်းချသည့် ငါးချဉ်နှင့်မြန်မာ မုန့်ပဲသရေစာသည်များမှာ ပွဲတော် ရက်မတိုင်မီ တစ်ပတ်အလိုစတင် ခင်းကျင်းရောင်းချနေပြီဖြစ်သည်။

မင်းကွန်းရွှေကျွန်းပင်နတ်ပွဲ တော်ကို ဝါခေါင်လဆန်း ၂ ရက် မှ ၅ ရက်အထိ ကျင်းပရာ ဈေး သည်အများစုမှာ ပွဲတော်အပြီး နောက်ရက်များမှာပါ ဆက်လက် ရောင်းချကြကာ တောင်ပြုန်းပွဲ တော်သို့ ကူးကြကြောင်းသိရသည်။

DW
#Democracytoday

Rate this item
(0 votes)
back to top