HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တပ်မတော်ကို ထောက်ခံပြီး ပြည်ပစွက်ဖက်မှုများကို ဆန့်ကျင်သည့်ပွဲ မန္တလေးမြို့တွင် ကျင်းပ

တပ်မတော်ကို ထောက်ခံပြီး ပြည်ပစွက်ဖက်မှုများကို  ဆန့်ကျင်သည့်ပွဲ မန္တလေးမြို့တွင် ကျင်းပ

မန္တလေး၊ စက်တင်ဘာ ၁၃- မန္တလေး တိုင်းဒေသကြီး မြို့ချမ်းအေးသာ စံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ က ကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ပွဲကို စက်တင်ဘာ ၁၃ရက် နံနက် ၉နာရီကမဟာအောင် မြေမြို့နယ် ရှိ မနော်ရမံ္မလူထု ဟစ်တိုင်ကွင်း တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

''တပ်မတော်ကို ထောက်ခံ ခြင်းနဲ့ပြင်ပ စွက်ဖက်မှုတွေကိုကန့် ကွက်ခြင်းဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်။ အခုလိုလုပ်ဆောင်တာသည် တပ် မတော်ကိုထောက်ခံတယ်ဆိုတဲ့ အကြောင်းနဲ့ တပ်မတော်ရဲ့ လုပ် ဆောင်ချက်တွေ မှန်ကန်တဲ့အ ကြောင်း ပြည်သူတွေသိစေချင် တယ်''ဟု ချမ်းအေးသာစံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌဦးသန်း လွင်က ပြောကြားသည်။


ထောက်ခံပွဲတွင် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအနေဖြင့် ဟော ပြောမှုနှင့် ကြွေးကြော်မှုများ မပြု လုပ်ဘဲ ငြိမ်းချမ်းစွာဖြင့် ဗီနိုင်း ပိုစတာများကိုင်ဆောင်ကာ နှစ် နာရီအကြာ ပြုလုပ်ခဲ့သည်။ အဆိုပါထောက်ခံပွဲကို မြို့ နယ်ရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအပြင် အရန် အင်အားစုများလည်း ပါဝင်ခဲ့ ကြောင်း သိရသည်။

MTK

#democracytoday

Rate this item
(0 votes)
back to top