HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မြို့နယ်ပေါင်း ၃၁၆ မြို့နယ်တွင် ပြည်သူ့ ဝန်ဆောင်မှုရုံးများ ဖွင့်လှစ်ပြီး ဘတ်ဂျက်များ ခွဲဝေချထား

မြို့နယ်ပေါင်း ၃၁၆ မြို့နယ်တွင် ပြည်သူ့ ဝန်ဆောင်မှုရုံးများ ဖွင့်လှစ်ပြီး ဘတ်ဂျက်များ ခွဲဝေချထား

နေပြည်တော်၊ သြဂုတ် ၈

ပြည်သူ့ ဝန်ဆောင်မှုရုံး (OSS:One Stop Shop ရုံး)များ ဆောက်လုပ်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုနှင့် နေပြည်တော်ကောင်စီတို့သို့ ကျပ် ၁ ဒသမ ၅ ဘီလီယံစီ ဘတ်ဂျက်ခွဲဝေချထားပေးခဲ့ပြီး ဘဏ္ဍာနှစ်အလိုက် လိုအပ်သည်များ ထပ်မံထောက်ပံ့ဖြည့်ဆည်း ပေးလျက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောသည်။

သြဂုတ် ၈ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်းဟိန်းမှ မြို့နယ်များတွင် ဖွင့်လှစ်ထားရှိသော ပြည်သူ့ဝန်ဆောင်မှု (OSS) လုပ်ငန်းများ အောင်မြင်စွာ ဆက်လက်အကောင်အထည် ဖော်နိုင်ရေးအတွက်မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသနည်း၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) အတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းကိရိယာများနှင့် ရုံးလုပ်ငန်းသုံးအသုံးစရိတ်များအတွက် သီးခြားရန်ပုံငွေခွင့်ပြုချထား ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ် လျဉ်းသည့် မေးမြန်းမှုအပေါ် ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

 

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် OSS  ရုံးများ ဖွင့်လှစ်ရေးအတွက် စုပေါင်းရုံးများ ဆောက်လုပ်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု၊ နေပြည်တော်ကောင်စီတို့သို့ ကျပ် ၁ ဒသမ ၅ ဘီလီယံစီ ဘတ်ဂျက် ခွဲဝေချထားပေးခဲ့ကြောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်နယ်သုံးခုအတွက် ကျပ် ၂၂၆ ဒသမ ၃၃၁ သန်း၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ်အတွက် ၉၆ ဒသမ ၄၈ သန်း ထောက်ပံ့ခဲ့ကြောင်း ၎င်းက ပြောသည်။


၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကချင်ပြည်နယ်ရှိ မြို့နယ် ငါးရုံးအတွက် ရုံးသုံးပစ္စည်းများ၊ ပရိ ဘောဂများဝယ်ယူရန် ကျပ်သန်း ၇ဝ၊ ကရင်ပြည်နယ်ရှိ မြို့နယ် ရုံး ခြောက်ခုအတွက် ၁၂၅ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်ရုံး ခုနစ်ခုအတွက် ရုံးအဆောက်အအုံ ဆောက်လုပ်ရန် တစ်ရုံးလျှင် ကျပ် ၄၈ သန်းခန့်စီ၊ မီးစက်လေးလုံးအတွက် ၂၄ ဒသမ ၇၅ သန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ရုံးသုံးပရိဘောဂများဝယ်ရန် ကျပ် ၁ ဒသမ ၆၈၂၅ သန်း၊ ပဲခူးတိုင်းဒေသကြီး တွင် တောင်ငူမြို့နယ် ရုံးဆောက် လုပ်ရန် ကျပ်၂၄ ဒသမ ၇၅ သန်း၊ မကွေးတိုင်းဒေသကြီးရှိ မြို့နယ် ရုံး ၂၅ ရုံးအတွက် ပရိဘောဂများ ဝယ်ရန် ကျပ် ၁ ဒသမ ၆၉၃ သန်း၊ နှင့် ရုံးသုံးစက်ကိရိယာများ ဝယ်ယူရန် ကျပ် ၈၅ ဒသမ ၉၅ သန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် ရုံးစိုက်ရာမြို့နယ်များအတွက် ရုံးသုံးစက်ကိရိယာဝယ်ရန် ၂ ဒသမ ၈ သန်း၊ ရုံးသုံးပရိဘောဂဝယ်ယူ ရန် ကျပ် ၃ ဒသမ ၂၄ သန်း၊ ရခိုင် ပြည်နယ်ရှိ မြို့နယ်ရုံး ၁ဝ ရုံးအတွက် ရုံးသုံးပရိဘောဂများ ဝယ်ရန် ကျပ် ၁ဝ သန်း၊ ရှမ်းပြည် နယ် မြို့နယ်ရုံး ၅ဝ အတွက် ဥှ ရုံး ပြင်ဆင်တိုးချဲ့ရန် ကျပ် ၆၁၃ ဒသမ ၈ သန်း ထောက်ပံ့ပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။


''၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ ကချင်ပြည်နယ်ရှိ OSS ရုံး ၁၁ ရုံးအတွက် စက်ပစ္စည်းတွေ ရုံးသုံးပရိဘောဂတွေဝယ်ဖို့ ကျပ် ၁၅၂ ဒသမ ၄၅ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီး OSS ရုံး ၁၈ ရုံး အတွက် စက်ပစ္စည်းနဲ့ ပရိဘောဂ တွေဝယ်ဖို့ ကျပ် ၄၈ ဒသမ ၈၈၁ သန်း၊ ရှမ်းပြည်နယ် မိုင်းပန်မြို့ နယ်ရုံးအတွက် အဆောက်အအုံ ဆောက်ဖို့ ကျပ် ၂၅ သန်း၊ ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ချင်းပြည်နယ်မှာ ဟားခါးမြို့နယ်မှအပ ကျန်ရှစ်မြို့နယ်အတွက် စက်ကိရိယာနဲ့ ပရိဘောဂတွေသယ်ဖို့ တစ် မြို့နယ်လျှင် ၁၂ ဒသမ ဝ၆ သန်း စီခွဲဝေထောက်ပံ့ခဲ့ပါတယ်''ဟု ၎င်းက ပြောသည်။


ယခုအခါ မြန်မာတစ်နိုင်ငံလုံးတွင် မြို့နယ် စုစုပေါင်း ၃၃ဝ မြို့နယ်ရှိသည့်အနက် ၃၁၆ မြို့ နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံးများ ဖွင့်လှစ်ထားနိုင်ပြီး ဖွင့်လှစ် ရန် ၁၄ မြို့နယ်သာ ကျန်ရှိနေကြောင်း၊ ထိုသို့ကျန်ရှိနေရခြင်းမှာ နယ်မြေ အခြေအနေ မငြိမ်းချမ်းမှုကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ၁၃ မြို့ နယ်နှင့် ဌာနဆိုင်ရာရုံးများ အချင်းချင်းနီးကပ်စွာ တည်ရှိနေခြင်း ကြောင့် မဖွင့်လှစ်ဘဲထားရှိသည့် တစ်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

 

Rate this item
(0 votes)
back to top