HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရန်ကုန်တွင် မောင်းနှင်နေသည့် ကွန်တိန်နာယာဉ်နှင့် ကုန်တင်ယာဉ်များကို GPS စနစ် တပ်ဆင်ထိန်းချုပ်တော့မည်

ရန်ကုန်တွင် မောင်းနှင်နေသည့် ကွန်တိန်နာယာဉ်နှင့် ကုန်တင်ယာဉ်များကို GPS  စနစ် တပ်ဆင်ထိန်းချုပ်တော့မည်

ရန်ကုန် သြဂုတ် ၉

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကွန်တိန်နာယာဉ်များ အပါအဝင် ကုန်တင်ယာဉ်များကို GPS စနစ်တပ်ဆင်ကာ နည်းပညာအကူအညီရယူ၍ ထိန်းချုပ်ကြပ်မတ်နိုင်ရန်စီစဉ်နေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ကုန်စည်ပို့ဆောင်ရေးမော်တော် ယာဉ်ရုံးခွဲမှသိရသည်။ 

ရန်ကုန်တိုင်းအတွင်း လုပ်ငန်းလုပ် ကိုင်နေသောယာဉ်တန်ချိန် နှစ်တန်နှင့် အထက်ကုန်တင်ယာဉ်များ၊ ''က''ကုန်စည် မော်တော်ယာဉ်များအားလုံးတွင် GPS နှင့် အလုံးစုံမော်တော်ယာဉ် အာမခံ မဖြစ်မနေထားရှိရမည်ဖြစ် ကြောင်းကို ယခုနှစ်မတ်လအတွင်းက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကညွှန်ကြားထားပြီးဖြစ်ကြောင်းသိရသည်။


'' GPS  စနစ်တပ်ဆင်ပြီးယာဉ်တွေရဲ့ မောင်းနှင်တဲ့အရှိန်ကို ထိန်းသိမ်းပေးမယ်။ သတ်မှတ်ထားတဲ့လမ်းကြောင်းခွင့်ပြုထားတဲ့အချိန်မှာ စည်းကမ်းတကျ သွားလာမှုမရှိဘဲ စည်းကမ်းမဲ့သွားလာတဲ့ကွန်တိန်နာယာဉ်အပါအဝင်ကုန်တင် ယာဉ်တွေကို နည်းပညာအရထိန်းချုပ်နိုင် မှာ ဖြစ်ပါတယ်။ နောင်မှာကုန်တင် ယာဉ်တွေ သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်မှုကြောင့် လမ်းပျက်စီးမှု ယာဉ်အန္တရာယ်ဖြစ်ပေါ်မှုတွေကို ထိန်းချုပ်နိုင်စေဖို့နည်းပညာအရ တိုးမြှင့်စိစစ် ကြပ်မတ်ဆောင်ရွက်သွားနိုင်ဖို့ကိုလည်း အစီအစဉ်တွေ ရေးဆွဲထားပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၊ ကုန်စည်ပို့ဆောင်ရေး မော်တော်ယာဉ်ရုံး ခွဲမှတာဝန်ရှိသူတစ်ဦးက သြဂုတ် ၉ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။


ကွန်တိန်နာယာဉ်များအပါအဝင် ကုန်တင်ယာဉ်များအားလုံးတွင် GPS စနစ် တပ်ဆင်ရမည်ဖြစ်ရာ ထို GPS  များကို တပ်ဆင်ပေးမည့် ကုမ္ပဏီတင်ဒါကို၂ဝ၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းကခေါ်ယူခဲ့ပြီး ကုမ္ပဏီ ၁၉ ခုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်း ၁၉ ခုအနက် ၁ဝ ခုကို ပဏာမတင်ဒါအောင် ကုမ္ပဏီများအဖြစ်ရွေးချယ်ထားကြောင်း ၎င်းက ပြောသည်။


အဆိုပါပဏာမတင်ဒါအောင်မြင်ထားသည့်ကုမ္ပဏီ ၁ဝ ခုသည် ပြည်တွင်း ကုမ္ပဏီများနှင့် ပြည်တွင်း ပြည်ပဖက်စပ် ကုမ္ပဏီများဖြစ်ပြီး ယင်းကုမ္ပဏီ ၁ဝ ခု အနက်တစ်ခုကို ယခုနှစ်အတွင်း တင်ဒါ ရွေးချယ်မှုပုံစံအဆင့်ဆင့်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး လာမည့် ၂ဝ၁၉ ခုနှစ်စပိုင်းတွင် ကွန်တိန်နာယာဉ်များတွင် GPS  များ စတင်တပ်ဆင်နိုင်မည်ဟု ကုန်စည်ပို့ဆောင် ရေးမော်တော်ယာဉ်ရုံးခွဲမှတာဝန်ရှိသူကခန့်မှန်းပြောဆိုသည်။


ကွန်တိန်နာယာဉ်များတွင် GPS စနစ်တပ်ဆင်ပြီးပါက ရန်ကုန်တိုင်းအတွင်း ကုန်တင်ယာဉ်များ စည်းကမ်းလိုက်နာစွာ သွားလာမှုရှိမရှိ၊ Control Center မှ တစ်ဆင့် ကုန်စည်တင်ယာဉ်များအားလုံး၏အစီးအရေအတွက် ရောက်ရှိနေရာနှင့် အခြေအနေများကို တစုတဝေးတည်း အချိန်နှင့်တစ်ပြေးညီ ကွပ်ကဲနိုင်မည် ဖြစ်သကဲ့သို့ ယာဉ်ပိုင်ရှင်များအနေဖြင့် လည်း ယင်းတို့၏ကုန်စည်တင်ယာဉ်များ အား နည်းပညာအသုံးပြု၍ထိန်းကျောင်း ကွပ်ကဲနိုင်မည်ဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် မိမိအစီအစဉ်ဖြင့် GPS စနစ် တပ်ဆင်အသုံးပြုနေသည့် ကွန်တိန်နာယာဉ်များအပါအဝင် ကုန်တင်ယာဉ် စီးရေများစွာရှိနေပြီး GPS စနစ်တပ်ဆင်ခြင်းကို လက်မခံလိုသော ကွန်တိန်နာယာဉ်များအပါအဝင် ကုန်တင်ယာဉ်ပိုင်ရှင်များလည်းရှိနေကြောင်း ကုန် တင်ယာဉ်လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် ၇ ရက်က ထောက် ကြန့် ယာဉ်တိုက်မှုဖြစ်ပွားမှုနောက်ပိုင်းတွင် YBS ယာဉ်လိုင်းမျာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အလုံးစုံအာမခံအပြင် YBS ယာဉ်များအားလုံးတွင် ဇူလိုင် ၁၉ ရက်နောက်ဆုံးထား ငွေပုံးများတပ်ဆင် ရန်ညွှန်ကြားခဲ့ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ် ညှိနှိုင်းမှုဌာနတွင် မှတ်ပုံတင်ထားသည့် နှစ်တန်အထက်နှင့် ''က''ကုန်စည်လုပ် ငန်းလိုင်စင်ရယူထားသော ကုန်တင်ယာဉ် ခြောက်သောင်းကျော်ခန့်ရှိကြောင်း သိရ သည်။

TTMT

#democracytoday

Rate this item
(0 votes)
back to top