HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မှော်ဘီမဟာဝိဟာရ ဘုန်းတော်ကြီးကျောင်းကိစ္စ ဖေ့စ်ဘွတ်ခ်တွင် မဟုတ်မမှန် ရေးသားခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်း  

မှော်ဘီမဟာဝိဟာရ ဘုန်းတော်ကြီးကျောင်းကိစ္စ ဖေ့စ်ဘွတ်ခ်တွင် မဟုတ်မမှန် ရေးသားခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်း   

ရန်ကုန်၊ အောက်တိုဘာ ၈ 

မှော်ဘီ မဟာဝိဟာရဘုန်းတော်ကြီးကျောင်းနှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင် မဟုတ်မမှန်လုပ်ကြံသတင်းတင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ မဟာဝိဟာရဘုန်းတော်ကြီး ကျောင်းတွင် ကျောင်း၏အလုပ် အမှုဆောင်အဖွဲ့၊ မန်နေဂျာ ဦး ကျော်ဆွေ (၆၇) နှစ်သည် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး ပြင်ဆင်နေစဉ် ဖေ့စ်ဘွတ်ခ်ဖွင့် ကြည့်ရာ Khin Khin အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အကောင့်မှ အောက်တိုဘာ ၆ ရက်စွဲဖြင့် ''မှော်ဘီမြို့နယ် မဟာဝိဟာရကျောင်းတိုက်မှာ ဘုန်းကြီးများနှင့် သီလရှင်များ အတူနေတာကို ရပ်ကွက်နေ ပြည်သူများတိုင်ကြားချက်ကြောင့် ရဲများဘုန်းကြီးကျောင်းကို ဝင်ရောက် စစ်ဆေးပြီး ကျောင်းထိုင်ဆရာ တော်နှင့်ဘုန်းကြီး၊ သီလရှင်များကို လူဝတ်လဲဖမ်းဆီးလိုက်တယ်လို့သိရပါတယ်''ဟု စသဖြင့် စာသားများနှင့် မဟုတ်မမှန်သည့် ဓာတ်ပုံများသုံးကာ ရေးသား၍ ပို့စ်တင်ထားသည်ကို တွေ့ရှိရသ ဖြင့် ၎င်း၏အကောင့်ထဲသို့ ဝင်ကြည့်ရာ ဗုဒ္ဓသာသနာညိုနွမ်းစေ သည့် ဓာတ်ပုံများ၊ စာသားများ ရေးသားကာ အခြားပို့စ်များ တင်ထားသည်ကို တွေ့ရှိခဲ့သည်။

 

ယင်းနှင့်ပတ်သက်ပြီး အောက်တိုဘာ ၈ ရက်က မှောင်ဘီမြို့နယ်၊ မဟာဝိဟာရကျောင်းတိုက်ဖြစ်စဉ် အမှန်နှင့်ပတ်သက်ပြီး ကျောင်းတိုက်တာဝန်ရှိသူ၊ Khin Khin  အကောင့်ကို အသုံးပြုခဲ့ဖူးသည့် မခင်မာသန်း၊ ၎င်း၏မိသားစုဝင်နှင့် သူငယ်ချင်းတို့က ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ မခင်မာသန်းက ''စက်တင်ဘာ ၂၇ ရက်မှာ ကျွန်မရဲ့ဖေ့စ်ဘွတ်ခ်အကောင့်ကို နောက်ဆုံးသုံးခဲ့တာပေါ့။ စက်တင်ဘာ ၂၈ ရက် နေ့လယ်ရောက်တော့ ဖေ့စ်ဘွတ်အကောင့်ကို ဖွင့်ကြည့်တယ်။ ဖွင့်လို့မရတော့ဘဲနဲ့ ဖေ့စ်ဘွတ်ခ်က စာတစ်စောင်ပို့တယ်။ ကျွန်မအကောင့်ကို ဖေ့စ်ဘွတ်ခ်က နေ ခဏပိတ်ထားတယ်ဆိုပြီးတော့သိရလို့ ဒီအတိုင်းပဲထားလိုက်တယ်။ မသုံးဘဲနဲ့ ဘာမှမလုပ်ဘဲ ဒီအတိုင်းထားလိုက်တယ်။ အောက်တိုဘာ ၁ ရက်ကြတော့ သူငယ်ချင်းတွေကပြောတယ်။ဖေ့စ်ဘွတ်ခ်မှာ တစ်ခုတက်နေတယ်။ သုံးတာလားမေးလို့ ကြည့်လိုက်တော့ ပထမ ကျွန်မသုံးတဲ့ပရိုဖိုင်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မဓာတ်ပုံနဲ့ ချိန်းပြီးတော့ ကျွန်မနာမည်နဲ့။ဖေ့စ်ဘွတ်ခ်က အလိုလိုလော့ခ် အောက်ဖြစ်သွားတယ်။ ပြန်ဝင်တဲ့ချိန်မှာ အဲ့ဒီအချိန်မှာ စသိတာက ကိုယ့် Password က ဘယ်လိုမှဝင်လို့ မရတော့ဘူး''ဟု ပြောသည်။


