HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မြေပါမစ်အတုဖြင့် လိမ်လည်ရောင်းချသူ သုံးဦးကို ဒလတွင်မိ  

မြေပါမစ်အတုဖြင့် လိမ်လည်ရောင်းချသူ သုံးဦးကို ဒလတွင်မိ   

ရန်ကုန်၊ စက်တင်ဘာ ၁၃- ဒလ မြို့ပေါ်တွင် မြေချပါမစ်အတုဖြင့် လိမ်လည်ရောင်းချသူ သုံးဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒလ မြို့နယ်၊ တပင်ရွှေထီး ရပ်ကွက်ရှိ မြေတိုင်း-၁၊ မြေကွက် အမှတ်-၃၈၊ ပေ (၄ဝx၆ဝ) မြေကွက်ကိုနိုင်ငံ တော်မှနှစ် ၆ဝ ဂရန်ချထားပြီး ဟုဆိုကာ ယင်းမြေကွက်အားပါမစ် အတုဖြင့် လာရောက်ရောင်းချ သည့် လှိုင်မြို့နယ်နေထိုင်သူများ ဟုဆိုသူ ဦးကံသာပါ ငါးဦးအားအ ရေးယူပေးရန် တိုင်တန်းခဲ့ကြောင်း ဒလမြို့နယ်တွင် နေထိုင်သည့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင် မှုအသင်း၊ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးထွန်းလင်းကျော်က ပြောသည်။

ထိုသို့တိုင်တန်းချက်အရ စက် တင်ဘာ ၁၂ ရက်က ၎င်းတို့ငါးဦး ဒလမြို့နယ်သို့ ရောင်းချရန်လာ စဉ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ရာဦးကံ သာအပါအဝင် သုံးဦးအားဖမ်းမိ ခဲ့ပြီးကျန်နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း၊ ဖမ်း ဆီးရာတွင်ကားနှစ်စီးနှင့်အတူ ကားပေါ်မှနှစ် ၆ဝ မြေဂရန်အတု များ၊ ပါမစ်မူရင်းအတုများနှင့် အတုပြုလုပ်ရာတွင် အသုံးပြု သည့် ပစ္စည်းများပါသိမ်းဆည်းရ မိကြောင်း ၎င်းကပြောသည်။ ပါမစ်အတုများဖြင့် စရန်ငွေ ယူပြီး ပဲခူး၊ မန္တလေး၊ လှိုင်သာယာ မြို့နယ်ရှိ မြေကွက်များကိုပါရောင်း ချခဲ့ကြောင်း ၎င်းကဆက်လက် ပြောသည်။


မြန်မာနိုင်ငံ အိမ်ခြံမြေဝန် ဆောင်မှုအသင်း၊ အဖွဲ့ဝင်တစ် ဦးဖြစ်သူ ဦးထွန်းလင်းကျော်က '' နှစ် ၆ဝ မြေဂရန်ထွက်ပြီးသား မြေ ကွက်ကို ပါမစ်အတုလုပ်ပြီးလာ ရောင်းတာ။ ကျွန်တော်တို့ဒလမှာ ပါမစ်အတုတွေ၊ ဂရန်အတုတွေနဲ့ လာရောင်းပြီး လိမ်သွားတာ မကြာခဏကြားရတယ်။ ဒလအ ရောင်းအဝယ် လောကမှာနာမည် ကြီးတဲ့သူတွေတောင် ကျပ်သိန်း နှစ်ရာကျော်နဲ့ အဲဒီလိုလိမ်ပြီး ရောင်းသွားတဲ့အဖွဲ့တွေကို အများ ကြီးကြုံရတယ်'' ဟု ဒီမိုကရေစီ တူဒေးသို့ စက်တင်ဘာ ၁၃ ရက် တွင်ပြောသည်။ အဆိုပါမြေချပါမစ်ကို မြို့ နယ်အိုးအိမ်ဌာနသို့ သွားရောက် စစ်ဆေးရာ လက်ရေးလက်သားမူ၊ ထုတ်လုပ်သည့် ခုနှစ်နှင့်အရာရှိ လက်မှတ်တို့မှာ အတုဖြစ်သည် ဟု အတည်ပြုကြောင်း ၎င်းက ဆက်လက် ပြောသည်။


အဆိုပါ အဖွဲ့များသည်လွန်ခဲ့ သည့် တစ်လခန့်က ဒလမြို့နယ် သို့ လာရောက်ကာမြေကွက်အ လွတ်များကို လိုက်လံကြည့်ရှု ကြောင်း၊ မြေကွက်အလွတ်များ သည်သန့်ရှင်းနေပါက အနီးအနား တွင် ပိုင်ရှင်ရှိသည်ဟုယူဆပြီး မြေကွက်အလွတ်များက ချုံထူ ထပ်နေပါက ပိုင်ရှင်အနီး၌မရှိဟု ယူဆကာ ယင်းမြေကွက်များ၏ ဇာစ်မြစ်ကိုလိုက်ကာ မြေကွက် နံပါတ်စုံစမ်းပြီး ပုံစံတူပါမစ်ထုတ် ၍ ပေါက်ဈေးထက် လျှော့ရောင်း ကာ စရန်ငွေအရင်ချခိုင်းကြောင်း၊ စရန်ငွေရပြီးပါက ¤င်းတို့ပျောက်ဆုံး သွားကြောင်း ၎င်းကပြောသည်။


