HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဝန်ကြီးဌာနများမှ ပြဋ္ဌာန်းလိုက်သည့် စည်းမျဉ်းစည်းကမ်းများသည် ရင်းနှီးမြှုပ်နှံမှုများကို အတားအဆီး မဖြစ်စေရန် လိုအပ်ကြောင်း ညွှန်ချုပ် အကြံပြု

ဝန်ကြီးဌာနများမှ ပြဋ္ဌာန်းလိုက်သည့်  စည်းမျဉ်းစည်းကမ်းများသည် ရင်းနှီးမြှုပ်နှံမှုများကို  အတားအဆီး မဖြစ်စေရန် လိုအပ်ကြောင်း ညွှန်ချုပ် အကြံပြု

ရန်ကုန်၊ အောက်တိုဘာ ၈

ဝန်ကြီးဌာနများမှ ပြဋ္ဌာန်းလိုက်သည့် စည်းမျဉ်းစည်းကမ်းများသည် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် အဟန့်အတား၊ အတားအဆီးမဖြစ်ရန်လိုအပ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

''မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက် အခြေအနေကောင်း တွေနဲ့ ပြည့်စုံတဲ့ နိုင်ငံတစ်ခုအဖြစ် ဖန်တီးနိုင်ဖို့ ဝန်ကြီးဌာနအားလုံးကဝိုင်းပြီး လုပ်ပေးကြဖို့ လိုအပ်ပါတယ်။ အဓိက မေတ္တာရပ်ခံပြီးပြောချင်တာက ဝန်ကြီးဌာနတွေက တစ်ခါတလေလုပ်တဲ့ ကိစ္စတွေမှာ ကျွန် တော် အပြစ်ပြောတာ မဟုတ်ပါဘူး။ သဘောရိုးနဲ့ ပြောတာပါ။ ဝန်ကြီးဌာနတစ်ခုက စည်းမျဉ်းစည်းကမ်းတစ်ခု ပြဋ္ဌာန်းတယ်ဆိုရင် ပြဋ္ဌာန်းလိုက်တဲ့ စည်းမျဉ်းစည်းကမ်းက ရင်းနှီးမြှုပ်နှံမှုအတွက် အဟန့်အတားမဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ ဘာမှ အတားအဆီးမဖြစ်တဲ့ စည်းမျဉ်းစည်းကမ်းမျိုး ဖြစ်အောင် ဝိုင်းပြီးတော့ ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်'' ဟု အောက်တိုဘာ ၈ ရက်က နေ ပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားတွင် ယင်းသို့ပြော ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင် ရေးစီမံကိန်းကို ကာလတို၊ ကာလလတ်နှင့် ကာလရှည်ဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားရေးဆွဲထားရှိ ကြောင်းသိရသည်။ ဦးအောင်နိုင်ဦးက ''နှစ် ၂ဝ ဆွဲထားတာ ဖြစ်ပါတယ်။ ကာလတိုကတော့ လက်ရှိအစိုးရရဲ့ ကာလသက်တမ်း တစ်လျှောက်ပေါ့။ ၂ဝ၁၆-၁၇ ကနေပြီးတော့ ၂ဝ၂ဝ- ၂၁ အထိဆွဲထားတယ်။ ကာလလတ်က နောက်လာမယ့်အစိုးရ သက်တမ်း ငါးနှစ်၊ ကာလရှည်က တော့ နောက်ထပ်ပေါ်လာမယ့် အစိုးရတွေအားလုံး အစိုးရလေးဆက် ပေါ့။ လက်ရှိအစိုးရက ကာလတိုထဲမှာ အကျုံးဝင်ပါတယ်။ ဒီကာလတိုထဲမှာ ကျွန်တော်တို့လုပ်ရမယ့် ကိစ္စလေးတွေဆက်ပြီး အကောင် အထည်ဖော် ဆောင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအစိုး ရ ကာလအတွင်းမှာ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ပထမရည်မှန်းထားတယ်။ နှစ်စဉ်ရအောင် လုပ်သွားဖို့လည်း ရည်ရွယ်ချက်ထားပါတယ်''ဟု ပြောသည်။


၂ဝ၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂ဝ၂၅-၂၆ ဘဏ္ဍာနှစ် ကာလလတ်အပိုင်းတွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ ရည်မှန်းချက်ထား အကောင်အထည်ဖော်သွားရန်ရှိပြီး ကာလရှည်ကို နှစ်ပိုင်းခွဲခြားကာ၂ဝ၂၆-၂၇ ဘဏ္ဍာနှစ်မှ ၂ဝ၃ဝ-၃၁ ဘဏ္ဍာနှစ်တွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃ ဘီလီယံရည်မှန်းချက်ထားရှိကာ ၂ဝ၃၁- ၃၂ ဘဏ္ဍာနှစ်မှ ၂ဝ၃၅-၃၆ ဘဏ္ဍာနှစ်တွင် နှစ်စဉ် အမေရိ ကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံ ရည်မှန်းချက်ထားရှိကာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။

MP

#democracytoday

Rate this item
(0 votes)
back to top