၎င်းအနေဖြင့် ယင်းကဲ့သို့ ရေးသားတင်ခဲ့ခြင်းမရှိကြောင်း၊ ၎င်း၏ ဖေ့စ်ဘွတ်ခ်အကောင့်ကို ဟက်ပြီးခိုးယူခံရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ မဟာဝိဟာရ ဘုန်းတော် ကြီးကျောင်းတိုက်၊ အလုပ်အမှု ဆောင်အဖွဲ့၊ မန်နေဂျာ ဦးကျော် ဆွေက ''ဒါတွေကို ဒီအတိုင်း သည်းခံရင် အဟုတ်ထင်နေလိမ့်မယ်။ ဒါကို မဟုတ်တဲ့အကြောင်း ရှင်းမယ်ဆိုပြီးတော့ အမှုဖွင့်တာ ပေါ့။ Khin khin  အကောင့်ပိုင် ရှင်ကိုဖွင့်တာ''ဟု ပြောသည်။ ယခုလိုဖြစ်စဉ်မျိုး ကျောင်းတိုက်အတွင်း မကြားဖူး၊ မဖြစ်ဖူး ကြောင်း ၎င်းက ပြောသည်။


သို့ဖြစ်၍ မဟာဝိဟာရဘုန်း ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်၊ သံဃာတော်များနှင့် ကျောင်း၏ ဂုဏ်သိက္ခာကျဆင်းအောင် ဆက်သွယ်ရေးကွန်ရက်ကိုအသုံး ပြုပြီး မဟုတ်မမှန်သည့်သတင်းများ၊ ဓာတ်ပုံများရေးသားတင်သူ Khin Khin FB အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်အရေးယူ ပေးရန် မန်နေဂျာ ဦးကျော်ဆွေက မှော်ဘီမြို့မရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သည်။ ယင်းအမှုကို မှော်ဘီမြို့မရဲ စခန်းမှ (ပ) ၁၄၃၂/ ၂ဝ၁၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်ထားသည်။


မှော်ဘီမြို့မရဲစခန်း၊ အမှုစစ်ဒုရဲအုပ် ကျော်ကျော်က ''ကျောင်းဘက်ကနေ အမှုဖွင့်တယ်။ အ ကောင့်ပိုင်ရှင်ကလည်း ဖေ့စ်ဘွတ်ခ်ကနေ သူမဟုတ်ကြောင်း ပြန် Share တယ်။ သတင်းစာရှင်းလင်းပွဲကိုရော ရဲစခန်းကိုရော သူလာတယ်။ ဟက်တဲ့အချိန်တုန်းကလည်း ဖြေရှင်းထားတာရှိတယ်။ ဟက်ပြီးတော့ ဘယ်သူအသုံးပြုနေလဲဆိုတာ စုံစမ်းရမယ်။ မခင်မာသန်းကလည်း သက်သေအထောက်အထားတွေ တင်ပြပေးထားတယ်။ ညကမှ ဖြစ်တာဆိုတော့ စစ်ဆေးဆဲပဲရှိသေးတယ်။ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ဆိုက်ဘာတို့နဲ့ ဆက်သွယ်ပြီး တော့ လုပ်သွားမှာပါ။ ဖမ်းဆီးတာ တွေ မရှိသေးပါဘူး''ဟု အောက်တိုဘာ ၈ ရက်တွင် ပြောသည်။


မဟာဝိဟာရကျောင်းတိုက်သည် ''ရှေးနည်းရှေးကျသင်နည်း ခေတ်မီ'' ဟူသော ရှေးဆရာတော်ကြီးများ၏ အဆုံးအမအတိုင်း နေ့ပရိယတ်၊ ညပဋိပတ်ဖြင့် သာသနာ့တာဝန်များကို ထမ်းဆောင် နေသည့် စာသင်တိုက်ကြီးတစ်ခု ဖြစ်ပြီး ဝိနည်းအရာ၌ စံတင်လောက် သော ပရိယတ္တိစာသင်တိုက်ကြီး ဖြစ်ကြောင်း ကျောင်းတိုက်၏သတင်းထုတ်ပြန်ချက်အရသိရသည်။ ကျောင်းတိုက်အတွင်းရှိ ကျောင်းဆောင်များမှာလည်း အခန်းဖွဲ့ထားခြင်းမရှိဘဲ ဟောခန်းပုံစံသာ တည်ဆောက်ထားကြောင်း၊ ကျောင်းတိုက်ဧရိယာအတွင်း ညဘက်တွင် သီလရှင်အပါအဝင် အမျိုးသမီးများ ဝင်ရောက်ခြင်း၊ ညအိပ်တည်းခိုခြင်းမရှိရအောင် တင်းကျပ်စွာစည်းကမ်းထုတ်ထား ကြောင်း၊ ကျောင်းတိုက်တွင် အရုဏ်ဆွမ်းကပ်မည်ဟူသော အကြောင်း ပြချက်ဖြင့်ပင် အမျိုးသမီးများ ညအိပ်ခွင့်မရှိသော ကျောင်းတိုက်ဖြစ် ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

WYHW

#democracytoday

Rate this item
(0 votes)
back to top