ဒလမြို့မရဲစခန်း၊ခေတ္တစခန်း မှူးရဲအုပ်သက်နိုင်အေးက ''သူတို့ အဖွဲ့က သုံးယောက်မိထားတယ်။ စစ်ဆေးလို့ ထပ်ဖော်ရင်ထပ်ဖမ်း မှာပေါ့။ ဒီကိစ္စဟာနှစ်ယောက် သုံးယောက်နဲ့ လုပ်လို့မရတဲ့ဟာ တွေ။ သူတို့ကကျပ်သိန်း ၁၅ဝဝ တန်တဲ့ဟာကိုကျပ်သိန်း ၇ဝဝ နဲ့ လာရောင်းတယ်။ ကျပ်သိန်း၇ဝဝ လောက်ရောင်းပြီး ဦးသူရမယ်။ စရန်ပိုချတဲ့သူ အရင်ရမယ်ဆိုပြီး ဥပမာ စရန်ငွေသိန်းတစ်ရာလောက် ချမယ်ဆိုရင်ဒီကောင်ယူပြီးသွား တယ်။ အကြေချမယ်ဆိုရင်ဒီကောင် တွေကမလာတော့ဘူး။ အဲဒီလိုစရန် ငွေတွေပဲ လိမ်ယူသွားတဲ့အုပ်စုတွေ။ ဂရန်အတုတွေကိုတော့ သူတို့ကား ထဲက သိမ်းမိတယ်။ ဟုတ်၊ မဟုတ် ထပ်စစ်ဆေးရမယ်။ အတုဖြစ်ဖို့ များတယ်''ဟု ပြောသည်။ ယင်းအမှုနှင့်ပတ်သက်ပြီး ဒလ မြို့မရဲစခန်းမှ (ပ) ၇၇၁/၂ဝ၁၈၊ လိမ်လည်မှုပုဒ်မ ၄၂ဝ၊ အတု ပြုလုပ်မှုပုဒ်မ ၄၆၈ ဖြင့်ဖမ်းမိသူ များကို အမှုဖွင့်အရေးယူထားသည်။


ဒလမြို့နယ်အတွင်း အိမ်ခြံ မြေဈေးမှာ ငြိမ်နေပြီးယခင်ကပေ ၅ဝ ပတ်လည် မြေကွက်တစ်ကွက် လျှင်သိန်း ၈ဝဝ ၊ ၉ဝဝ ရှိခဲ့ရာမှ ယခုအခါကျပ်သိန်း ၆ဝဝ ကျော် သာရှိကြောင်း စုံစမ်းသိရသည်။ ယခုနှစ် သြဂုတ်လအတွင်း ကလည်းဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက်ရှိ မြေကွက်တစ်ကွက်ကို မြေချပါမစ်အတုဖြင့် ငွေကျပ်သိန်း ၄ဝဝ အပြီးချေရောင်းချခဲ့သေး ကြောင်းသိရသည်။  ဒလမြို့နယ်အတွင်း အိမ်ခြံ မြေဈေးကွက်မှာ အဝယ်သိပ်မထွက် ဘဲဈေးကျနေကြောင်း ဒလမြို့နယ် နေအိမ်ခြံမြေအကျိုးဆောင် လုပ် ကိုင်သူဦးခင်ဇော်က ပြောသည်။


''အခုလက်ရှိမှာ စီးပွားရေး က ကျပ်တည်းနေတဲ့ချိန်။ ဒလ တံတားစီမံကိန်းကို မျှော်ကိုးပြီး တော့ဝယ်ထားကြတာ။ တံတား က ဟိုနေ့ထိုးမယ် ဒီနေ့ထိုးမယ်နဲ့ မဖြစ်သေးတော့ ဈေးကွက်တွေက ဘယ်သူမှ မကစားရဲကြဘူး။ဈေး ကျလို့အလုပ်မဖြစ်တဲ့အထဲ ဒီ ကြားထဲမှာ လိမ်လည်နေတဲ့လူက ပါမစ်တွေ ဂရမ်တွေအတုကိုင်ပြီး တော့ ဈေးပေါပေါနဲ့လာရောင်း။ ဈေးပေါပေါနဲ့ လာရောင်းတော့ ဝယ်တဲ့လူတွေက မိတာပေါ့ '' ဟု ၎င်းက ဒီမိုကရေစီတူဒေးသို့ ပြော သည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top