HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ကျောက်မဲတွင် ရဲအရာရှိ လိုက်ပါလာသည့် ကားပေါ်မှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကျောက်မဲတွင် ရဲအရာရှိ လိုက်ပါလာသည့် ကားပေါ်မှ  လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား တွေ့ရစဉ်။( ဓာတ်ပုံ- Zin Moe FB)

ရန်ကုန်၊ စက်တင်ဘာ ၁၁ 

ပြည်ထောင်စုလမ်းပေါ်တွင် ရဲအရာရှိတစ်ဦးလိုက်ပါလာသည့် ကားပေါ်မှ လက်နက်နှင့်မူးယစ် ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက် ပိုင်း)ကျောက်မဲမြို့နယ် သံပေါင်းကျေးရွာ မန္တလေး-မူဆယ်ကားလမ်း (ပြည်ထောင်စုကားလမ်းမကြီး)ပေါ် အိုရီယမ်တယ်လ်တိုးဂိတ်၌ တပ်မတော်မှလုံခြုံရေးဆောင်ရွက်နေစဉ် စက်တင်ဘာ ၁ဝ ရက် ညနေ က မူဆယ်မှနောင်ချိုသို့ တာမိုးညဲ ပြည် သူ့စစ်အဖွဲ့မှ တပ်သားအဆင့်ရှိသူ သောင်းဝေမောင်းနှင်ပြီး မူဆယ်ခရိုင်ရဲ တပ်ဖွဲ့လုံခြုံရေးတာဝန်မှူး ဒုရဲမှူးမိုးမြင့် နိုင်လိုက်ပါလာသည့် ပါဂျဲရိုးအမျိုးအစား ကိုယ်ပိုင်ယာဉ်အားစစ်ဆေးခဲ့ရာ ယာဉ်နောက်ခန်းအတွင်းမှ ICE ၂၅ ဂရမ်ခန့်၊ WY အမျိုးအစား ပန်းရောင်စိတ်ကြွရူး သွပ်ဆေးပြားနှစ်ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ပစ္စည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အရာရှိ စိစစ်ရေးကတ် ပြား၊ ဂျာမနီနိုင်ငံထုတ် ပစ္စတိုသေနတ်တစ်လက်၊ ကျည်ငါးတောင့်နှင့် ကျည်အိမ်တစ်ခုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ''ဌာနဆိုင်ရာတွေမပါဘူး။ ရဲလည်းမပါဘူး။ တပ်မတော်ကနေ စစ်ဆေးပြီးတော့မှဖမ်းမိတာ။ အိုက်စ်တို့ WY ဆေးပြားတွေတွေ့တယ်။ လက်ရှိမှာ မူးယစ်မှုတို့နဲ့ အမှုဖွင့်ထားတယ်။ ည ၁၂ နာရီမှ လာအမှုဖွင့်တာ။ ပေါ်ပေါက်ချက် တွေအပေါ်မူတည်ပြီးတော့ တရားစွဲသွားမှာပေါ့''ဟု ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ ၁၁ ရက်တွင် ပြောသည်။ အမှုမှပါဝင်သူ သောင်းဝေနှင့် ဒုရဲ မှူးမိုမြင့်နိုင်တို့ကို ရဲစခန်းအချုပ်တွင်ဖမ်းဆီးထားကြောင်း ၎င်းကဆက်လက်ပြောသည်။ ဒုရဲမှူးမိုးမြင့်နိုင်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့်အရေးယူရန် စီစဉ်နေကြောင်း ၎င်းကဆက်လက်ပြောသည်။ ယင်းအမှုနှင့်ပတ်သက်ပြီးကျောက်မဲ မြို့မရဲစခန်းမှ သောင်းဝေနှင့်ဒုရဲမှူး မိုမြင့်နိုင်တို့နှစ်ဦးကို မယ(ပ) ၂၄/၂ဝ၁၈၊ မူး/ စိတ်ပုဒ်မ- ၁၉(က)/၂၁ဖြင့်လည်းကောင်း၊ လက်နက်ဥပဒေဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top