HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ကမ်းနားလမ်းတစ်လျှောက် ကွန်တိန်နာယာဉ်များစည်းကမ်းမဲ့မှုများကို တာဝန်ရှိသူများ ထိရောက်စွာအရေးယူမှုမရှိဟု ပြည်သူအချို့ ဝေဖန်၊ စည်းကမ်းချိုးဖောက်ယာဉ်များကို ထိရောက်စွာအရေးယူနေပြီး၊ Viber မှတစ်ဆင့် တိုင်ကြားနိုင်ဟုဆို

ကမ်းနားလမ်းတစ်လျှောက် ကွန်တိန်နာယာဉ်များစည်းကမ်းမဲ့မှုများကို တာဝန်ရှိသူများ ထိရောက်စွာအရေးယူမှုမရှိဟု ပြည်သူအချို့ ဝေဖန်၊ စည်းကမ်းချိုးဖောက်ယာဉ်များကို ထိရောက်စွာအရေးယူနေပြီး၊ Viber မှတစ်ဆင့် တိုင်ကြားနိုင်ဟုဆို

ရန်ကုန်၊ ဩဂုတ် ၈- ကမ်းနား လမ်းတစ်လျှောက်တွင် စည်း ကမ်းမဲ့ အပြိုင်အဆိုင်မောင်းနှင် နေကြသည့် ကွန်တိန်နာယာဉ် များကို တာဝန်ရှိသူများကထိ ရောက်စွာအရေးယူမှုမရှိခြင်းအ ပေါ် ကမ်းနားလမ်းအနီးနေထိုင် သူများနှင့် လမ်းအသုံးပြုသူများ က ဝေဖန်မေးခွန်းထုတ်လျက်ရှိ နေကြောင်း သိရသည်။

ယခုအခါ ကမ်းနားလမ်း တွင် ဖြတ်သန်းမောင်းနှင်နေကြ သည့် ကွန်တိန်နာယာဉ်များအ နက်အချို့ယာဉ်များမှာ ည ၈ နာရီကျော်အချိန်များတွင် အပြိုင် အဆိုင်မောင်းနှင်မှုတို့ရှိနေပြီး ထိုသို့ စည်းကမ်းမဲ့ပြိုင်ဆိုင်မောင်း နှင်မှုများကြောင့် ကမ်းနားလမ်း ကိုအသုံးပြု သွားလာနေရသည့် ယာဉ်ငယ်များအပါအဝင် လမ်း အသုံးပြုသူများမှာ နေ့စဉ်အခက် အခဲများနှင့်ကြုံတွေ့နေ ရကြောင်း လှိုင်မြို့နယ်တွင် နေထိုင်သူဦးမြင့် သန်းက ဒီမိုကရေစီတူဒေးသို့ ဩဂုတ် ၈ ရက်က ပြောသည်။

""ကွန်တိန်နာယာဉ်တွေက တစ်ရက်ထက် တစ်ရက်ပိုပိုဆိုး လာတယ်။ အထူးသဖြင့်ညဘက် မှာဆိုရင် ဘယ်လောက်ထိ ပရမ်း ပတာမောင်းနေကြသလဲ ဆိုတာ ကို ကမ်းနားလမ်းမှာနေတဲ့သူ တိုင်း နေ့စဉ်မြင်တွေ့နေကြရတယ်။နောက် ပြီး သူတို့က အပြိုင်ကိုမောင်းကြ တာ။လမ်းကိုအပြည့်ယူပြီး နှစ်စီး သုံးစီးယှဉ်မောင်းကြတာ။ ယာဉ် ကြောတစ်ကြောတောင် ဖွင့်မပေး ဘဲမောင်းတာမျိုး။ ဘေးမှာရှိတဲ့ ကားလေးတွေကို လုံးဝဂရုမစိုက် ဘူး။ တစ်လမ်းလုံးကို ပိတ်ပြီးမောင်း တော့ နောက်ကကားအသေးတွေ ကရှေ့လည်းကျော်တက်မရသလို အန္တရာယ်တွေလည်း အလွန်များ နေပါပြီ။ ဒါကိုတာဝန်ရှိသူတွေကထိရောက်တဲ့အရေးယူမှုတွေ၊ စီမံ ချက်တွေ နဲ့ဆောင်ရွက်ပေးသင့် နေပါပြီ""ဟု ၄င်းက ဆက်လက် ပြောသည်။

