HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မြန်မာနိုင်ငံတွင် 'နိုင်ငံတော်အဆင့် အနုပညာပြတိုက်' ဖြစ်ပေါ်လာရန် ကြိုးပမ်းသွားမည်

မြန်မာနိုင်ငံတွင် 'နိုင်ငံတော်အဆင့် အနုပညာပြတိုက်' ဖြစ်ပေါ်လာရန် ကြိုးပမ်းသွားမည်

ရန်ကုန်၊ သြဂုတ် ၉

မြန်မာနိုင်ငံတွင် အနုပညာသီးသန့်ပြသသည့် 'နိုင်ငံတော်အဆင့် အနုပညာ ပြတိုက်' မရှိသေးသောကြောင့် အနုပညာပြတိုက်ဖြစ်ပေါ်လာရန် ကြိုးပမ်းသွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြတိုက် အတိုင်ပင်ခံ ဒေါ်နုမြဇံက ပြောကြားလိုက်သည်။ လက်ရှိပြသထားသည့် အမျိုးသားပြတိုက်များနှင့် ပြတိုက်များသည် (General Museum) အမျိုးအစား အစုံအလင်ပြသထားသောပြတိုက်များဖြစ်ပြီး အနုပညာပြတိုက် (Arts Museum) များမဟုတ်ကြောင်း သိရသည်။

''ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးကတော့ အနုပညာပြတိုက် (Arts Museum) ပါပဲ။ ကျွန်မတို့မြန်မာနိုင်ငံမှာတော့ နိုင်ငံတော်အဆင့် အနုပညာပြတိုက်မျိုး မရှိသေးပါဘူး။ ကျွန်မတို့အနေနဲ့ ဖွင့်လှစ်နိုင် အောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလည်း ချင်းချောင်းနန်းတော်မှာ National Arts Museum ဖြစ်အောင်လုပ်လိုတဲ့ ဆန္ဒတွေရှိနေပါတယ်။ ဒါ ကြောင့် မကြာမီပေါ်ပေါက်လာတော့မယ်'' ဟု ပြတိုက်အတိုင်ပင်ခံပညာရှင် ဒေါ်နုမြဇံက သြဂုတ် ၉ ရက်က အမျိုးသားပြတိုက်တွင် ပြု လုပ်သည့်''ပြတိုက်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲနှင့်ဆွေးနွေးပွဲ''တွင် ပြောသည်။


ပြတိုက်များသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ပြနေသောကြောင့် အလွန်အရေးပါကြောင်း သိရသည်။ ''နိုင်ငံတစ်နိုင်ငံရဲ့ယဉ်ကျေးမှု အဆင့်အတန်းကို အဲဒီနိုင်ငံရဲ့ ပြတိုက်တွေက ဖော်ပြနိုင်ပါတယ်။ ဒါအပြင် ပြတိုက်တွေပိုမိုဖွံ့ဖြိုး တိုးတက်လာဖို့ ပြတိုက်တွေကို ပြည် သူလူထုလူငယ်၊ လူရွယ်တွေ စိတ်ဝင်စားလာဖို့အခုလို သုတေသနစာတမ်းဖတ်ပွဲတွေကိုလည်း ကျင်းပပေးတာဖြစ်ပါတယ်''ဟု စာတမ်းဖတ်ပွဲစီစဉ်ကျင်းပသူ ဒေါ်ခင်သန်းဖြူက ပြောသည်။


အနုပညာပြတိုက်များတွင် ရိုးရာလက်ရာများပြသသည့် ပြတိုက်နှင့် ခေတ်ပြိုင်လက်ရာများ ပြသသည့်ပြတိုက်ဟု၍ ခေတ်အလိုက်၊ သက္ကရာဇ်အလိုက် လက်ရာများကို စုဆောင်းပြသရမည်ဖြစ်ကြောင်း၊ ပန်းပုဆို ပန်းပုသီးသန့်ပြသော ပြတိုက်များရှိကြောင်းနှင့် ရှေးဟောင်း အဆောက်အအုံများကို ပြတိုက် ပြုလုပ်ပါက အဆောက်အအုံ ကြံ့ခိုင်မှုအရ တက်ရောက်ကြည့်ရှုနိုင်မည့် လူအရေအတွက်များ ကန့်သတ်ထားရန်လိုအပ်ကြောင်း သု တေသနစာတမ်းဖတ်ပွဲတွင် ''အနုပညာပြတိုက်နှင့် ပန်းပုဥယျာဉ်'' ခေါင်းစဉ်ဖြင့် စာတမ်းဖတ်မည့် ပန်းချီခင်ဇော်လတ်က အကြံပြု ပြောကြားချက်ကို ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။ ''ပြတိုက်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲနှင့်ဆွေးနွေးပွဲ''တွင် သဘာပတိအဖြစ် ဦးမြင့်ကြိုင်မှ ပြုလုပ်ပြီး စာတမ်းရှင် ဒေါ်နုမြဇံ၊ ဒေါ်ခင်သန်းဖြူ၊ အောင်စိုးမင်း၊ ပန်းချီခင်ဇော်လတ်၊ ဦးအောင်မြတ် ဌေးတို့မှ စာတမ်းများဖတ်ခြင်း ဆွေး နွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

TTHL

#democracytoday

Rate this item
(0 votes)
back to top