HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

စစ်ကိုင်းတိုင်းတွင် ယခုနှစ်အတွင်း အမျိုးသမီးသုံးဦး တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရပြီး တရားခံလေးဦး ဖမ်းဆီးနိုင်ခဲ့

စစ်ကိုင်းတိုင်းတွင် ယခုနှစ်အတွင်း အမျိုးသမီးသုံးဦး တရုတ်နိုင်ငံသို့  လူကုန်ကူးခံခဲ့ရပြီး တရားခံလေးဦး ဖမ်းဆီးနိုင်ခဲ့

စစ်ကိုင်း၊ စက်တင်ဘာ၁၃-စစ်ကိုင်း တိုင်းဒေသကြီးတွင် ယခုနှစ် အတွင်း အမျိုးသမီးငယ်သုံးဦး တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရပြီး လူကုန်ကူးပို့သူ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ကိုရဲတပ် ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၃ ရက်က မုံရွာမြို့ မြို့တော်ခန်းမတွင်ကျင်းပ သော ခြောက်ကြိမ်မြောက် မြန်မာ နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

''လူကုန်ကူးခံရတာဟာ အမျိုးသမီးအများစုဖြစ်ပါတယ်၊ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာအရ လူကုန်ကူးခံရမှုမှာ မြန်မာနိုင်ငံက နံပါတ် ၁၈ မှာရှိနေပါတယ်'' ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြော ကြားသည်။ ၂ဝ၁၇-၁၈ ဘဏ္ဍာရေးနှစ်က စစ်ကိုင်းတိုင်းတွင် အမျိုးသမီးငါးဦးလူကုန်ကူးခံခဲ့ရပြီးယခုနှစ်တွင် သုံးဦးလူကုန်ကူးခံရကာ ပြန်လည် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို ထောက်ပံ့ကြေးငွေကျပ် ၃ဝ၈ဝဝဝဝ ပေးအပ်ခဲ့သည်။ လူကုန်ကူးခံရသော အမျိုးသမီး၊ အမျိုးသားကလေးသူငယ်တို့သည်။ အဓမ္မအလုပ်ခိုင်းခြင်း၊အဓမ္မလက် ထပ်ခြင်း၊လိင်ပိုင်းဆိုင်ရာခေါင်းပုံ ဖြတ်ခြင်း၊ မွေးစားခြင်း၊အကြွေးဖြင့် စေခိုင်းခြင်း၊ အငှားကိုယ်ဝန်ဆောင် ခြင်းများခံရကြောင်း သိရသည်


ယခုနှစ်အတွင်း တရုတ်နိုင်ငံ အတွင်းသွားရောက်အလုပ်လုပ် ကိုင်မည့် စစ်ကိုင်းတိုင်းမှအမျိုးသား၊ အမျိုးသမီး ၁၁၃ ဦးကို လူကုန်တား ရဲတပ်ဖွဲ့မှမုံရွာ-ရေဦးလမ်း ဘုတလင် မြို့နယ်တိုးဂိတ်တွင်လည်းကောင်း၊ မုံရွာ-မန္တလေးလမ်း မြင်းမူမြို့တိုး ဂိတ်တွင်လည်းတားဆီး၍ နေရပ်သို့ ပြန်လွှတ်နိုင်ခဲ့ကြောင်း သိရသည်။  ၎င်းအပြင် တရုတ်နိုင်ငံနယ် စပ် လားရှိုး၊ မူဆယ်မြို့များသို့သွား ရောက်မည့် ကားများတွင်လည်း လူကုန်ကူးမှု ပညာပေးဇာတ်လမ်း တိုများကိုပြသရန် ကားဂိတ်များ အား ဖြန့်ချိပေးထားကြောင်းသိရ သည်။

KTS(MY)

#democracytoday

Rate this item
(0 votes)
back to top