ယခုအခါ ကွန်တိန်နာယာဉ် များသည် ကမ်းနားလမ်းတွင်ယင်း ကဲ့သို့ စည်းကမ်းမဲ့ပြိုင်ဆိုင်မောင်း နှင်ခြင်းများကြောင့် ယာဉ်မတော် တဆမှုများလည်း မကြာခဏဖြစ် ပွားနေပြီး ထိုသို့ယာဉ်မတော်တ ဆမှုဖြစ်ပွားပါက ကမ်းနားလမ်း တစ်လျှောက်တွင် ယာဉ်ကြော ကျပ်တည်းမှုမှာ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်လေ့ရှိကြောင်း ကမာရွတ် မြို့နယ်အတွင်းရှိ ကမ်းနားလမ်းအ နီးနေထိုင်သူ ဦးမျိုးက ပြောသည်။

""ကွန်တိန်နာကားတွေက ည ဆိုမောင်းတာ တအားကိုရမ်းလွန်း တယ်။ ကွန်တိန်နာနဲ့တိုက်မိတယ် ဆိုသွားကြည့်တာနဲ့ အနည်းဆုံး သုံးစီးလောက်တော့ ဆင့်တိုက် တာမျိုးဖြစ်တယ်။ အဲဒီလိုကမ်းနား လမ်းပေါ် ယာဉ်မတော်တဆမှုဖြစ် လို့ကတော့ ယာဉ်ကြောတွေကျပ် ကုန်ရော။ညပိုင်းမှာစည်းကမ်းမဲ့ မောင်းနှင်နေတဲ့ကွန်တိန်နာယာဉ် တွေကို ထိရောက်စွာအရေးယူစေ ချင်တယ်။ ထိထိရောက်ရောက် အရေးမယူတဲ့အပေါ်ကို မေးခွန်း ထုတ်ချင်တယ်။ ဘာကြောင့် တာ ဝန်ရှိသူတွေက ကွန်တိန်နာတွေ ဒီလိုမောင်းချင်သလိုမောင်းနေကြ တာကို အရေးမယူတာလဲလို့မေးချင် တယ်""ဟု ၄င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ ကမ်းနားလမ်းအပါအဝင် ကွန်တိန်နာယာဉ်များဖြတ်သန်းခွင့် ပြုထားသည့် လမ်းများတွင် မောင်း နှင်နေသည့်ကွန်တိန်နာယာဉ်များ ကိုသတ်မှတ်ထား သည့်စည်းကမ်း များကိုချိုးဖောက်ပါက ထိရောက် စွာအရေးယူနေပြီး ယင်းကဲ့သို့ စည်းကမ်းမဲ့စွာမောင်းနှင်နေသည့် ကွန်တိန်နာယာဉ် များကိုတွေ့ရှိပါကပြည်သူများအနေဖြင့် Viber နံပါတ်များဖြစ်သော ဝ၉-၇၇၇ ၄၃၆၂၃၂၊ ဝ၉-၇၇၇၄၃၆၂၃၃နှင့် ဝ၉-၇၇၇၄၃၆၂၃၄ တို့သို့ပေးပို့ တိုင်ကြားနိုင်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ရုံးမှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

