တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအနီး ဝန်ထမ်းတန်းလျားတွင် လျှပ်စစ် မီးခလုတ်ခုံ အပူလွန်ကဲရာမှ မီးလောင်

တောင်ကြီး၊ သြဂုတ် ၉
ရှမ်း ပြည်နယ် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၏ အနောက်ဘက် ဝန်ထမ်းတန်းလျားတွင် သြဂုတ် ၉ ရက် မွန်းလွဲ ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော ကြောင့် အိမ်ခန်းသုံးခန်း မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။
''မီးလောင်မှုမှာ အဖေတို့ မိသားစုနေတဲ့အခန်း ပါသွားတယ်။စုစုပေါင်းအခန်း သုံးခန်းမီးလောင်သွားတယ်။ လူအသက်အန္တရာယ် ထိခိုက်မှုမရှိပါဘူး။ ပစ္စည်းတွေပဲ ပါသွားတာ။ အားလုံးဝန်ထမ်းတွေ နေကြတာပါ''ဟု မိသားစုဝင်တစ်ဦးဖြစ်သူ ဦးစိန်သောင်းက ပြောကြားသည်။ယခုမီးလောင်ကျွမ်းသည့် အခန်းများမှာ ပေ ၆ဝ x ၃ဝ အကျယ် မြေပေါ်၌ ဆောက်လုပ်ထားသည့် ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး တစ်ထပ်အိမ်ခန်းတန်းလျားများဖြစ်သည်။
''မီးစတင်လောင်ကျွမ်းမှုမှာ လျှပ်စစ်မီးခလုတ်ခုံ အပူလွန်ကဲရာမှ ဖြစ်ပွားခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ငွေကျပ် ၃၂ သိန်းဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။ မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးဌာနညွှန်ကြား ရေးမှူးဦးတင်မင်း၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးများနှင့် နယ်မြေခံရဲ တပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၈ဦး၊ ကြက်ခြေနီနှင့် မီးသတ်ဖွဲ့ဝင် ၃၃ဦး၊ မီးသတ်ကားယာဉ် ခုနစ်စီး၊ ရေသယ်ယာဉ် သုံးစီးတို့ ဖြင့် ပူးပေါင်းငြိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၁နာရီ ၄၅မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်မှ ဦးစောစိန်ဝင်းအား (ပ)၁၅ဝ/၂ဝ၁၈ရာဇသတ် ကြီးပုဒ်မ-၂၈၅ဖြင့် တောင်ကြီး နယ်မြေရဲစခန်းမှ အမှုဖွင့်ထား ကြောင်းသိရသည်။
SNM
#democracytoday