HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရိုက်တာ သတင်းထောက်နှစ်ဦးနှင့် ရဲမှူးဟောင်း မိုးရန်နိုင်တို့ကို ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက နိုင်/ကျဉ်း အဖြစ် သတ်မှတ်ကာ ထောက်ပံ့ငွေပေးအပ်

ရိုက်တာ သတင်းထောက်နှစ်ဦးနှင့် ရဲမှူးဟောင်း မိုးရန်နိုင်တို့ကို ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက နိုင်/ကျဉ်း အဖြစ် သတ်မှတ်ကာ ထောက်ပံ့ငွေပေးအပ်

ရန်ကုန်၊ စက်တင်ဘာ ၁၂

ရိုက်တာသတင်း ထောက်နှစ်ဦးနှင့် ရဲမှူးဟောင်း မိုးရန်နိုင်တို့ကို နိုင်/ကျဉ်းအဖြစ်သတ်မှတ်ကာ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။ စက်တင်ဘာ ၁၂ ရက်က တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ပြုလုပ်သည့် ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း၏ (၃၄)ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲ တွင် ၎င်းတို့သုံးဦးကို ထောက်ပံ့ငွေများပေးအပ်ခဲ့ခြင်း ဖြစ်သည်။

''ရိုက်တာသတင်းထောက်တွေနဲ့ ရဲမှူးဟောင်းမိုးရန်နိုင်ကို ထောင်ချကတည်းက မချသင့်တဲ့ပြစ်ဒဏ်လို့ ကျွန်တော်တို့ယူဆတယ်။ သူတို့ကိုလည်း အမှန်တရားဘက်က ရပ်နေတဲ့သူတွေအဖြစ်လည်း အသိအမှတ်ပြုရမယ်။ သူတို့ကို နိုင်ငံရေး အကျဉ်းသားတွေအဖြစ်သတ်မှတ်ပြီး ထောက်ပံ့ငွေပေးအပ်တာပါ''ဟု ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းအတွင်းရေးမှူး ဦးကျော်အောင်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ဟံသာဝတီဦးဝင်းတင် သက်ရှိထင် ရှားရှိမည်ဆိုပါကလည်း ယခုကဲ့သို့ ဆောင်ရွက်မှုကိုလက်ခံ၍ သတင်းထောက်များဘက်မှ ယခုကဲ့သို့ ရပ်တည်သွားမှာဖြစ် ကြောင်း၊ ကွန်လွန်သွားသည့် ဟံသာဝတီ ဦးဝင်းတင်ဖွဲ့စည်းထားသည့် ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက ၎င်းကိုယ်စား အသိအမှတ်ပြုပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။


ဦးမိုးရန်နိုင် (ဒုရဲမှူးဟောင်း)၊ ရိုက်တာသတင်းထောက် ကိုကျော်စိုးဦး၊ ရိုက်တာသတင်းထောက် ကိုဝလုံးတို့နှင့်အတူ နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သည့် ဦးသောင်းနိုင်၊ ဒေါ်စန်းအေးသွယ်၊ ဦးကျော်စိုး၊ ဦးအေးငွေ၊ ဦးစိုးမြင့်၊ ကိုသီဟတို့ကို ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းက ထောက်ပံ့ငွေ တစ်ဦးလျှင်နှစ်သိန်းစီ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ရန်ကုန်မြို့ရှိ NLD လူငယ်ဘုံရိပ်သာကိုလည်း ထောက်ပံ့ငွေသုံး သိန်းလှူဒါန်းခဲ့ကြောင်းသိရသည်။ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းအနေဖြင့် ယနေ့အထိ ထောက်ပံ့ငွေပေးအပ်မှု (၃၄)ကြိမ်ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် စာနယ်ဇင်းသမား စုစုပေါင်း ၈၃၇ ဦးတို့ကို ငွေကျပ် ၂ဝ၃၁ သိန်း ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

NT

#democracytoday

Rate this item
(0 votes)
back to top