""ကွန်တိန်နာယာဉ်တွေအ တွက်စည်းကမ်းချက်တွေကို ထုတ် ပြန်ထားပေးထားပါတယ်။ သူတို့ ချိုးဖောက်မှုတွေရှိလာရင်လည်း ထိရောက်စွာအရေးယူပေးနေသ လို စည်းကမ်းချိုးဖောက်မှုရှိနေတယ် ဆိုတဲ့ ကွန်တိန်နာယာဉ်ကိုတွေ့ရင် သူရောက်နေတဲ့နေရာ၊ ယာဉ်နံ ပါတ်ကိုဓာတ်ပုံရိုက်ပြီး ဗိုင်ဘာက နေတစ်ဆင့်တိုင်ကြားနိုင်ပါတယ်"" ဟု ၄င်းကဒီမိုကရေစီတူဒေးသို့ ပြောသည်။

ကွန်တိန်နာယာဉ်မောင်း နှင်သူအချို့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာဗဟုသုတ အားနည်းသကဲ့သို့ တာဝန်ယူမှု တာ ဝန်ခံမှုအပိုင်းတွင်လည်း အားနည်း နေသည့်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပ ညာပေးခြင်းသင်တန်းများဖွင့်လှစ် ပို့ချပေးသင့်ကြောင်းကို အရည်ကြို က ပြောသည်။

""ကျွန်တော်တို့နိုင်ငံရဲ့ အရေး ယူမှုပိုင်းကလည်းအားနည်းတယ်။ သူများနိုင်ငံတွေမှာဆို ယာဉ်စည်း ကမ်း လမ်းစည်းကမ်း နဲ့ပတ်သက် လာရင်ဆတ်ဆတ်ထိမခံကြဘူး။ကွန် တိန်နာ ယာဉ်မောင်းအချို့ဆိုရင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း နားလည်မှုပိုင်းမှာ အားနည်းနေ သေးတယ်""ဟု ၄င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်း ယာဉ်ကြောကျပ်တည်း မှုကို ဖြေရှင်းနိုင်ရေးအတွက် ကုန်သေ တ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ် များညဘက်မှသာဖြတ်သန်းအသုံး ပြုခွင့်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၇ ရက် ညပိုင်းက စတင်အကောင်အ ထည်ဖော်ဆောင်ခဲ့ကြောင်း သိရ သည်။

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောကျပ်တည်းမှုဖြေလျှော့
နိုင်ရေးနှင့်ယာဉ်အန္တရာယ်လျော့ ကျဆင်းရေးအတွက်
ရန်ကုန်တိုင်း ဒေသအစိုးရအဖွဲ့၏လမ်းညွှန်ချက် ဖြင့် ကုန်တင်ယာဉ်နှင့်ကုန်သေ တ္တာယာဉ်များသွားလာခွင့်ပြုမည့် လမ်းကြောင်းများနှင့်အချိန်သတ် မှတ်ချက်များအား ရန်ကုန်တိုင်း ဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲ
မှုအာဏာပိုင်အ ဖွဲ့မှ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ကမ်းနားလမ်းတွင် အပြိုင်အ ဆိုင်မောင်းနှင်နေကြသည့် ကွန် တိန်နာယာဉ်များနှင့်ပတ်သက်ပြီး ကမ်းနားလမ်းတွင် ညစဉ်မောင်း နှင်နေရသည့် ကိုယ်ပိုင်ယာဉ်မောင်း တစ်ဦးဖြစ်သူ ဦးကျော်မျိုးက""ကွန် တိန်နာတွေ ဘာဖြစ်လို့ဒီအချိန်ဆို ရင် အသည်းအသန်မောင်းကြ တာလဲဆိုတာကို ယခုထိစဉ်းစား လို့မရသေးဘူး။ သူတို့မောင်းနေ ကြတဲ့ပုံစံက ခေါက်ကြေးရ
လို့ခေါက် ရေပိုရဖို့အတွက်များဒီလိုအပြိုင်အဆိုင်မောင်းနေကြသလားပေါ့ လေ။ တစ်ခါတစ်ခါ တာဝန်ရှိသူ တွေဘက်ကိုမေးကြည့်တယ်။ ဘာ ဖြစ်လို့ မဖဖ်းရဲကြတာလဲ။ကားကြီး လို့လား။ ဒါမှမဟုတ် မင်းတို့ကို ခွင့်ပြုထားချိန်ပဲ။ မင်းတို့မောင်း ချင်သလို မောင်းကြတော့ဆိုပြီးများ လွှတ်ပေးထားကြတာလားပေါ့။

ယ ခုနောက်ပိုင်းပိုပိုဆိုးလာတယ်။ မီး ပွိုင့်နီတာတွေကို
လည်းဖြတ်ချင်သလိုဖြတ်တယ်။ တချို့နေရာတွေဆို ရင် ရပ်ချင်သလိုရပ်ထားတယ်။ပေါက်တောဝ မီးပွိုင့်နားမှာ
ဆိုရင် နေ့တိုင်းတစ်စီးတောင်မကဘူး။နှစ် စီးယှဉ်ရပ်ထားကြတာ။ ရပ်ထား ရင်လည်း တစ်စီးတလေမဟုတ် ဘူး။ အုပ်စုလိုက် ဆယ်စီးလောက် တန်းပြီး ဒီအတိုင်းရပ်ထားကြ တယ်။ မောင်းပြီဆို
ရင်လည်း ဝရုန်းသုန်းကားနဲ့ မောင်းချင်သလို မောင်းကြတယ်။

ဒီလို မောင်းချင် သလိုမောင်း ရပ်ချင်သလိုရပ်နဲ့ စည်းမဲ့ကမ်း
မဲ့မောင်းနေတာတွေ ကို ဒီအတိုင်းသာဆက်ကြည့်နေ ကြမယ်ဆိုရင်တော့ ဒီလမ်းကို အသုံးပြုနေကြရတဲ့သူတွေအတွက် အလွန်စိုးရိမ်ဖွယ်ရာပါ။ ဒါတွေ ကို ဘယ်သူတွေက တာဝန်ယူ ဖြေရှင်းပေးမှာလဲ။ ဘယ်သူတွေမှာ တာဝန်ရှိလဲ။

တာဝန်ရှိတယ်ဆိုသူ တွေလည်း ဒီကမ်းနားလမ်းမှာ ည ၈ နာရီ နောက်ပိုင်းဘယ်လိုတွေ ဖြစ်နေသလဲဆိုတာကို အရင်က လာမကြည့်အားဘူးဆိုရင်လည်း ယခု တစ်ရက်လောက်လာကြည့်
စေချင်ပါတယ်။ အခုဆိုရင်တချို့ မီးပွိုင့်တွေမှာ ကိုယ့်ဘက်က စိမ်း နေတာတောင် စိတ်ချလက်ချ ဖြတ်မမောင်းရဲတော့သလို လမ်း ဘေးမှာနေထိုင်သွားလာနေကြ တဲ့သူတွေဆိုရင်လည်း အသက်ကို ဖက်နဲ့ထုပ်ထားရသလို အနေအ ထားဖြစ်နေပါပြီ""ဟု သုံးသပ်ပြော ကြားသည်။

ကုန်သေတ္တာတင်ယာဉ်များ နှင့် ယာဉ်+ကုန်(၉)တန်အထက် ကုန်သေတ္တာတင်ယာဉ်များဝင် ခွင့်ပြုထားသော အောက်မင်္ဂလာဒုံ လမ်း၊ သံသုမာလမ်း၊ ဘုရင့်နောင် လမ်း၊ ကမ်းနားလမ်း၊ ရှုခင်းသာ လမ်း၊ ဧရာဝဏ်လမ်းနှင့်သုဓမ္မာ လမ်းတို့ဖြစ်ပြီး ယင်းလမ်းများ
တွင် နေ့ခင်းဘက်တွင် ဖြတ်သန်းသွား လာအသုံးပြုခွင့်မရှိတော့ဘဲ ည ၉ နာရီမှ နံနက် ၆ နာရီအထိသာ ဖြတ်သန်းအသုံးပြုခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်+ကုန် ၉ တန်နှင့် အောက်ဝင်ရိုးနှစ်တန်း၊ ခြောက် ဘီးကုန်တင်ယာဉ်များသည် သတ် မှတ်ခွင့်ပြုထားသောလမ်းကြောင်း များတွင် ၂၄ နာရီသွားလာခွင့်ပြု မည်ဖြစ်ကြောင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်တိုင်းဒေသ ကြီးသယ်ယူ ပို့ဆောင်ရေးနှင့်ကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

သုံးတန်အထက်ယာဉ်များ အနေဖြင့်ဝင်ရောက်ခွင့်မရှိသော လမ်းများသို့ ဝင်ရောက်ကုန်စည်ပို့ ဆောင်ရန် မဖြစ်မနေလိုအပ်သော ကုန်တင်ယာဉ်များအနေဖြင့် လုပ် ငန်းလိုအပ်ချက်အရ ကညနထုတ် ပေးသည့်မော်တော်ယာဉ်စစ်ဆေး ချက်သက်သေခံ
လက်မှတ်ပူးတွဲ တင်ပြ၍ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ၊အင်ဂျင် နီယာဌာန(လမ်းနှင့်တံတား)ထံသို့ တင်ပြ၍ ခွင့်ပြုချက်တောင်းခံရ မည်ဖြစ်ပြီးခွင့်ပြုချက်ရမှသာ သွား လာရမည်ဖြစ်ကြောင်း ယင်းထုတ် ပြန်ချက်အရသိရသည်။

ကုန်တင်ယာဉ်များသည် အေးရှားဝေါကုန်သေတ္တာစခန်း နှင့်သီလဝါကုန်သေတ္တာစခန်းတို့ မှလှိုင်သာယာစက်မှုဇုန်၊ ရွှေလင် ပန်းစက်မှုဇုန်၊ တောင်ဥက္ကလာပ စက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်၊ မင်္ဂလာဒုံစက်ရုံများ၊ တောင်ဒဂုံ စက်ရုံများ၊ ဒဂုံဆိပ်ကမ်းစက်ရုံ များ၊ စော်ဘွားကြီးကုန်း၊ စက်ဆန်း လမ်းရှိ ဂိုဒေါင်များနှင့်သိုလှောင် ရုံများသို့ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်နေခြင်းဖြစ်သည်။

ပြည်လမ်း၊ ဦးဝိစာရလမ်း၊ အင်းယားလမ်း၊ ရှင်စောပုလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ကန်ပတ် လမ်း၊ ပါရမီလမ်း၊ အနော်ရထာ လမ်း၊ ကုန်သည်လမ်း၊ ဆူးလေ ဘုရားလမ်း၊ အထက်ပုဇွန်တောင် လမ်း၊ ရွှေဂုံတိုင်လမ်း၊ လေးထောင့် ကန်လမ်း၊ ရာဇဓိရာဇ်လမ်း၊ မင်း နန္ဒာလမ်း၊ ကမ္ဘာအေးစေတီလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ သံလွင် လမ်း၊ အလုံလမ်း၊ ဦးဘိုးလှိုင်လမ်း၊ ဝေဇယန္တာလမ်း၊ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ အလံပြဘုရားလမ်း၊ စက်ဆန်းလမ်း၊ ဗားဂရာလမ်း၊ အရှေ့ရွှေဂုံတိုင် လမ်း၊ ပင်လုံလမ်းနှင့် ဘုန်းကြီးလမ်း တို့သည် ကုန်သေတ္တာတင်ယာဉ် နှင့် ကုန်တင်ယာဉ်များမဝင်ရ သည့်လမ်းကြောင်းများ ဖြစ်သည်။

TTMT
#Democracytoday

Rate this item
(1 Vote)

Latest from Thura Soe

back to top